ကိုဗစ်ရောဂါကူးစက်ခံရပြီး နာတာရှည်ရောဂါသည်တွေ အနေအထိုင် ဆင်ခြင်သင့်ပါတယ်

0
2005

ကိုဗစ်ရောဂါကူးစက်ခံရပြီး နာတာရှည်ရောဂါသည်တွေ အနေအထိုင်ဆင်ခြင်သင့်ပါတယ်။


လက်ရှိကိုဗစ်တတိယလှိုင်းဟာ မြန်မာနိုင်ငံမှာ ရောဂါကူးစက်သူတွေများခဲ့ပြီး အချိန်တစ်ခုထိ ရောဂါဟာ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပါတယ်။ ကိုဗစ်ရောဂါကူးစက်မှုတွေ ကျသွားတဲ့အချိန်မှာ ကာကွယ်ဆေးတွေ ထိုးသင့်ပြီး Maskတွေ ပုံမှန်တပ်သင့်ကြောင်းကို ဒေါက်တာ Steve (ထိုင်ဝမ်) ကအခုလိုပဲပြောခဲ့ပါတယ်။

“ ကိုဗစ်က မြန်မာနိုင်ငံမှာ ဖြစ်သင့်သလောက်လည်းဖြစ်ပြီးသွားပြီ၊ အားလုံးနီးပါးလည်းကူးပြီးသွားတဲ့အတွက် antibody တွေလည်း ရှိနေကြပြီ၊ ၃လကြာ ၆လကြာလို့ ကာကွယ်ဆေးတွေလည်းမထိုးကြဘူး၊ mask တွေလည်းမတပ်ကြဘူးဆို စတုတ္ထလှိုင်းကလာမှာပဲ” လို့ပြောပါတယ်။

ကိုဗစ်ရောဂါ ကူးစက်မှု ဖြစ်ပွါးပြီးတဲ့သူတွေထဲမှာမှ နာတာရှည်ရောဂါ အခံရှိတဲ့သူတွေမှာ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တဲ့ အတွက် အစားအသောက် အနေအထိုင် ဆင်ခြင်သင့်ကြောင်းကိုလည်း ဒေါက်တာက အခုလိုပဲပြောပြခဲ့ပါတယ်။

“ သွေးတိုး၊ ဆီးချိုလို နာတာရှည်ရောဂါ ရှိတဲ့သူတွေအနေနဲ့ ကိုဗစ်ဖြစ်ပြီးမှ မဟုတ်ပါဘူး၊ ပုံမှန်ဆိုလည်း အစားအသောက်၊ အနေအထိုင် ဆင်ခြင်ရပါမယ်။ ဆေးလည်း ပုံမှန်သောက်ရပါမယ်၊ ဆီးချို၊သွေးတိုး ပုံမှန်တိုင်းပေးရပါမယ်၊ ကိုဗစ်ဖြစ်ပြီးတဲ့ နောက်ပိုင်း၊ ဒီဗိုင်းရပ် ကိုယ့်ခန္ဓာ ကိုယ်ထဲဝင်ပြီးတဲ့နောက်ပိုင်း ဘယ်လောက်ထိ ကိုယ့်ခန္ဓာကိုယ် ထိခိုက်သွားလည်း ဆိုတာကို ကျွမ်းကျင်နားလည်တဲ့သူတွေ နဲ့ပြသပြီး ဆောင်ရန် ရှောင်ရန်တွေကို တိုင်ပင်သင့်ပါတယ်။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here