ကလေးနှစ်ယောက် အတွက် ဘဝကိုအကောင်းဆုံး ကြိုးစားရှင်သန်သွားမယ် ဆိုတဲ့ နန်းမြတ်ဖြိုးသင်း

0
131

အဆိုတော် နန်းမြတ်ဖြိုးသင်းကတော့ သူမရဲ့ခင်ပွန်းဖြစ်သူ ကိုတာတာမျိုး ကွယ်လွန်သွားပေမယ့် ကလေးနှစ်ယောက်ရှိသေးတဲ့အတွက် ဘဝကို အကောင်းဆုံး ကြိုးစားဖြတ်သန်းသွားမှာ ဖြစ်တယ် ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလိုပဲရေးသားထားပါတယ်။

“ ကျမဘဝရဲ့အဓိပ္ပါယ် ခွန်အား ရှင်သန်ခြင်းလေးတွေ
ကျမယောက်ျားကိုသတိရတာပေါ့ လွမ်းတာပေါ့
ဒါပေမယ့်ယောက်ျားမရှိလို့စိတ်ပျက်အားငယ်တာမျိုးမဟုတ်ဘူး။
ကျမယောက်ျားထားခဲ့တဲ့ ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်း သူ့ရဲ့နာမည်ကောင်း အရိပ်အောက်မှာ ကျမကအကောင်းဆုံး ကြိုးစားပြီး ရှင်သန်ရပ်တည်ဦးမှာ ..လွမ်းတာတော့အမြဲလွမ်းနေမှာပဲ ။
သူနဲ့သွားခဲ့တဲ့နေရာ သူနဲ့ရှိခဲ့တဲ့အမှတ်တရတွေကဘယ်တော့ပျောက်ပျက်မသွားဘူး။
သူမရှိတော့လို့ကလေးတွေအတွက်ကျမနှစ်ဆကြိုးစားပီးရပ်တည်ရှင်သန်မယ်။
ကျန်နေသေးတဲ့ချစ်တဲ့သူတွေရဲ့ပံ့ပိုးမှုတွေနဲ့ပေါ့
လွမ်းတာ၊သတိရတာနဲ့ ပြိုလဲတာမတူပါဘူး။

ကျမချစ်ရတဲ့သားလေးနဲ့သမီးလေးအတွက်….” ဆိုပြီး စိတ်ပူနေတဲ့ ပရိသတ်တွေအတွက် ရေးသားထားပါတယ်။

#Popularjournal
Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here