ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည်ထက် မြင့်မားမှု မရှိစေရေး ထိန်းသိမ်းကြပ်‌မတ်နေ ဟုဆို

0
443
နေပြည်တော် မေ ၃၀
လက်ရှိပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများလစဉ်၊ အပတ်စဉ် မြင့်တက်နေမှုများရှိနေသည်ကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် မြင့်မားမှုမရှိစေရေး၊ သင့်တင့်မျှတသည့်ဈေးနှုန်းများ ဖြစ်စေရေးတို အတွက် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦး စီးဌာနအနေဖြင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း(MPTA) နှင့် သက်ဆိုင်ရာကုမ္ပဏီ၊ အရောင်းဆိုင်တိုကို ထိန်းညှိဆောင် ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဌာန(ရုံးချုပ်)မှ သိရသည်။
ကမ္ဘာတွင် Covid-19 ရောဂါထိန်းချုပ်လာနိုင်မှုနှင့် ရေနံစိမ်းထုတ်လုပ်နိုင်မှုအခြေအနေများအရ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ ယခင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလက တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၃၉ ဒသမ ၅၅ ဒေါ်လာ ရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ မေလ၂၅ ရက်နေ့တွင်မူ တစ်စည်လျှင် ၆၆ ဒသမ ၀၇ ဒေါ်လာသို မြင့်တက်လာခဲ့ပြီး ကုန်ချောဈေးနှုန်းအနေဖြင့် ဓာတ်ဆီ(92 Ron)မှာလည်း ယခင်နှစ်၊ အောက်တိုဘာလက တစ်စည်လျှင် ၄၄ ဒသမ ၈၂ ဒေါ်လာ ခန့်သာရှိခဲ့ရာမှ ယခုနှစ် မေလ ၂၅ ရက်တွင်မူ တစ်စည်လျှင် ၇၅ ဒသမ ၂၅ ဒေါ်လာအထိ မြင့်ထက်လာခဲ့သည့်အပြင် ပြည်တွင်းငွေလဲနှုန်းမြင့်တက်လာမှု များကြောင့် ယခုလိုစက်သုံးဆီဈေးနှုန်း များမြင့်တက်နေ ရခြင်းဖြစ်ကြောင်း၊ ထိုသို ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုများကို ကြပ်မတ်ရာတွင် တွက်ချက်ရရှိသည့် ဈေးနှုန်းများနှင့် လက် ရှိရောင်းချနေသည့် ဈေးနှုန်းကွာခြားချက်ကိုကြည်၍ ဖြစ်သင့်ဖြစ်ထိုက်သည်ထက် ပိုမိုမြင့်မားမှုမရှိစေရေး ထိန်းသိမ်းကြပ်မတ် လျက်ရှိကြောင်း၊ ဖြစ်သင့်သည့်ဈေးနှုန်းထက် ပိုမိုမြင့်မားသည့်အခြေအနေဖြစ်ပေါ်လာပါ က သင်တင့်မျှတသည့် ဈေးနှုန်းများဖြစ်စေရေး မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ တင်သွင်းဖြန့်ဖြူး ရေးအသင်း(MPTA)နှင့် သက််ဆိုင်ရာကုမ္ပဏီ၊ အရောင်းဆိုင်တိုကို ဆက်လက် ထိန်းညှိဆောင်ရွက်စေရေး ကြပ်မတ်လျက်ရှိကြောင်း သိရသည်။
“ ဌာနအနေနဲ့က ပြည်တွင်းမှာရောင်းချနေတဲ့ စက်သုံးဆီတွေရဲ့ဈေးနှုန်းတွေနဲ့ပတ်သက်ပြီး နေ့စဉ်စောင့်ကြည့် တွက်ချက် စိစစ် ကြပ်မတ်လျက်ရှိပါတယ်။ စက်သုံးဆီဝယ်ဈေးနဲ့ပတ်သက်ပြီး တွက်ချက်ရာမှာ စင်ကာပူနိုင်ငံရဲ့နေ့စဉ်ပေါက်ဈေးနှုန်း MOPS Price အပေါ်မှာ Premium ပေါင်းပြီး ဆိပ်ကမ်းရောက်တန်ဖိုးတွက်ချက်တယ်။ အဲ့လိုတွက်ချက်ပြီး ဈေးနှုန်းအပေါ်မှာ နိုင်ငံတော်ကို ပေးဆောင် ရတဲ့အခွန်တွေ၊ လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်တွေ၊ သယ်ယူပိုဆောင်မှုနှင့် သိုလှောင်မှု အလျော့နဲ့ အခြားစရိတ်တွေကို ထပ်ပေါင်းပြီး လက်ကား နဲ့လက်လီဈေးနှုန်းတွေကို တွက်ချက်ပါတယ်။ တစ်ဖက်မှာ ဝယ်ဈေးနှုန်းပေါ်အခြေခံပြီး ဖြစ်သင့်တဲ့ လက်ကားနဲ့ လက်လီဈေးနှုန်းတွေ နေ့စဉ်တွက်ချက်စိစစ်လျက်ရှိသလို အခြားတစ်ဖက်မှာလည်း တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် နေ့စဉ်အမှန် ရောင်းချနေတဲ့ ဈေးနှုန်းတွေကို ကောက်ယူပြီး ဝယ်ဈေးနဲ့ရောင်းဈေးကို နှိင်းယှဉ်သုံးသပ်စိစစ်ကြပ်မတ်လျက်ရှိပါတယ်” ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦး စီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကမ္ဘာ့စက်သုံးဆီဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်းလစဉ် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းကျော်ခန့် မြင့်တက်လာခဲ့သည့် အတွက် စက်သုံးဆီဈေးနှုန်းများ လစဉ်ဆက်တိုက်မြင့်တက်နေရခြင်းဖြစ်ကြောင်း၊ ရေနံထွက် ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီး ဌာနအနေဖြင့် စက်သုံးဆီဈေးကွက်ကိုထိန်းချုပ်မှုအစား ဈေးကွက်စီးပွားရေးနှင့် အညီ လွတ်လပ်စွာ ရောင်းချ ခွင့်ပြုထားပြီး နေ့စဉ်ရောင်းချလျက်ရှိသည့် ဈေးနှုန်းများအပေါ် အခြေခံပြီး ဖြစ်သင့်သည့် ဈေးနှုန်းများဖြစ်စေရေးကိုသာ အဓိကထား ထိန်းသိမ်းကြပ်မတ်လျက်ရှိ သည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here