ပခုက္ကူနယ် ရွှေတန့်တစ် သရက္ခန် မြတ်စွာဘုရား နှစ် ၉ဝဝပြည့် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

0
591

ပုဂံပြည့်ရှင် အလောင်းစည်သူ မင်းကြီး ကောင်းမှုတော် သိကြားမင်း ဆက်သသည့် ပခုက္ကူနယ် ရွှေတန့် တစ် သရက္ခန်မြတ်စွာဘုရား နှစ် ၉ဝဝ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပဆင် ယင်မည်ဖြစ်ကြောင်း သိရသည်။ ရွှေ တန့်တစ်သရက္ခန်ပွဲတော်ကြီးအား ပခုက္ကူမြို့သစ် ရေစကြိုကားလမ်းထိပ် မုခ်ဦးဖွင့်ပွဲ ၁၂-၅-၂ဝ၁၉ ရက်နေ့ တွင် တာတာလင်းစည်တော်ဖြင့် ဖွင့် လှစ်ခြင်း မေ ၁၃၊ ၁၄၊ ၁၅ ရက် နေ့ညများတွင် တရားပွဲများကျင်းပ ခြင်း၊ မေ ၁၆ ရက် နေနတ်သားဆေး တိုက်တွင် တစ်ညတာကိန်းဝပ်အ ပူဇော်ခံခြင်း၊ မေ ၁၇ ရက်နေ့ ပခုက္ကူမြို့တွင်းသို့ သရက္ခန်မြတ် စွာဘုရား လှည့်လည်အပူဇော်ခံခြင်း၊ မေ ၁၈ ရက် ကဆုန်လပြည့်နေ့တွင် သံဃာတော် အရှင်သူမြတ်အပါး ၉ဝဝ အား တစ်ပါးလျှင် ကျပ် ၃ဝဝဝဝအပြင် ဆွမ်းဆန်စိမ်းကုသိုလ်တော် လောင်း လှူ ခြင်းအောင်ပွဲအဖြစ် ကဆုန်လ ပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက် နေ့ညများ၊ မေ ၁၈၊ ၁၉ တွင် ဟန်ဇာမိုးဝင်း ဇာတ်သဘင်ဖြင့် ကပြပါဝင် ပူဇော်မည်ဖြစ်ကြောင်း သိရှိရသည်။ နှစ် ၉ဝဝ ပြည့် အထိမ်း အမှတ် မဂ္ဂဇင်းလည်း ထုတ်ဝေသွား မှာပါ စာမူများကို သင်္ကြန်မတိုင်ခင် ပေးပို့နိုင်ပါတယ်ဟု အကျိုးတော်ဆောင်တစ်ဦးက ပြောသည်။ ဆက်သွယ်လှူဒါန်းလိုပါက ဝ၉-၂၃ဝဝ၈၃၈ သို့ ဆက်သွယ်နိုင် ကြောင်းလည်း သိရသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here