ဂီတသမားတွေရဲ့ သီချင်းတွေကို FM ရေဒီယိုတွေမှာ အသုံးပြုတဲ့အခါ ဂီတအစည်းအရုံးက ဘယ်လိုဆောင်ရွက်ပေးနေသလဲဆိုတာ ရှင်းပြလိုက်တဲ့ဦးဇော်ထူးအောင်

0
402

ဦးဇော်ထူးအောင်ကတော့ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင် နေတာဖြစ်ပါတယ်။ ဂီတသမားတွေရဲ့ သီချင်းတွေကို FM ရေဒီယိုတွေမှာအသုံးပြုတဲ့အခါ ဂီတအစည်းအရုံးက ဘယ်လို ဆောင်ရွက်ပေးနေသလဲဆိုတာ သိရှိနားလည်တဲ့ ဂီတသမား တွေရှိသလို မသိရှိနားမလည်တဲ့ ဂီတသမားတွေလည်းရှိပါ တယ်။ ဂီတသမားတွေအနေနဲ့ ဂီတအစည်းအရုံးအပေါ် အထင် အမြင်မလွဲမှားစေဖို့ FM တွေမှာ သီချင်းအသုံးပြုမှုနဲ့ ပတ် သက်ပြီး ဦးဇော်ထူးအောင်က အခုလိုရှင်းပြခြင်းဖြစ်ပါတယ်။

”City FM က စသုံးတယ်။ မရခဲ့ဘူး။ ဒါပေမဲ့ City FM က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လုပ်လာတဲ့အခါမှာကျတော့ ကျွန်တော်တို့ကို အနုပညာကြေး ပေးမယ်ဆိုပြီးတော့ ရောက်လာတယ်။ ရောက်လာတဲ့အခါမှာ အရင်တုန်းက မရခဲ့ဘူးလေ။ အခုပေးမယ့်သူရောက် လာပြီ လေ။ ကျွန်တော်တို့ လက်ခံယူရမှာပဲ။ ဒါပေမဲ့ ဂီတအစည်း အရုံးမှာ လုပ်ပိုင်ခွင့်ရှိလား၊ မရှိဘူးလားဆိုတာ အဲဒီတုန်းက အပြန်ပြန်အလှန်လှန် ဆွေးနွေးတယ်။ အစည်းအဝေး ၃၇ ကြိမ်လောက် ကျွန်တော်တို့ လုပ်ခဲ့ရတယ်။ လုပ်ခဲ့တဲ့ အစည်း အဝေးအားလုံးဟာလည်း ဦးမောင်မောင်လတ် လက်ထက်ပါ။ လွန်ခဲ့တဲ့ ၈ နှစ် လောက်က။ အဲဒီတုန်းက စဉ်းစားပြီးတော့ ကျွန်တော်တို့ အနုပညာစီမံခန့်ခွဲမှုကော်မတီဆိုတာ စဖွဲ့လိုက် ရတယ်။ ဖွဲ့တဲ့အချိန်မှာလည်းပဲ ကျွန် တော်တို့ တစ်လွှာ တည်းနဲ့ ဖွဲ့တာ မဟုတ်ဘူး။ အလွှာ ၆ လွှာစလုံးပါတယ်။ သူတို့နဲ့ ဖွဲ့စည်းပြီးတော့မှ သူတို့ရဲ့ အကြံဥာဏ်တွေယူပြီးတော့မှ ကျွန်တော်တို့ အနုပညာကြေးတွေ သတ်မှတ်တယ်။ ခွဲဝေပုံ မှာလည်းပဲ ဒီသီ ချင်းအပုဒ်တိုင်းမှာ မူပိုင်ခွင့်ဘယ်လိုရှိ သလဲ။ မူပိုင်ခွင့်စာချုပ်စာတမ်းနဲ့ ရှိရင် တင်ပြစာချုပ်စာတမ်း အတိုင်း ကျွန်တော်တို့လုပ်ပေးတယ်။ စာချုပ်စာတမ်းမရှိခဲ့ဘူးဆိုခဲ့လို့ရှိရင်တော့ အနုပညာစီမံခန့်ခွဲမှုကော်မတီ-မြန်မာ နိုင်ငံဂီတအစည်းအရုံး(ဗဟို)က သတ်မှတ်ထားတဲ့ ရာခိုင်နှုန်း တွေအတိုင်း ကျွန်တော်တို့ ခွဲပေးနေတာ အခုထိလက်ရှိပါပဲ။ အဲဒီမှာလည်းပဲ နှစ်တိုင်းနှစ်တိုင်း FM တွေနဲ့ ချုပ်ဆိုသွား တဲ့စာချုပ်မှာ အမြဲတမ်းပါတဲ့ ဟာက အချက်တစ်ခုထည့်ထားပါ တယ်။ ကိုဂျက်မြသောင်းပြောသွား သလို ဂီတအစည်းအရုံးက သီချင်း တွေမပိုင်ဘူး။ မှန်တယ်။ ဒါပေမဲ့ ဂီတလောကသား အားလုံးအတွက် အလုပ်လုပ်ပေးရမယ်လို့ ကျွန်တော်တို့ ခံယူ ထားတယ်။ ဘယ်သူတွေက အလုပ်လုပ်ပေးရမှာလဲ။ လက်ရှိ ဂီတအစည်းအရုံးမှာ လုပ်နေတဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ ဝင်တွေအားလုံးက လုပ်ပေးရမှာ။ အဲဒီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်ထဲမှာမှ အနုပညာစီမံခန့်ခွဲမှုကော်မတီက ဦး ဆောင်ပြီးတော့ လုပ်ပေးရမှာ။ အဲဒီအတွက်လည်းပဲ လွှင့်နေ တာမကျေနပ်လို့ရှိရင် ကန့်ကွက်လို့ရတယ်။ ကန့်ကွက်လာတဲ့ အချိန်ကစပြီး ကျွန်တော်တို့ အဲဒီသီချင်းကို ခေတ္တရပ်ထားပေး မယ်။ ပြေလည်တဲ့အထိ ဖြေရှင်းပေးမယ်။ ဖြေရှင်းမှုပြီးဆုံးသွား လို့ အောင်မြင်တယ်ဆိုရင် ဆက်လွှင့်။ မအောင်မြင်ဘူးဆိုရင် တော့ ရပ်ပေါ့။ အဲဒီမှာလည်းပဲ သီချင်းတစ်ပုဒ်မှာ မူပိုင်ခွင့် ဆိုတာ အရေးပါတယ်။ ထုတ်လုပ်သူသည် ရာခိုင်နှုန်းပိုင် သလား။ ရေးသူသည် ရာခိုင်နှုန်းပိုင်သလား။ ဆိုတဲ့သူသည် တစ်ရာရာခိုင်နှုန်းအ ပြည့်ပိုင်သလား။ မပိုင်ဘူး။ စာချုပ်စာ တမ်းမရှိဘူးဆိုလို့ရှိရင် တစ်လွှာတည်းနဲ့ ကျွန်တော်တို့ကို လာပြီးတော့ ကန့်ကွက်လို့မရဘူး။ ဒီသီချင်းတစ်ပုဒ်ကို မလွှင့် နဲ့လို့ပြောချင်လို့ရှိရင် အလွှာပေါင်းစုံအကုန်ပါရမယ်။ ကိုဂျက် မြသောင်းလာပြီး ကန့်ကွက်တဲ့အချိန်မှာလည်း ဒီနေ့ကန့်ကွက် ရင် မနက်ဖြန်ကို FM တွေကို စာပို့ပေးတယ်။ ကိုဂျက်မြ သောင်း ကလည်း သူ ၅ လွှာစလုံးပိုင်တဲ့ဟာတွေကိုပဲ ကန့် ကွက်တယ်။ အဲဒီတော့ OK ရပ်ပေးလိုက်ပါ။ ဒီသီချင်းတွေ လွှင့်ချင်ရင် ကိုဂျက်မြသောင်းနဲ့ တိုက်ရိုက်ဆက်သွယ်ဆောင် ရွက်ပါ။ ကျွန်တော်တို့ ဂီတအစည်းအရုံးနဲ့ မဆောင်ရွက်နဲ့ တော့ဆိုပြီး တော့ စာထုတ်ပေးလိုက်တာပါ”လို့ ပြောပြခဲ့ပါ တယ်။

မျိုးမောင်၊

ဓာတ်ပုံ-အောင်နိုင်စိုး


LEAVE A REPLY

Please enter your comment!
Please enter your name here