မောင်နှမတွေ တိုင်ပင်ပြီး မိဘအမွေဖြစ်တဲ့ အိမ်လေးကို ရောင်းချတော့မယ့် သရုပ်ဆောင်ခင်မို့မို့အေး

0
1542

မောင်နှမတွေတိုင်ပင်ပြီး မိဘအမွေဖြစ်တဲ့ အိမ်လေးကိုရောင်းချတော့မယ့် သရုပ်ဆောင်ခင်မို့မို့အေး


သရုပ်ဆောင်ခင်မို့မို့အေးဟာ သူမရဲ့ မိဘအမွေလေးဖြစ်တဲ့ မြောက်ဒဂုံ၂၈ရပ်ကွက်မှာ ရှိတဲ့ အိမ်ကလေးကို ရောင်းချဖို့ပြင်ဆင်နေပါတယ်။ အိမ်လေးရောင်းဖို့လုပ်ခဲ့တာနဲ့ပတ်သက်ပြီး အခုလိုပဲပြောပြခဲ့ပါတယ်။

“ ဒီအိမ်လေးက မေမေကအဲ့အိမ်လေးမှာပဲ ဆုံးသွားတာပေါ့နော်။ အဲ့ဒီအိမ်လေးက အမတို့ မောင်နှမလေးယောက်ခွဲဝေပြီး ထုခွဲရောင်းချ ဖို့က အကုန်လုံး ကလည်းမရောင်းချင်ဘူး အဲ့လိုမျိုးဖြစ်နေတယ်။ အဆင်ပြေလို့ရှိရင် ဒီနေရာလေးကို ရပ်ကွက်ဓမ္မာရုံလေးဖြစ်ဖြစ်၊ ဆွမ်းချက် ဓမ္မာရုံ လေးဖြစ်ဖြစ် အဲ့လိုမျိုးလေးလှူဖို့ဆိုပြီး ပထမဦးဆုံးက ရည်ရွယ်ထားတာပါ။ အခုနောက်ပိုင်း အဆင်မပြေတာက နှစ်နှစ်လောက် ဖြစ်နေတဲ့အခါကျတော့ မောင်နှမတွေတချို့ကလဲ အလုပ်မရှိတာတွေ ဖြစ်နေတော့ သူတို့ကိုလည်း ငဲ့ပြီး အမလည်း အဆင် မပြေတာတွေရှိတော့ အကုန်လုံရတိုင်ပင်ပြီး ဒီအိမ်လေးကို ထုခွဲရောင်းချဖြစ်တာပါ။” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here