Home Movies မြန်မာ-အိန္ဒိယနယ်စပ်ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

မြန်မာ-အိန္ဒိယနယ်စပ်ကို ဗဟိုပြု၍ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်

0
77

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် မြန်မာ-အိန္ဒိယနယ်စပ်ဒေသ၌ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာချက်အရ သိရှိရသည်။

မြန်မာစံတော်ချိန် ယနေ့ မနက် ၆ နာရီ ၅၉ မိနစ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး မြေအောက် ၁၀ ကီလိုမီတာ၊ ရစ်ချ်တာစကေး ၅ ဒဿမ ၁ အဆင့်ရှိ အင်အားအသင့်အတင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြေငလျင်စခန်း မှ မြောက်ဘက် ၃၆ မိုင်ခန့်အကွာတွင် ဗဟိုပြုပြီး လှုပ်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here