စတူရီယိုခေတ်ဦး ဂီတပညာရှင်ကြီးတက္ကသိုလ်(ဦး)အေးမောင် ကွယ်လွန်

0
1089
“ ဘယ်ပန်းချီရေးလို့မမီ” သီချင်းနဲ့လူသိများခဲ့တဲ့ ပြည်သူချစ်တဲ့နိုင်ငံကျော်တေးသံရှင် စတူရီယိုခေတ်ဦး ဂီတပညာရှင်ကြီး တက္ကသိုလ်(ဦး )အေးမောင် (Reggie Ba Oo) (အန်ကယ်ဘိုအေး)ဟာ ဒီကနေ့ ဩဂုတ်လ ၉ ရက် မနက် ၁နာရီခွဲ အချိန် ၈မိုင်နေအိမ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။ သူဟာ သရုပ်ဆောင် ကျော်ဇင်ထွဋ်ရဲ့ ဦးလေးလဲဖြစ်ပါတယ်။
စာရေးဆရာကြီး သိန်းသန်းထွန်းရဲ့ ဝတ္ထုကို ရှုမဝရုပ်ရှင်မှ ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ ဒါရိုက်တာမောင်ဆွေတင့် ရိုက်ကူးခဲ့တဲ့ “ဘယ်ပန်းချီရေးလို့မမီ” ရုပ်ရှင်ကားရဲ့ ဇာတ်ဝင်တေးဖြစ်တဲ့ “ဘယ်ပန်းချီရေးလို့မမီ”သီချင်း (စာသား မောင်ဆွေတင့်)ကိုတက္ကသိုလ် အေးမောင် သီဆိုခဲ့ရာမှာလဲ မိဘမေတ္တာကို ဖော်ကျူးထားတဲ့ အဲဒီသီချင်းဟာ လူတိုင်းပါးစပ်ဖျားမှာ ကနေ့ထက်တိုင် တသသဖြစ်နေ ရသလို၊ ကဗျာဆရာမျိုးမြင့်ဆွေ၏ ဂျိန်းဖော်ပွဲတော် ကဗျာကို သံစဉ်ထည့်ထားတဲ့ သီချင်းဟာလည်း လူကြိုက်များခဲ့ပါတယ်။ Final year က မမ ( ကားပြာလေး ) သီချင်းလည်း အဲ့ဒီခေတ်က ပေါ်ပြူလာဖြစ်ခဲ့သည်။
တက္ကသိုလ်အေးမောင်ဟာ အဆိုအတီး စွယ်စုံရ ဂီတပညာရှင် တစ်ဦးဖြစ်တာနဲ့အညီ ဂီတတူရိယာ အားလုံးကို သူတစ်ယောက်ထဲ တီးခတ် ပြီး၊ သူကိုယ်တိုင်ပဲသီဆိုခဲ့တဲ့ “ချစ်အက္ခရာ”တေးစုဟာလဲ ပရိတ်သတ်အကြားမှာ အင်မတန်လူကြိုက်များခဲ့သလို၊ Multiple Recording အသံသွင်းနည်းပညာရဲ့ ရှေ့ဆောင်တစ်ခုလဲဖြစ်ခဲ့ပါတယ်။
တကိုယ်တော်ရေး ဆို တီး စနစ် မာတီပယ်စနစ်ကို မြန်မာပြည်တွင်စတင်ခဲ့သည့် စွယ်စုံဂီတပညာရှင် ကြွေလွင့်ခြင်းအတွက် နှမြော ဝမ်းနည်းရပါသည်။
#Popularjournal
Photo-crd


LEAVE A REPLY

Please enter your comment!
Please enter your name here