မိဘမဲ့ကလေးများအတွက်ကစားကွင်း ဆောက်လုပ်လှူဒါန်းမယ့် မိုးစက်ဝိုင်

0
1141


Moezy အလှကုန်ပစ်္စည်းများကို ထုတ်လုပ်နေတဲ့ မိုးစက်ဝိုင်ကမွေးနေ့ အမှတ်တရအနေနဲ့ ၀ိုင်ပုလင်းပုံစံshower gel နဲ့ နှုတ် ခမ်းနီ ၆ ရောင် ထုတ်လုပ်ထားပါတယ်။ ၀ိုင်ပုလင်းပုံစံနဲ့ ဖြစ်တဲ့အတွက် သောက်ရတဲ့ဝိုင်လားဆိုပြီး အထင်မှားစရာဖြစ်နိုင်ပါတယ်။ အခုလို ထုတ် လုပ်ဖြစ်ပုံကိုတော့ မိုးစက်ဝိုင်က …

”မိုးစက်ဝိုင်ဆိုတဲ့အတိုင်း ၀ိုင် collection လေးလုပ်ထားပါတယ်။ shower gel ရှိတယ်။ shower gel မှာ summer wine နဲ့ rain drop wine ရှိတယ်။ ၀ိုင်ပုလင်းပုံစံလေးနဲ့လုပ်ထားပါတယ်။ တမင်သက်သက် ၀ိုင်ပုံစံထုတ်ထားတာပါ။ မိုးစက် စပေါ်လာတုန်းက ပြောကြတယ်။ ဘာဝိုင်လဲဆိုပြီး ပရိသတ်တွေ ပြောကြတယ်။ အဲဒါကြောင့် မိုးစက်ဝိုင်ဆိုတဲ့ နာမည်နဲ့ နှုတ်ခမ်းနီတောင့် ထုတ်ထားတယ်။ တခြားအရောင် ၅ ရောင် လောက်ထုတ်ထားတယ်။ shower gel ကျတော့ ၀ိုင် shape လေး၊ ၀ိုင်ပုလင်းပုံစံအတိုင်း ထုတ် ထားပါတယ်”လို့ ပြောပါတယ်။ မိုးစက်ဝိုင်က နှစ်စဉ်နှစ်တိုင်း မေလ ၂၀ ရက်နေ့မှာ ကျရောက်တဲ့သူရဲ့ မွေးနေ့မှာ အလှူအတန်းတွေ ပြုလုပ်လေ့ရှိသူပါ။ ဒီနှစ်မှာတော့ မိဘမဲ့ ကလေးတွေ အတွက် သေချာ plan ချပြီး စီစဉ်ထားပါတယ်။ သူရဲ့ မွေးနေ့မှာ ရောင်းချ ရတဲ့ Moezy အလှ ကုန်ပစ္စည်းများရဲ့ အရင်းနဲ့ အမြတ်ငွေကြေးများကို လှူဒါန်းမှာဖြစ်ပြီး မိဘမဲ့ကလေးများအတွက် ကစားကွင်းများကို ဆောက်လုပ်ပေးမှာ ဖြစ်ပါတယ်။ ကလေးတွေအတွက် ကစားကွင်းဆောက်လုပ်လှူဒါန်းဖြစ်ပုံကိုတော့ မိုးစက်ဝိုင်က …

”မိဘမဲ့ကလေးတွေအတွက် အလှူအတန်းတွေ မိုးစက် အမြဲသွားလုပ်ဖြစ်တယ်။ မိုးစက်သတိထား မိတာက ဒီကလေးတွေက အားလပ်ချိန်မှာ ဆော့ဖို့နေရာမရှိဘူး။ သူတို့ဆော့ရင်လည်း သူတို့ဘာသာ သူတို့ ဖျော်ဖြေတယ်။ ဒါမှမဟုတ်ရင်လည်း သူတို့ကိုထိန်းတဲ့ ဆရာမတွေနဲ့အတူ တူဆော့ရတယ်။ ဒါကြောင့်မို့လို့ မိုးစက်က သူတို့ကို indoor ကစားကွင်းလေး ပြုလုပ်ပေးလိုက်တယ်။

ရည်ရွယ်ချက်ကတော့ သူတို့လည်း ညစ်ညစ်ပတ်ပတ် ဆော့စရာမလိုဘူး။ မိုးလုံလေလုံလည်းဖြစ်တယ်။ သူတို့ teamwork ကောင်းအောင်လို့ ပြုစုပျိုးထောင်ပေးလိုက်တဲ့ ရည်ရွယ်ချက်ပါ” လို့ ပြောပါတယ်။ မိုးစက်ဝိုင် ဘာလုပ်လုပ် သူ့ကိုချစ်တဲ့ ပရိသတ်တွေဖြစ်တဲ့ wineaholics တွေကတော့ အားပေးနေသူတွေပါ။ မိုးစက်ဝိုင်ကို တစ်ယောက်ထဲမြင်ချင်တဲ့ ပရိသတ်တွေရှိသလို ချစ်တဲ့သူနဲ့ ဆုံစည်းဖို့လည်း ဆန္ဒပြုကြ သူတွေ ရှိကြပါတယ်။ မိုးစက်ဝိုင်အနေနဲ့ရော တစ်ယောက်ထဲနေသွားတော့မှာလားဆိုတဲ့ မေးခွန်းကို တော့ …

”မိုးစက်ရဲ့ ပရိသတ်တွေလည်း စိတ်တွေနည်းနည်းတော့ လျှော့သွားကြပါပြီ။ သူတို့က မိုးစက်ကို စိတ်ချမ်းသာရင် ပြီးရောလို့တောင် ပြောလာ ကြပါပြီ။ ဒါပထမဆုံး အကြိမ်ပြောတဲ့စကားပါ။ ပုံမှန်ဆို သူတို့ မိုးစက်ကို အပျိုကြီးပဲလုပ်နော်၊ အိမ်ထောင်မပြုနဲ့နော်။ မတွေ့ချင်ဘူးနော်။ ဒါမျိုးပဲ ပြောကြတယ်။ ဒီတစ်ခေါက်တော့ သူတို့ စိတ်နည်းနည်း လျှော့သွားပြီထင်ပါတယ်။ ဒါမှမဟုတ် သူတို့လည်း အသက်တွေကြီး သွားလို့ထင်တယ်။ ကလေးတွေ မဟုတ်ကြတော့ဘူးလေ။ ဒါကတော့ ဖူးစာပေါ် မူတည်ပါတယ်။ အခြေအနေ အချိန်အခါပေါ်မူတည်တယ်။ ဖူးစာရှိရင် တော့ မကြာခင်လာမှာပါ” လို့ ပြောပါတယ်။ မိုးစက်ဝိုင် ရဲ့ မွေးနေ့ပွဲကိုတော့ မေလ ၂၀ ရက်နေ့က နိုဗိုတယ်ဟိုတယ်မှာ ခမ်းနားစွာ ပြုလုပ်ခဲ့ပြီး အနုပညာရှင်များစွာ တက် ရောက်ခဲ့ကြပါတယ်။

ခိုင်ဝေလွင် ၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here