အကယ်ဒမီ ဂယက်ကတော့ ရှိဦးမှာပဲဆိုတဲ့ဒါရိုက်တာ ညီညီထွန်းလွင်

0
393

“အကယ်ဒမီ ဂယက်ကတော့ ထဦးမှာပါပဲ။ ဒီနှစ် အကဲဖြတ်တာဝန် ယူရတဲ့သူတွေက နည်းနည်းလေး ခေါင်း စားတယ်။ တော့်တော့်ကို သမာသမတ် ကျကျလေးနဲ့ ရိုးရိုးသား သားစဉ်းစား ပြီးတော့ အကဲဖြတ်မှရမယ်။ ဒီနှစ် အကဲဖြတ် လုပ်ရတဲ့သူတွေလည်း လုံးဝ ကိုမလွယ်ဘူး။ ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့ အကဲဖြတ်တွေကိုလည်း ပြောထားတယ်။နည်းနည်းလေး သတိထားနော်လို့။ ဒီ နှစ်က ပြိုင်ဆိုင်မှုလည်း ပြင်းထန်တယ်” လို့ အကယ်ဒမီနဲ့ ပတ်သက်လို့ ရုပ်ရှင် အစည်းအရုံး အတွင်းရေးမှူး ဦးညီညီထွန်းလွင်က ပြော ပါတယ်။ အကယ်ဒမီ အကဲဖြတ်အဖွဲ့တွေအနေနဲ့ကတော့ တိုက်ခိုက်မှုတွေ ကရှိလာဦးမှာဖြစ်ပြီး အဲဒါကိုလည်း ပြန်ပြီး ဖြေရှင်းနိုင် စွမ်းရှိရမှာဖြစ်ကြောင်း ဒီနှစ်က လွယ်တော့မလွယ်ဘူး လို့ သူကဆက် ပြောပြပါတယ်။

ဒါရိုက်တာညီညီထွန်းလွင်ကတော့ ရုပ်ရှင် လောက ကနေ အနားယူခဲ့ပြီဖြစ်ပြီး ရုပ်ရှင်တွေ ရိုက်ကူးဖြစ်ခဲ့ တုန်းကအချိန်ကိုလည်း မလွမ်းတော့ပါဘူးလို့ သူက ပြော ပါတယ်။

“ဦးညီတို့က အသက် ၆ဝ ပြည့်လို့ ပင်စင်ယူရမယ် လေ။ ဦးညီတို့ကတော့ မလုပ်နိုင်တော့ဘူးလေ။ ဆီးချို ရောဂါကလည်းရှိတယ်။ ရောဂါကြောင့်လည်း ပါပါတယ်” လို့ သူအ နားယူဖြစ်ခြင်းအကြောင်းကို ဦးညီညီ ထွန်း လွင်ကပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here