Monday, June 22, 2026

ဥရောပတစ်ဝန်း အပူလှိုင်းကျရောက်၊ ပြင်သစ်တွင် အရက်သောက်သုံးမှု...

ဥရောပတစ်ဝန်းတွင် အပူလှိုင်းကျရောက်မှုကြောင့် အပူချိန်များ စံချိန်တင်မြင့်တက်လာခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အရက်သောက်သုံးမှု ကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခဲ့ပြီး ဂျာမနီတွင် နိုင်ငံလုံးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသကဲ့သို့...

မြန်မာရွှေ့ပြောင်းနေထိုင်သူများထိုင်းမှတ်ပုံတင်ကတ်စတင်ရရှိ

ထိုင်း-မြန်မာနယ်စပ်တလျှောက် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများသည် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသားမဟုတ်သော မှတ်ပုံတင်ကတ်များကို စတင်ရရှိနေကြသည်။          ထိုသမိုင်းဝင် အစီအစဉ်ကို ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီး က ချီးကျူးဂုဏ်ပြုခဲ့သည်။     ထိုင်းအစိုးရသည်...

ကာတာဓာတ်ငွေ့တင်ပို့ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်၊ လူ ၅၄ ဦးဒ-ဏ်ရာရခဲ့ကာ...

စစ်ပွဲအတွင်း အီရန်၏ ဗုံးဒ-ဏ်ခံခဲ့ရပြီးနောက် အလုပ်သမားများက လုပ်ငန်းပြန်လည်ပတ်ရန် ကြိုးစားနေသည့် ကာတာ၏ သဘာဝဓာတ်ငွေ့တင်ပို့ရာ အဓိကဆိပ်ကမ်းတွင် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလေ-ာင်ကျွမ်းခဲ့မှုကြောင့် လူ...

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား...

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်ထပ်တိုးသုံးစွဲခွင့်ပြုမည် ဖြစ်ကြောင်း...
HomeMoviesမိုင်းလားတွင် NSPNC နှင့်...

မိုင်းလားတွင် NSPNC နှင့် အထူးဒေသ(၄) ခေါင်းဆောင်များ တွေ့ဆုံ၊ ငြိမ်းချမ်းရေးပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလား အထူးဒေသ(၄)သို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း NSPNC ကိုယ်စားလှယ်အဖွဲ့သည် အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းနှင့် တာဝန်ရှိသူများအား တွေ့ဆုံခဲ့ပြီး အပြန်အလှန်နားလည်ယုံကြည်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မြှင့်တင်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် အစားထိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းများအပြင် ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အစိုးရသစ်အနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အဓိကဦးစားပေးဆောင်ရွက်လျက်ရှိပြီး အထူးဒေသ(၄)အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအား တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အဖွဲ့အစည်းများအကြား အပြန်အလှန်နားလည်ယုံကြည်မှုများကို ပွင့်လင်းရိုးသားသော ဆွေးနွေးမှုများနှင့် ညှိနှိုင်းဆောင်ရွက်မှုများမှတစ်ဆင့် တဖြည်းဖြည်း တိုးမြှင့်တည်ဆောက်သွားမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးထိန်လင်းကလည်း ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေး၊ ပညာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော်၏ မူဝါဒများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အပြုသဘောဆောင်စွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဥရောပတစ်ဝန်း အပူလှိုင်းကျရောက်၊ ပြင်သစ်တွင် အရက်သောက်သုံးမှု ပိတ်ပင်

ဥရောပတစ်ဝန်းတွင် အပူလှိုင်းကျရောက်မှုကြောင့် အပူချိန်များ စံချိန်တင်မြင့်တက်လာခဲ့ပြီး ပြင်သစ်နိုင်ငံတွင် အရက်သောက်သုံးမှု ကို တစ်စိတ်တစ်ပိုင်း ပိတ်ပင်ခဲ့ပြီး ဂျာမနီတွင် နိုင်ငံလုံးဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့ရသကဲ့သို့ စပိန်နိုင်ငံတွင်လည်း ကမ္ဘာ့ဖလားဘောလုံးပရိသတ်ဇုန်များကို ပိတ်သိမ်းခဲ့သည်။        ပြင်သစ်နိုင်ငံတွင် တနင်္ဂနွေနေ့၌ ဌာန သို့မဟုတ် ဒေသ ၉၆ ခုအနက် ၃၅ ခုတွင် အနီရောင်အဆင့် အပူလှိုင်းသတိပေးချက်များ ထုတ်ပြန်ရန် မျှော်လင့်ထားပြီး အနောက်တောင်ပိုင်း ပါရီဒေသမှသည်  Burgundy အထိ အပူချိန်များသည် ၃၉ ဒီဂရီဆဲလ်စီးယပ်စ်မှ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရောက်ရှိနိုင်ကာ အချို့ဒေသများတွင်...

မြန်မာရွှေ့ပြောင်းနေထိုင်သူများထိုင်းမှတ်ပုံတင်ကတ်စတင်ရရှိ

ထိုင်း-မြန်မာနယ်စပ်တလျှောက် ယာယီခိုလှုံရေးစခန်းများတွင် နေထိုင်သော မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများသည် ယခုသီတင်းပတ်တွင် ထိုင်းနိုင်ငံသားမဟုတ်သော မှတ်ပုံတင်ကတ်များကို စတင်ရရှိနေကြသည်။          ထိုသမိုင်းဝင် အစီအစဉ်ကို ကုလသမဂ္ဂဒုက္ခသည်မဟာမင်းကြီး က ချီးကျူးဂုဏ်ပြုခဲ့သည်။     ထိုင်းအစိုးရသည် နိုင်ငံသားမဟုတ်သူများကို တရားဝင်မှတ်ပုံတင်ကတ်များ စတင်ထုတ်ပေးနေခြင်းဖြစ်သည်။ ထိုကတ်ကိုင်ဆောင်ထားသူများကို “မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ” အဖြစ် တရားဝင် အသိအမှတ်ပြုသည်။      ဤအစီအစဉ်သည် ကမ္ဘာပေါ်တွင် အချိန်အကြာဆုံး ရွှေ့ပြောင်းနေထိုင်သူများထဲမှ တစ်ခုအတွက် လူ့အဖွဲ့အစည်းအတွင်း ပါဝင်မှု၊ အကာအကွယ်ရမှုနှင့် မိမိကိုယ်ကို မှီခိုအားထားမှုကို တိုးတက်စေမည်ဖြစ်သည်။     ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ဤမှတ်ပုံတင်ကတ်သည် စာရွက်တစ်ခုမျှသာမဟုတ်ဘဲ အကာအကွယ်ရမှု၊ လုံခြုံရေးနှင့် အခွင့်အလမ်းများအတွက်...

ကာတာဓာတ်ငွေ့တင်ပို့ဆိပ်ကမ်းပေါက်ကွဲမှုဖြစ်၊ လူ ၅၄ ဦးဒ-ဏ်ရာရခဲ့ကာ ၁၈ ဦး ပျောက်ဆုံးလျက်ရှိ

စစ်ပွဲအတွင်း အီရန်၏ ဗုံးဒ-ဏ်ခံခဲ့ရပြီးနောက် အလုပ်သမားများက လုပ်ငန်းပြန်လည်ပတ်ရန် ကြိုးစားနေသည့် ကာတာ၏ သဘာဝဓာတ်ငွေ့တင်ပို့ရာ အဓိကဆိပ်ကမ်းတွင် ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလေ-ာင်ကျွမ်းခဲ့မှုကြောင့် လူ ၅၄ ဦးထက်မနည်း ဒ-ဏ်ရာရခဲ့ကာ ၁၈ ဦး ပျောက်ဆုံးလျက်ရှိသည်။        ကာတာသည် ကမ္ဘာ့ထိပ်တန်းသဘာဝဓာတ်ငွေ့ထုတ်လုပ်သည့် နိုင်ငံများထဲမှ တစ်ခုဖြစ်နေဆဲဖြစ်သောကြောင့် ရပ်စ်လက်ဖန် စက်မှုဇုန်တွင် ပေါက်ကွဲမှုသည် ကမ္ဘာ့စွမ်းအင်ဈေးကွက်များတွင် ပိုမိုရှုပ်ထွေးမှုများဖြစ်ပေါ်စေနိုင်သည်။ စစ်ပွဲအတွင်း ဟော်မုဇ်ရေလက်ကြားကို အီရန်က ထိန်းချုပ်ခဲ့သောကြောင့် ကာတာသည် ၎င်း၏ ဖောက်သည်များထံ တင်ပို့မှုများမရောက်ရှိနိုင်သဖြင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားခဲ့သည်။        စစ်ပွဲအပြီးတိုင် အဆုံးသတ်ရန် ဆွေးနွေးမှုများဆက်လက်လုပ်ဆောင်နေချိန်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071