ကချင်ပြည်နယ်က ဗလမင်းထင်တံတား ဂိတ် တိုက်ခိုက်ခံရ

0
129
နေပြည်တော် ဇွန် ၂၄
မနေ့ညပိုင်း (၇)နာရီခွဲလောက်မှာ ကချင်ပြည်နယ်က ဗလမင်းထင် တံတား လုံခြုံရေး စခန်းကို တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
မိုင်းနားရွာအရှေ့ဘက် ကနေ လက်နက်ကြီး အချို့ကိုပါအသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တယ်လို့ နစက က ထုတ်ပြန်ပါတယ်။
တိုက်ပွဲ က (၁၅)မိနစ်လောက်ကြာမြင့်ခဲ့ပြီး တစ်ဖက်က အင်အား (၂၀)လောက်အသုံးပြု ပြီးလာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ညပိုင်းမှာတော့ ကချင်ဒေသခံတွေရဲ့အဆိုအရ တပ်မတော်က ရဟတ်ယာဉ်သုံးပြီးမြစ်ကြောင်းတလျှောက် လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here