ကြည့်ရှုအားပေးသူ ( ၃)သန်းကျော် ရှိတဲ့ပေ့ချ်လေး ပျက်စီးသွားတဲ့ အတွက် စိတ်မကောင်းဖြစ်နေတဲ့ ဟန်ထူးဈာန်

0
379

အဆိုတော် ဟန်ထူးဈာန်က သူရဲ့လက်ရှိအသုံးပြုနေတဲ့ HanHtooZenဟန်ထူးဈာန်ဆိုတဲ့ ပေ့ချ်လေးက Followers ၃သန်းကျော်သွားတဲ့ အချိန်မှာပဲ ပေ့ချ်အကောင့်ကဖွင့်လို့မရအောင် ပျက်စီးသွားခဲ့ပါတယ်။ပရိသတ်တွေအများကြီး နဲ့အမှတ်တရတွေ အများကြီးရှိတဲ့ ပေ့ချ်လေး ပျက်စီးသွားတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ကို သူ့ရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာ အခုလိုရေးသားထားပါတယ်။

“ အရမ်းကိုဝမ်းနည်းသောကရောက်ရပါတယ်

ကျွန်တော့်ရဲ့ 3 Millions ကျော်နေပြီဖြစ်တဲ့
#HanHtooZen ဟန်ထူးဈာန် ဆိုတဲ့ page လေး
ကျွန်တော့်ကိုအပြီးအပိုင်နူတ်ဆက်သွားပါပြီ

လုံးဝပျက်သွားပါပြီ ဘယ်လိုမှရှာလိုကိုလည်း
မတွေ့တော့ပါဘူးခင်ဗျာ

ပြန်ရဖိုကျွန်တော်ကြိတ်ကြိုးစားနေခဲ့တာကြာပါပြီ

အခုတော့တကယ်ကျိန်းသေသွားပြီမလိုဖွင့်ပြောပြတာပါ

Like တွေ Follow တွေများနေလိုနှမြောချင်းထက်

ကျွန်တော့ရဲ့ ဆယ်စုနှစ်တစ်ခုထိ
အမှတ်တရတွေနဲ့ပြည့်နေ အနုပညာလှုပ်ရှားမှုတွေ လုံးဝပြန်အစရှာမရတော့တာမလို အရမ်းဝမ်းနည်းမိတာပါ

ကျွန်တော့်ပရိတ်သတ်တွေနဲ့

အမြဲပျော်ခဲ့တဲ့ #SundayPMLive တွေ

ကျွန်တော့်ရဲ့ ကြိုးစားခဲ့တဲ့ #MV MusicVideo တွေ

ကျွန်တော်ရဲ့ အသက် 18 နှစ်တည်းတင်ပေးခဲ့တဲ့ပုံလေးတွေနဲ့ ချစ်ရတဲ့ #Comment လေးတွေ

ကျွန်တော့်ရဲ့ ထွက်ခဲ့တဲ့ ဘဝမှတ်တိုင်
Single Album တွေရဲ့ အမြိုမြိုအနယ်အနယ်တိုင်းမှာ ကျင်းပခဲ့တဲ့ #Promotion တွေ Live တွေ

#CELEBRITY Album
#နန်းNann Album Promotion တွေ

#အခြားဖျော်ဖြေရေးတွေ

#ကိုယ့်နိူင်ငံအတွက်ရပ်တည်ကြိုးစားပေးခဲ့တာတွေ

#CovidရောဂါဗဟုသုတLiveတွေ

#အားငယ်နေသူတွေအားတတ်စေဖိုပားပေးခဲ့တဲ့Videoတွေ

အဲ့ဒါတွေအတွက်ပိုဝမ်းနည်းမိပါတယ်

အခုတော့စိတ်ကိုဖြေထားပါတယ်
ကျွန်တော့်ရဲ့ လက်ဆွဲဆောင်ပုဒ်လေးအတိုင်းပေါ့

#အရာရာတိုင်းကကောင်းဖိုဖြစ်လာတာပါ

ကျွန်တော့ကိုဘာသာရေးဘက်က
မမေ့အောင်သတိပေးတာနေမှာပါ

ဘယ်အရာမှမတည်မြဲဘူးလေ 🙂

ကိုယ့်အနား/ကိုယ့်လက်ထဲရှိနေချိန်
အသက်ရှင်သန်နေချိန်အရာရာကို
ပိုတန်ဖိုးထားနော်

🙏🙏🙏🙏🙏

21.6.2021 #SaveTheDate “ လိုရေးသားထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here