နေတိုး၊ အိန္ဒြာကျော်ဇင် အတွဲအဖက်ကို ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပုံဖော်မယ့် ဒါရိုက်တာ ဝင်းလွင်ထက်

0
164

မြန်မာ့ရုပ်ရှင်ရဲ့ လက်ရှိနှစ် ကာလတွေမှာ ဖန်တီးမှုအားကောင်း ကောင်းနဲ့ ‘ရုပ်ရှင်ဆိုတာ ဒါမျိုးရိုက်ရတယ်’ဆိုတဲ့ပုံစံမျိုး ချပြနိုင်သူ လူ ငယ်ဒါရိုက်တာတွေထဲမှာ ဝင်းလွင် ထက်လည်း အပါအဝင်ဖြစ်ပါတယ်။ ဝင်းလွင်ထက်အနေနဲ့ ဒီတစ်ခေါက် ရိုက်မယ့် ရုပ်ရှင်ဇာတ်ကားက ဒိတ် ဒိတ်ကြဲမင်းသားနဲ့ မင်းသမီးကို တွဲ ဖက်ထားတာဖြစ်ပါတယ်။

”အခု ဒီ၂ဝ၁၉ ထဲမှာတော့ ၃ လပိုင်း ၁၄ ရက်နေ့ကျရင် ရိုက်ဖို့ အတွက် Pre Production လုပ်နေတဲ့အချိန်ဖြစ်နေတာပေါ့နော်။ ၃ လ ပိုင်း ၁၄ ရက်နေ့မှာ ရိုက်မယ်။ Box No 88 ဆိုတဲ့ကားကို ကိုနေတိုးရယ်၊ မအူဝဲရယ် ၂ ယောက်နဲ့ပေါ့နော်။ ဇာတ်ကားပုံစံနဲ့ ဘယ်လိုမျိုးလဲဆို တာကိုတော့ ကျွန်တော်အခုချိန်မှာ မပြောချင်သေးဘူး။ နည်းနည်းစော သေးလို့။ ရိုက်တဲ့အချိန်ကျရင်တော့ ပြောပြပေးပါမယ်”လို့ ဝင်းလွင်ထက် က ပြောပါတယ်။ ၂ဝ၁၈ခုနှစ်အတွက် ဝင်းလွင်ထက် ရိုက်ကူးခဲ့တဲ့ အကယ် ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားတွေ ထဲမှာ ‘ငါ့ကိုနမ်းတဲ့မုန်တိုင်း’၊ ‘ကိုယ် စောင့်နတ်’ တို့ ပါဝင်ပြီး Director of Photography အဖြစ် ဆောင်ရွက် ထားတဲ့ဇာတ်ကားတွေထဲမှာတော့ ‘မုန်းစွဲ’၊ ‘တိမ်တိုက်တံတား’၊ ‘ကြပ်ဂူ’ ဇာတ်ကားတို့ ပါဝင်ပါတယ်။ ဝင်းလွင်ထက်ရဲ့ အကယ် ဒမီရင်ခုန်သံက …

”ကျွန်တော်ကတော့ တကယ် ကောင်းတဲ့ကားတွေ၊ တကယ်ကြိုး စားထားတဲ့ ကားတွေရစေချင်ပါ တယ်။ ရုပ်ရှင်တစ်ကားက ကြည့်လိုက်ရင် သိသာပါတယ်။ ဘယ်နေရာတွေမှာ အားစိုက် ထားတယ်။ ဘယ်နေရာတွေ မှာ အရမ်းစေတနာထည့် ထားတယ်။ သူတို့ဘယ်လို ပြင်ဆင်ထားတယ်။ ဘယ် လိုလုပ်ထားတယ်ဆိုတာ သိသာတယ်။ အဲဒီတော့ အဲဒီလိုမျိုးလုပ်ထားတဲ့ ကားတွေ၊ လုပ်ထားတဲ့ သူတွေ၊ တကယ် စိတ် ရောလူရောနှစ်ပြီး လုပ် ထားတဲ့သူတွေ ရစေချင် တယ်”လို့ ဝင်းလွင်ထက်က ပြောပြခဲ့ပါတယ်။

မျိုးမောင်၊
ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here