Thursday, April 30, 2026

မအူပင် (တောင်) သဘာဝဓာတ်ငွေ့မြေတွင် နည်းပညာသစ်အသုံးပြု၍...

​မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ လုံခြုံစိတ်ချရမှုနှင့် ပြည် တွင်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရန်လုပ်ဆောင်လျက်ရှိရာ ဧရာဝတီတိုင်း၊ မအူပင် (တောင်) ရေနံနှင့် သဘာဝဓာတ်ငွေ့မြေရှိ တွင်းအမှတ် (၁၄) မှ...

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းလောင်းပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယနေ့ နံနက်၇နာရီအချိန်တွင် ပုသိမ်မြို့သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးတွင် ကျင်းပခဲ့ကြောင်း...

ကိုရီးယားနိုင်ငံ လုပ်ငန်းခွင်အတွင်း သေဆုံးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦး...

ကိုရီးယားသမ္မတနိုင်ငံ၌ တရားဝင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားတစ်ဦး လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းအပေါ် ဇနီးဖြစ်သူအား လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ကိုရီးယားသမ္မတနိုင်ငံ ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့ရှိ သံမဏိ ပုံသွင်းစက်ရုံတစ်ရုံ၌...

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀...

"ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ"ဖွဲ့စည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်ကထုတ်ပြန်ခဲ့သည့် ခရိုင်အုပ်ချုပ်ရေးဆိုင်ရာညွှန်ကြားချက်၏ အပိုဒ် ၁၁ အားအစားထိုးကာ "ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ"ကိုဖွဲ့စည်းကြောင်း...
HomeNewsLocal Newsအောင်မြင့်မိုရ် ကိုဗစ်စင်တာတွင် ကိုဗစ်ရောဂါပိုး...

အောင်မြင့်မိုရ် ကိုဗစ်စင်တာတွင် ကိုဗစ်ရောဂါပိုး အခမဲ့စစ်ပေးနေ

ရန်ကုန်တိုင်းဒေသကြီး ဒဂုံတောင်ပိုင်း မြို့နယ်မှာရှိတဲ့ အောင်မြင့်မိုရ် ကိုဗစ် ၁၉ ရောဂါကုရေးစင်တာမှာ ကိုဗစ် ၁၉ ရောဂါပိုး ရှိ၊မရှိ ကို အခမဲ့ စစ်ပေးနေတယ်လို့ ယင်း ကိုဗစ်စင်တာ မှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အောင်မြင့်မိုရ် ကိုဗစ်စင်တာ အနီးက အောင်မြင့်မိုရ် ဓမ္မာရုံမှာ အပတ်စဉ် အဂ်ါနေ့ နဲ့ ကြာသပတေး နေ့တွေမှာ မနက် ၉ နာရီက စပြီး စစ်ဆေးပေးနေတာပါ။ မိမိထံမှာ ကိုဗစ်ရောဂါ ပိုး ရှိတယ်လို့ သံသယ ရှိသူ ဘယ်သူမဆို လာရောက် စစ်ဆေးနိုင်တယ်လို့ သိရပါတယ်။

အခု ကိုဗစ်တတိယလှိုင်းမှာ အောင်မြင့်မိုရ် ကိုဗစ်-၁၉ရောဂါ ကုသရေး စင်တာ ကို ဇူလိုင်လ(၂၀) ရက်က ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ လက်ရှိမှာ ကိုဗစ်လူနာ ၁၀၀ ကျော်ကို လက်ခံကုသပေးနေပေမယ့် လူနာများ ဆက်လက်တိုးချဲ့ လက်ခံကုသပေနိုင်ဖို့အတွက်ကိုလည်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

လူနာများကို ကောင်းမွန်စွာကုသရေးအတွက် လုံလောက်တဲ့ ဆရာဝန်၊ သူနာပြု၊ စေတနာ့ဝန်ထမ်းများ ရရှိရေး၊ လူနာများကို ကုသရာမှာ အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးအကြံပြုပေးနိုင်ရေး၊ အောက်ဆီဂျင် လုံလောက် စွာအချိန်မီရရှိနိင်ရေး၊ ရောဂါကုသရေးအတွက် ဆေးဝါး နဲ့ အထောက်အကူပစ္စည်းများ ထားရှိနိုင်ရေး၊ လူနာများအဆင်ပြေစွာ တက်ရောက်ကုသမှုခံယူနိုင်ရေး နဲ့ စင်တာရဲ့ အဆောက်အဉီပစ္စည်းများ သေသပ်ကောင်းမွန်စွာထားရှိရေး တို့ကိုလည်း ယင်း ကိုဗစ်စင်တာ မှ တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိပါတယ်။

အောင်မြင့်မိုရ် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ကို မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပွားစဉ် ကတည်း က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယင်းကာလမှာ စင်တာမှ ကိုဗစ်အတည်ပြု လူနာ(၂၅၀၀)လောက်ကို လက်ခံ ကုသပေးခဲ့ပါတယ်။ ကိုဗစ်ဒုတိယလှိုင်းမှာ အောင်မြင့်မိုရ် ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ အတွက် လိုအပ်သမျှ ကို OXYGEN Donors and Volunteers Group က ပံ့ပိုးလှူဒါန်းပေးခဲ့တာြဖစ်ပါတယ်။

အောင်မြင့်မိုရ် ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာ ကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ရဲ့ ဦးဆောင်လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရဲ့ စီမံပံ့ပိုးကူညီမှု နဲ့ ကျန်းမာရေးဉီးစီးဌာနမှ အနီးကပ်ကြီးကြပ်မှု တို့နဲ့ စေတနာ၊မေတ္တာ၊ ကရုဏာ အရင်းခံ ထားကြတဲ့ OXYGEN Donors and Volunteers Group၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများအသင်းချုပ်၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်၊ မြန်မာ-အိန္ဒိယ-တရုတ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး နဲ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း၊ မြန်မာနိုင်ငံဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့၊ ရွှေသံလွင်(SKY NET) တို့ဦးဆောင်ပြီး အခြားမိတ်ဖက် အသင်းအဖွဲ့များရဲ့ ပူးပေါင်းပါဝင်လှူဒါန်း ကူညီမှုများ နဲ့ ကိုဗစ်ရောဂါ ခံစားနေရတဲ့ ပြည်သူတွေကို ကုသပေးနိုင်ဖို့ ဖွင့်လှစ်ထားတာဖြစ်ကြောင်း သိရှိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071