နောင်တွင်ဥဒါန်းတွင်စေသတည်းက သဘင်အနုပညာရှင်တွေ အများဆုံးပါဝင်ခဲ့ကြတဲ့ ရုပ်ရှင်ဇာတ်ကားအဖြစ် ဇာတ်သဘင်မှာ မှတ်တမ်းဝင်စေမလား

0
417

၂ဝ၁၈ ခုနှစ် အကယ်ဒမီ နောက်ဆုံးအဆင့် ဆန်ကာတင်စာ ရင်းဝင်ဇာတ်ကားထဲမှာ သဘင် အနု ပညာရှင်များစွာ ပါဝင်သရုပ်ဆာင် ဖန်တီးထားတဲ့ နောင်တွင်ဥဒါန်းတွင် စေသတည်း ရုပ်ရှင်ဇာတ်ကားကြီး လည်းပါဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ် ကားကြီးကတော့ ပြဇာတ်ဘုရင်လို့ တောင် သတ်မှတ်ရမယ့် မြို့တော် မောင်ယဉ်အောင်ရဲ့ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်ကာလက မန္တလေးဆေး တက္ကသိုလ်မှာ ကပြခဲ့တဲ့ ပြဇာတ်ကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးပုံဖော် တာပဲဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ် ညွှန်း၊ ဒါရိုက်တာအနေနဲ့ အကယ် ဒမီမြို့တော်မောင်ယဉ်အောင်ကပဲ လုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်မှာ တော့ သဘင်အနုပညာရှင်တွေထဲက မြို့ရွှေမန်းသားဖိုးချစ်နဲ့ လူရွှင်တော် ဦးမိုးဒီလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါ တယ်။ ဒါ့အပြင် နောက်ခံတေးဂီတ ကိုလည်း သဘင်ပညာရှင်တစ်ဦးဖြစ် တဲ့ ဆိုင်းပညာရှင်အကယ်ဒမီ ဦးစိန် မ္မတ္တားတို့ သားအဖက တီးခတ်ပေးခဲ့ တာပဲဖြစ်ပါတယ်။ နောင်တွင် ဥဒါန်း တွင်စေသတည်း ရုပ်ရှင်ဇာတ်ကား ဟာ မြန်မာမှုအနုပညာတွေကို အ ခြေခံရိုက်ကူးထားပြီး မြန်မာပြည်ရဲ့ ရိုးရာယဉ်ကျေးမှုတွေ မန္တလေးနဲ့ ပုဂံ တို့ရဲ့ အလှအပတွေကို ထည့်သွင်း ရိုက်ကူးထားတာကြောင့် သိပ်ကို အနှစ်သာရရှိစေတဲ့ ရုပ်ရှင်ကား ကောင်းတစ်ကား ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း မြန်မာ့ အနု ပညာရှင်တွေပါတဲ့အတွက် လက်ရှိ သဘင်လောကမှာ အောင်မြင်နေတဲ့ သဘင်မင်းသမီးတွေကိုလည်း ထည့် သွင်းရိုက်ကူးထားခဲ့ပါတယ်။ ဒါ ကြောင့်လည်း သဘင်အနုပညာရှင် တွေ စုံတဲ့ကားလို့ ပြောရခြင်းပါ။

“ဒီကားထဲမှာ နိုင်ငံအတွက် တိုင်းပြည်အတွက် လူမှုဘဝတွေ အတွက် လိုအပ်တာလေးတွေပါတို့ ခနန်းဆိတ်ခနန်းလေးတွေပါတယ်။ နောက်ဆုံးပုဂံရဲ့ အုတ်ချပ်နံရံတွေ ရဲ့ ကိစ္စတွေက အစပေါ့လေ။ ကိုယ့် အမြင်လေးတွေ ပြောတာပါ”လို့ ဇာတ်လမ်းထဲမှာ သူထည့်သွင်းရိုက် ကူးထားတဲ့အကြောင်းအရာတွေကို ဒါရိုက်တာမြို့တော် မောင်ယဉ် အောင်က ပြောပြပါတယ်။ ဒီရုပ်ရှင် ထဲမှာ သဘင်မင်းသားတစ်ဦးဖြစ်တဲ့ မြို့ရွှေမန်းသားဖိုးချစ်ကလည်း အဓိ ကနေရာကလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ မြို့ရွှေမန်းသားဖိုးချစ် ကို အိုက်တင်နဲ့ပတ်သက်လို့ ကိုင် တွယ်ရတဲ့အပိုင်းနဲ့ ပတ်သက်လို့ လည်း ဒါရိုက်တာ မြို့တော်မောင်ယဉ် အောင်က…

“ကိုဖိုးချစ်ကို ကိုင်တွယ်ရ တာကြောက်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ဇာတ်လောက
သားကိုးဗျ။ ပြီးတော့သူရိုက်ခဲ့တဲ့ ရုပ် ရှင်အကုန်လုံးကလည်း ဟာသကြီးပဲ လေ။ ဟာသဆိုတော့ လွတ်လွတ်လပ် လပ်လုပ်လို့ရတယ်လေ။ ဒီကားမှာ ကြတော့သူက ဆရာဝန်လုပ်ရတာ။ သူ့ကိုကြိုးနဲ့တုပ်ပြီးတော့ ခိုင်းသလို ဖြစ်သွားတာ။ သူကလည်း ငြိမ်တယ်။ အခံ ရုပ်ကနေ လုပ်သွားတာတွေက သိပ်ကောင်းတယ်”လို့ ပြောပါတယ်။ မြို့ရွှေမန်းသားဖိုးချစ်အနေနဲ့လည်း ဆရာဝန်ဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့ပြီး ဇာတ်မင်း သားတစ်ဦးအနေဖြင့် ဇာတ်သံ ပျောက်အောင် လုပ်ဆောင်ခဲ့မှုနဲ့ ပတ်သက်လို့လည်း သူကအခုလို ပြောပြခဲ့တာက…

“ဇာတ်မင်းသားမို့လို့ ဇာတ်သံပါ မယ်လို့ မြင်တာလည်းပါသလို တကယ်ပါတာလည်း ဖြစ်နိုင်ပါတယ်။ ဒီကားမှာတော့ ဆရာဝန်တစ်ယောက် ဆိုတော့ စကားပြောတဲ့ Flow က အစထိန်းပြောပါတယ်။ စကားလုံး တိုင်းကို ပီသအောင်ပြောတယ်။ သရုပ်ဆောင်မှုဖြစ် အောင်တော့ ကြိုးစားရတာပေါ့”လို့ ပြောပါတယ်။

သဘင်လောကသားတွေ အများဆုံးပါဝင်ထားတဲ့ ရုပ်ရှင် ကားကြီးဖြစ်တာကြောင့်လည်း နောင်တွင်ဥဒါန်းတွင်စေ သတည်း ရုပ်ရှင်ကားကြီးအထူးပွဲနေ့မှာ သဘင်မင်း သား တွေဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့က လည်း လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ချီးကျူး စကားများ ဆိုခဲ့ကြပါတယ်။ နောင်တွင်ဥဒါန်းတွင်စေ သတည်းလို အနှစ်သာရ ကောင်းမွန်ပြီး မြန်မာ့ယဉ်ကျေး မှုတွေ မြင်တွေရမယ့် ရုပ်ရှင်ဇာတ်ကားကြီးမျိုး ထပ်မံ ရိုက်ကူးနိုင်ဖို့အတွက်လည်း ပရိသတ်တွေအားလုံးက မျှော်လင့်တောင့်တလျက် ရှိသလို သဘင်အနုပညာရှင် တွေများစွာပါဝင်တဲ့ ရုပ်ရှင်ဇာတ်ကားမျိုးကိုလည်း ထပ် မံရိုက်ကူးနိုင်ဖို့ မျှော်လင့်လျက် ရှိနေကြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here