Line Walker-2 ဟောင်ကောင် အက်ရှင်ဇာတ်ကားမှာ မြန်မာပြည်က Hit-Man Killer တစ်ဦးနေရာက မြင်တွေ့ရမယ့် မင်းရာဇာ

0
470

မြန်မာနိုင်ငံမှာ လာရောက်ရိုက် ကူးနေတဲ့ နာမည်ကျော် ဟောင် ကောင်အက်ရှင်ဇာတ်ကားတစ်ခု ဖြစ် တဲ့ Line Walker-2 ရဲ့ ရန်ကုန်မြို့ ဇာတ်ဝင်ခန်းတွေထဲမှာ မြန်မာရဲ့ နာ မည်ကျော် အက်ရှင်မင်းသား တစ်ဦး ဖြစ်တဲ့ မင်းရာဇာကို မြန်မာပရိသတ် တွေက Hit-Man Killer တစ်ဦးအနေနဲ့ မြင်ခွင့်ရမှာပါ။ တကယ်တော့ မင်း ရာဇာက Line Walker-2 ရုပ်ရှင် ဇာတ်ကားကို သွားရောက်လေ့လာ ရင်းနဲ့ ဒါရိုက်တာနဲ့မိတ်ဆက်မိရာ ကနေဒါရိုက်တာက Hit-Man Killer တစ်ဦးအဖြစ် ဝင်ရိုက်ပေးပါလားလို့ ကမ်းလှမ်းရာကနေ ဝင်ရောက်ရိုက် ကူးဖြစ်သွားတာ ဖြစ်ပါတယ်။ ရိုက် ကူးရတဲ့ ဇာတ်ဝင်ခန်းကတော့ ဟောင်ကောင်မင်းသားတို့ ရဲအဖွဲ့ တွေ မြန်မာပြည်ကိုရောက်လာပြီး Hard Disk ကို ရှာဖွေတဲ့အချိန် မြန် မာနိုင်ငံက Hit-Man Killer တစ်ဦး အနေနဲ့ သူတို့ကို လိုက်လံပစ်ခတ် သတ်ဖြတ်တဲ့ အခန်းကို ရိုက်ကူးထား တာ ဖြစ်ပါတယ်။

”သူတို့နိုင်ငံ သူတို့စတိုင်အတိုင်း လေး လုပ်ပေးခဲ့တယ်။ အစ်ကိုတို့က တော့ သင်ယူရင်းနဲ့ လေ့လာတဲ့အပိုင်း လေးပေါ့။ အစ်ကိုတို့ရဲ့ Target က လည်း အဲ့ဒါပါပဲ။ အစ်ကိုတို့လည်း ဒီလိုမျိုး နိုင်ငံတကာ အဆင့်ဖြစ်ဖို့ ဆိုရင် ချက်ချင်းတန်းသွားလို့ မရဘူး လေ။ နိုင်ငံတကာကိုသွားချင်တယ်ဆို ရင် အောက်ခြေကနေပဲ တစ်ဆင့်ချင်း ဖြည်းဖြည်းချင်းသွားရမယ်လေ။ အဲ့ တော့ အတွေ့အကြုံလည်းရအောင်။ ဒီဇာတ်ကားထဲမှာလည်း ပါဝင်သွား ချင်တဲ့ စိတ်ကလေးနဲ့အစ်ကို ရိုက်ကူး ဖြစ်တာပါ။ အက်ရှင်တွေဆိုရင် လည်း အစ်ကိုတို့ မလုပ်နိုင်တာမျိုး တွေကိုတွေ့ရတော့ အတွေ့အကြုံ လည်း ရတယ်။ ကိုယ်တိုင်လည်း ဝင် ရောက်လုပ်မိနေသလို ခံစားမိပါ တယ်” လို့ မင်းရာဇာကတော့ ပြော ပြပါတယ်။

Line Walker-2 လာရောက် ရိုက်ကူးတဲ့အချိန်မှာ လမ်းပိတ်တာ တွေအပြင် တခြားလုပ်ပိုင်ခွင့်တွေနဲ့ ပတ်သတ်လို့ ဝေဖန်မှုတွေ ရှိလာတဲ့ အပေါ်ကိုတော့ ”ကျွန်တော်တို့ ညှိရ မယ့်အပိုင်းတွေ ရှိနေမယ်။ ဒါပေမဲ့ ဒါကြီးကို အပြစ်ထိုင်ပြောနေလို့တော့ မရဘူးလေ။ နားလည်မှုတွေ ရှိရ မယ်။ ဒါကို ခွင့်ပြုပြီးသွားပြီလေ။ အဲ့ တော့ နောက်တစ်ခါ ကျွန်တော်တို့ လုပ်မယ်ဆိုရင်ရော ဘယ်လိုပုံစံနဲ့ လုပ်မလဲ ဆိုတာကို ကျွန်တော်တို့က မေးခွန်းပြန်ထုတ်ရမယ်လေ။ နားလည်မှုအပိုင်းနဲ့သွားမယ် ဆိုရင်တော့ အဆင်ပြေတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အငြိုးတွေ အာဃာတ တွေနဲ့ သွားနေမယ်ဆိုရင်တော့ ရှေ့ဆက် ပြီးတော့ အလုပ်ကတော့ ရမှာ မဟုတ်ဘူး။ ကျွန်တော်ကတော့ အဲ့လိုမြင်တယ်။ အဓိကကတော့လေ သူတို့ လာရိုက်တဲ့အခါ ကျွန်တော်တို့ နိုင်ငံက အေးဆေးဖြစ်တယ်။ လာ ရိုက်လို့လည်း အဆင်ပြေတယ်။ လုံ ခြုံမှုရှိတယ်။ အစ်ကိုတို့ မြန်မာနိုင်ငံ သားတွေ မရိုင်းပြဘူး။ ဒီလိုမျိုး ရိုက် နေတဲ့ အချိန်လည်း ကူညီကြတယ်။ အခု အချိန်အထိ လမ်းပိတ်တယ် ပိတ်တယ် ပြောနေပမယ့် ဘယ်သူ့မှ အဲ့ဒါကို အကြီးအကျယ် ပြဿနာ ရှာနေတာမျိုးမရှိပါဘူး။ ကျွန်တော် ကတော့ ယဉ်ကျေးတယ်ဆိုတာကို ပြလိုက်နိုင်လို့ ဂုဏ်ယူတယ်။ ဒီတစ် ကားပြီးသွားရင်လည်း လာရောက် ရိုက်ကူးကြဖို့ စောင့်ကြည့် နေသူတွေ ရှိပါတယ်။ အဲ့တော့ အစ်ကိုတို့က လည်း ဖိတ်ခေါ်ချင်တယ်”လို့ မင်းရာဇာက ပြောပြပေးခဲ့ပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here