ဖခင်နဲ့အတူ Show ပွဲမလုပ်ဖြစ်သေးတဲ့အကြောင်းပြောလာတဲ့ အဆိုတော်ပန်းရောင်ခြယ်

0
240

အဆိုတော်ပန်းရောင်ခြယ်ကတော့ လူငယ်ပရိသတ်အားပေးမူ အခိုင် အမာရရှိထားသူပါ။ သူကတော့ တစ်ကိုယ်တော်ခွေထွက်ဖြစ်ဖို့လည်း စီစဉ် နေသူပါ။ သူ့ရဲ့ တစ်ကိုယ်တော် တေးစီးရီးနဲ့ ပတ်သတ်ပြီးလည်း ခုလိုပြောပြ ခဲ့ပါတယ်။

”ခွေထဲကသီချင်းတွေကတော့ အရင်တုန်းက ပန်းရောင်ဆိုနေကျပုံစံလေး တွေလည်းပါမယ်။ အသည်းကွဲသီချင်းတွေလည်းပါမယ်။ နောက်ပြီး ပန်းရောင် ဆိုလေ့ ဆိုထသိပ်မရှိတဲ့ Electronic Music ကိုဦစားပေးထားတဲ့ သီချင်း တွေလည်းပါတယ်။ ဒီ ၂ဝ၁၉ မှာတော့ ထွက်ဖြစ်အောင်ထွက်လာမှာပါ” လို့ ပြောပြခဲ့ပါတယ်။ ဖခင်ဖြစ်သူ အဆိုတော် ဂရေဟမ်နဲ့အတူ Show ပွဲတွေ လုပ်ဖို့ရှိလားလို့ ဆက်လက်မေးမြန်းခဲ့ရာ . . .

”လောလောဆယ်တော့ သားဖနှစ်ယောက်ပေါင်းပြီး Show ပွဲလုပ်ဖို့ တော့မရှိသေးပါဘူး။ Dady ရဲ့တစ်ကိုယ်တော် Show မှာသာ ပန်းရောင်က ပါဝင်ပြီးတော့ တစ်ပုဒ်နှစ်ပုဒ်လောက် ဖျော်ဖြေတာမျိုးတော့ ရှိမှာပါ။ ဘာလို့ လဲဆိုတော့ ပန်းရောင်မှာ သီချင်းတွေအများကြီးမရှိသေးတော့ Dady နဲ့ အတူပေါင်းပြီး Show ပွဲလုပ်ဖို့ သီချင်းတွေလည်းမရှိသေးဘူး။ အားလည်း မရှိသေးပါဘူး။ Dady ရဲ့အနုပညာသက်တမ်းကတော့ ပန်းရောင်ရဲ့ တစ်သက် ရှိပြီဆိုတော့ Dady One Man Show ဒီနှစ်ထဲမှာ လုပ်ဖို့ရှိတယ်။ အဲ့ခါကျမှ ပန်းရောင်တစ်ပုဒ်နှစ်ပုဒ် ဝင်ပြီးဆိုတာလောက်ပဲရှိမှာပါ” လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here