နေပြည်တော်အဝင် စီလမ်းဆုံ မှ ဝင်လာသူ များ အနက် ပိုးတွေ့လူနာ နှစ်ဦးတွေ့ရှိထား

0
1251

 

နေပြည်တော် ဇွန် ၂၉

နေပြည်တော်အဝင်စီလမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးဂိတ်မှ နေပြည်တော်အတွင်းဝင်လာသူတွေအနက် မှ Covid-19 ပိုးတွေ့ရှိသူ နှစ်ဦး ရှိထားတယ်လို့ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

နေပြည်တော်သို့ လာရောက်သူများကို ဒက္ခိဏသီရိမြို့နယ်ရှိ စီလမ်းဆုံ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် Covid-19 ကူးစက်မှု ထိန်းချုပ် ကာကွယ်ရေးအတွက် အဖျားတိုင်းခြင်း၊ အာခေါင်တို့ဖတ်ယူခြင်း၊ RDT Test Kit စစ်ဆေးမှုများဖြင့် စစ်ဆေးဆောင်ရွက်မှုများကို ဇွန်လ ၂၁ ရက်နေ့မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့ချိန်ထိ နေပြည်တော်သို့ ဝင်လာသူပေါင်း ၇၀၀ ကျော်ကို စစ်ဆေးပေးခဲ့ကြောင်း၊ အဆိုပါ စစ်ဆေးပေးခဲ့သည့် လူဦးရေ ၇၀၀ ကျော်အနက် နှစ်ဦးတွင် Covid-19 ရောဂါဓာတ်ခွဲအတည်ပြု တွေ့ရှိခဲ့ရတာပါ။ ” ၂၁ ရက်နေ့ကနေ ဒီနေ့ထိ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ခဲ့တာမှာ လူဦးရေ ၇၀၀ ကျော်ရှိပါပြီ။ အဲ့ဒီထဲမှာမှ Stsy Home မြို့နယ်တွေကဝင်လာသူတွေဆိုရင် quarantine စင်တာကိုပဲပို့တာပါ။ အဲ့ထဲက ပိုးတွေ့တာမရှိသေးဘူး။ အခုပိုးတွေ့တာက ရန်ကုန်က အလုပ်လုပ်ဖို့ပြန်လာတဲ့ ဝန်ထမ်းတစိဦးရယ် မန္တလေးက လာတဲ့ သူတစ်ဦးရယ် အဲ့ဒီနှစ်ဦးမှာပဲ ပိုးတွေ့ထားပါသေးတယ်” အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

Stay Home သတ်မှတ်ထားသည့် မြို့နယ်များမှ နေပြည်တော်ကို ဝင်လာပြီး Quarantine စင်တာသို့ ပို့ဆောင်ထားသူဦးရေ ၃၀ ခန့်သာရှိကြောင်း၊ လက်ရှိ ဇွန်လ ၂၈ ရက်နေ့ထိတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် Stay Home မြို့နယ် စုစုပေါင်း ၁၁ မြို့နယ်ထိ ရှိလာနေပြီဖြစ်သညိ။


LEAVE A REPLY

Please enter your comment!
Please enter your name here