လူငယ်နဲ့ သူတို့ရဲ့ Valentine’s Day

0
1330

သိပ်မကြာခင် လူငယ်စုံတွဲတွေ ကြားမှာ ရင်ခုန်စရာ ကောင်းမယ့်နေ့ တစ်ခုဖြစ်တဲ့ Valentine’s Day က ရောက်လာတော့မှာပါ။ ဒါကြောင့် လူငယ်တွေနဲ့ သူတို့ရဲ့ Valentine’s Day အပေါ် ခံစားချက်တွေအကြောင်း အခုလိုမေးမြန်းထားပါတယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

ညှို့ (Model)

Valentine’s Day ကို လူငယ်တစ်ယောက်အနေနဲ့ အချစ်တွေပြည့်နေတဲ့ ပျော်စရာနေ့လို့ မြင်ပါတယ်။
ဒီနှစ်ကတော့ ဘယ်မှမသွားပဲ အိမ်တွင်းပုန်းရမယ့် နှစ်ပေါ နော်။ Valentine’s Day မှာ ချော့ကလက် စားဖူးပါတယ်။ ဒါပေမဲ့ ဒီနှစ်တော့မသေချာဘူးပေါ့။ အရင်နှစ်တွေက ကိုယ်ကလည်း ကျွေးဖူးပါတယ်။ Valentine’s Day ရဲ့ အဓိပ္ပာယ်ကို သိပ်တော့မသိပေမယ့် အချစ်တွေပြည့်နှက် နေတဲ့ အဲ့နေ့လေးမှာ ပန်းစည်းလေးတွေ လက်ဆောင် လေးတွေ အရုပ်လေးတွေ ချော့ကလက်တွေ ချစ်ရတဲ့ သူတွေကိုပေးတဲ့ အရမ်းချစ်စရာကောင်းတဲ့နေ့လေး တစ်နေ့လို့ ခံစားမိပါတယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

မနေခြည်ဦး (Female Vocalist)

Valentine’s Day ဆိုတာ ချစ်ရခင်ရသူတွေအတွက် ချစ်ခြင်းတွေကို ဖော်ပေးတဲ့နေ့လေးတစ်နေ့လို့ မြင်မိ ပါတယ်။ ဒီနှစ် Valentine’s Day အတွက် ဘာအစီစဉ်မှ ခုထိမရှိသေးပါဘူး။ ချော့ကလက်ကတော့ ခဏခဏ စား ဖူးပါတယ်။ Valentine’s Day နေ့မျိုးမှာတော့ ချောက လက် မစားဖူးသေးပါဘူး။ ဒီနှစ်လည်းစားရမယ်လို့ မထင် ပါဘူး။

Valentine’s Day မှာ ဖြတ်သန်းကြမယ့် လူငယ် လေး တွေကို အကြံပေးချင်တာက Valentine ဆိုတာ ကိုယ်ချစ် ရတဲ့သူတွေကို ချစ်ခြင်းမေတ္တာတွေ ထုတ်ဖော်ပြကြတဲ့ နေ့မို့ အမှတ်တရလက်ဆောင်ပေးရင်းချစ်ခြင်းတွေကို ပြလေ့ ရှိပေမယ့် Valentine နေ့မှမဟုတ်ဘဲ ကျန်ရှိနေ့တဲ့ နေ့ရက် တိုင်းမှာလည်း ကိုယ်ချစ်တဲ့သူကို နေ့ရက်တိုင်း တန်ဖိုးထားပါ၊

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

မဇင်မီ

Valentine’s Day ဆိုတာ လူငယ်တွေအတွက် ရင်အခုန် ရဆုံးနဲ့ ပျော်စရာကောင်းတဲ့ နေ့လေးတစ်နေ့ပါ။ ချစ်ရသူနဲ့အ တူတူ ပျော်ရွှင်စွာနဲ့ အဖြူစင်ဆုံး Valentine’s Day လေး ကို ဖြတ်သန်းမှာပါ။ Valentine’s Day မှာ ချော့ကလက်လည်း အများကြီးစားဖူးပါတယ်ရှင့်။ ဒီနှစ်လည်း စားရမှာပါ။ ချစ်ရ သူတွေကို ကိုယ်ကိုယ်တိုင် လည်းကျွေးမှာပါ။ သူတို့ဆီ ကလည်း စားမှာပါ။ ဖေဖော်ဝါရီ ၁၄ ဆိုတာ တစ်ကမ္ဘာလုံး အတွက် ကိုယ်ချစ်ရတဲ့သူတွေကို တန်ဖိုးထားကြောင်း သက်သေပြတဲ့နေ့လေးလို့ မှတ်ယူမိပါတယ်။ Valentine’s Day နေ့လေးမှာ လူငယ်တော်တော်များများ ပန်းခြံ၊ ရုပ်ရှင်ရုံ သွားဖြစ်တာများပါတယ်။

. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .

ရတနာအောင်

အရင်ကတော့ Valentine’s Day ကို ချစ်သူတွေ အချင်းချင်းအပြန်​အလှန်​လက်ဆောင်ပေးတယ်လို့ အပြောများကြ​တော့ အဲ့လိုပဲသိထား တာ Valentine’s Day အတွက်​ အစီအစဉ်က ချစ်တဲ့သူရှိရင် သေချာလေးစီစဉ်မယ်။ မရှိရင်တော့ ဒီတိုင်းသာမန်ရက်လေးလိုပဲ ဖြတ်​သန်းရုံပေါ့။ ဟိုးအရင်နှစ်တွေက သမီးအစ်မက​ကျွေးလို့ စားဖူးပါတယ်​နော်။ ကိုယ့်ဟာကိုယ်လည်း ဝယ်စားတယ်။သိပါတယ်​ပြောပြရရင်​ရှည်သွားမှာစိုးလို့ … ချစ်သူစုံတွဲတွေ အသွားအများဆုံးနေရာက ဘုရားပေါ်နဲ့ပန်းခြံစတဲ့​နေရာလေးတွေပေါ့။ လူငယ်တွေကို အကြံပေးချင်တာကတော့ အသိသတိလေးနဲ့​ပျော်ကြစေချင်ပါတယ်။ သမီးအတွက်တော့ အမှတ်တရ Valentine’s Day ဆိုတာ မရှိခဲ့ပါဘူး။ အချစ်ရေးကမတည်​မငြိမ်ဖြစ်နေတော့ မသေချာဘူး ဖြစ်နေတာပါ။ ချော့ကလက် ကျွေးဖို့ရော ကျန်တဲ့လက်ဆောင်​ပစ္စည်းတွေရော​ပေးဖို့ရှိတယ်။ ဒါပေမယ့်​ မသေချာသေးပါဘူး။

အောင်ပြည့်စုံ


LEAVE A REPLY

Please enter your comment!
Please enter your name here