အဖေ

0
769

ဖိနပ်​ပါးပါး​လေး စီးရင်း
ဖိနပ်​ထူထူကြီးကို စီး​စေခဲ့သူ….အ​ဖေ။
အဝတ်​နွမ်းနွမ်း​လေး ဝတ်​ရင်း
အဝတ်​လှလှကြီးကို ဝတ်​​စေခဲ့သူ….အ​ဖေ။
ဘွဲ့မရ ပညာမတတ်​ပုခုံး​တွေနဲ့
ဘွဲ့ရ ပညာတတ်​ပုခုံး​တွေကို
ထမ်းတင်​ခဲ့သူ….အ​ဖေ။
လူ​တောမတိုးနိုင်​တဲ့ လက်​​တွေနဲ့
လူ​တောတိုးနိုင်​တဲ့ လက်​​တွေကို
အ​ရောင်​လက်​​စေခဲ့သူ…..အ​ဖေ။
အရာမဝင်​တဲ့ ပါးစပ်​​တွေနဲ့
အရာဝင်​တဲ့ ပါးစပ်​​တွေကို
ပဲ့ပြင်​ခဲ့သူ…..အ​ဖေ။
ချွေးနံ့မစင်​တဲ့ ခန္ဓာကိုယ်​နဲ့
ချွေးနံ့စင်​တဲ့ ခန္ဓာကိုယ်​​​​တွေကို
လှ​စေခဲ့သူ…..အ​ဖေ။
အ​ရောင်​မွဲတဲ့ မျက်​လုံး​တွေနဲ့
အ​ရောင်​မမွဲတဲ့ မျက်​လုံး​တွေကို
ပြုံး​စေခဲ့သူ…..အ​ဖေ။
အ​​ရောင်​မ​ပြောင်းတဲ့ နှလုံးသားနဲ့
အ​ရောင်​​ပြောင်းတဲ့ နှလုံးသား​တွေကို
ချစ်​​နေခဲ့သူ….အ​ဖေ။
အ​ဖေ့အ​ငေးမှာ ​မျှော်​လင့်​ချက်​​တွေ ကင်းလို့။
အ​ဖေ့အ​ဆွေးမှာ ချစ်​ခြင်းတရား​တွေ ပြည့်​လို့။
အ​ဖေဟာ ​နေလို လင်းတယ်​။
အ​ဖေဟာ လလို ဝင်းတယ်​။
အ​ဖေဟာ
သားတို့သမီးတို့ အတွက်
အနှိုင်းမဲ့ လှတဲ့ ​ကျေးဇူးရှင်​ကြီး ဖြစ်​တယ်​။ ။

ဥာဏ​ကျော်


LEAVE A REPLY

Please enter your comment!
Please enter your name here