Thursday, June 18, 2026

UNESCO ၏ YouthHackathon 2026...

ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကြီးမှူးကျင်းပသည့် YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း...

ပုဂံဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဒေသလုံခြုံရေးတိုးမြှင့်ရေး ဆောင်ရွက်နေ

ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ခရီးသွားမြှင့်တင်ရေး (Promotion) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသလုံခြုံရေး အားကောင်းစေရေးကိုလည်း နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဟိုတယ်၊...

နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ (၄၈)နာ ရီအတွင်း...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေသည် ယနေ့ ဇွန် ၁၈ ရက်မွန်းတည့်ပိုင်းကတိုင်းထွာချက်အရ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁) ပေခွဲကျော်တွင်ရောက်ရှိနေကြောင်း သိရသည်။ ထို့ပြင် နန့်ကောင်းချောင်းရေသည်လည်း မိုးကောင်းမြို့၏...

မြန်မာ-ကမ္ဘောဒီးယား-ထိုင်း တိုက်ရိုက်လေကြောင်းချိတ်ဆက်မှု တိုးမြှင့်နိုင်ပါက ခရီးသွားဝင်ရောက်မှု...

မြန်မာ၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲနိုင်ပါက မြန်မာနိုင်ငံသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှု ပိုမိုတိုးတက်လာနိုင်ကြောင်း Mekong Tourism Forum 2026 တွင်...
HomeMoviesဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော...

ဖောက်ခွဲဖျက်ဆီးခံရသည့် တာဝါတိုင်(၁၆)တိုင်ကြောင့် ပြတ်တောက်နေသော ကလေးဝဒေသ လျှပ်စစ်ဓာတ်အားလိုင်း ပြန်လည်ပြုပြင်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက်အဖွဲ့များ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပြိုလဲပျက်စီးခဲ့သဖြင့် ပြတ်တောက်နေသည့် မဟာဓာတ်အားလိုင်းကို နယ်မြေလုံခြုံရေးအခြေအနေပေါ်မူတည်၍ ပြန်လည်ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (နဝမနေ့) တွင် ကလေးဝမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းလွင်၏ မေးခွန်းအား ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီး၏ ရှင်းလင်းချက်အရ ကလေးဝမြို့နယ်သို့ ဓာတ်အားပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး မဟာဓာတ်အားလိုင်းသည် ၂၀၂၅ ခုနှစ် မတ်လအတွင်း ဖောက်ခွဲဖျက်ဆီးခံရမှုကြောင့် တာဝါတိုင် (၁၆) တိုင် ပျက်စီးခဲ့ပြီး ဓာတ်အားပို့လွှတ်မှု ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ကလေးဝမြို့နယ်သည် ချောင်းကူးဓာတ်အားခွဲရုံမှတစ်ဆင့် ၆၆ ကေဗွီ ချောင်းကူး-ဂန့်ဂေါ-ကလေး-ကလေးဝ ဓာတ်အားလိုင်းဖြင့် လျှပ်စစ်ဓာတ်အား လက်ခံအသုံးပြုနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ပျက်စီးသွားသည့် မဟာဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးအခြေအနေပေါ် မူတည်၍ ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

UNESCO ၏ YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲသို့ ကမ္ဘာတစ်ဝန်းရှိ လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်

ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကြီးမှူးကျင်းပသည့် YouthHackathon 2026 လူငယ်ဆန်းသစ်တီထွင်မှုပြိုင်ပွဲအတွက် စာရင်းပေးသွင်းခြင်း လုပ်ငန်းစဉ်များကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသည် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy - MIL) ကို မြှင့်တင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားသည်။ ယခုနှစ်ပြိုင်ပွဲကို “Play Your Part: Youth...

ပုဂံဒေသ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ဒေသလုံခြုံရေးတိုးမြှင့်ရေး ဆောင်ရွက်နေ

ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ခရီးသွားမြှင့်တင်ရေး (Promotion) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသလုံခြုံရေး အားကောင်းစေရေးကိုလည်း နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ ရန်ကုန်မြို့၌ ကျင်းပလျက်ရှိသည့် Mekong Tourism Forum 2026 တွင် ပုဂံဒေသ၏ ခရီးသွားလုပ်ငန်း အခြေအနေနှင့်ပတ်သက်၍ ပြောကြားရာတွင် “ပုဂံဒေသကို ခရီးသွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေသလုံခြုံရေးကိုလည်း မိမိတို့၏ နည်းလမ်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေပါသည်” ဟု ထည့်သွင်းပြောကြားခဲ့သည်။ ထို့ပြင် ပုဂံဒေသသည် ခရီးသွားများအတွက်...

နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့ (၄၈)နာ ရီအတွင်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်ရောက်ရှိနိုင် သတိပြုနေထိုင်ကြရန် မိုးဇလသတိပေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေသည် ယနေ့ ဇွန် ၁၈ ရက်မွန်းတည့်ပိုင်းကတိုင်းထွာချက်အရ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၁) ပေခွဲကျော်တွင်ရောက်ရှိနေကြောင်း သိရသည်။ ထို့ပြင် နန့်ကောင်းချောင်းရေသည်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အောက်(၂)ပေခန့်တွင်ရောက်ရှိနေကြောင်း သိရသည်။  ယင်း ချောင်းရေများသည် လာမည့် (၄၈)နာရီအတွင်း၌ မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်၍ မိုး ကောင်းမြို့နယ်ရှိ ချောင်းကမ်းအနီး၊ မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် ချောင်းရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071