BigHit Entertainment က TXT ရဲ့ debut Date နဲ့ Mnet Celebration Show အကြောင်းကိုFebruary 7 ကတရားဝင်ကြေညာခဲ့ပါတယ်။

0
197

TXT(Tomorrow X Together) လို့အမည်ရတဲ့ အဖွဲ့သစ်ရဲ့ ပွဲဦးထွက် album မကြာခင်ထွက်လာတော့မှာသေချာနေပါပြီ။Big Hit Entertainment ကအဖွဲ့အသစ်ရဲ့ twitter account ကနေပြီး debut poster ကိုကြေညာခဲ့တာပဲဖြစ်ပါတယ်။ဒါတင်မကဘဲနဲ့ The Dream Chapter:Star ဆိုပြီး album name ကိုတောင်ထုတ်ပြောခဲ့ပါသေးတယ်။

အဖွဲ့အသစ်ရဲ့ တရားဝင် debut show ကတော့ March 5 ဖြစ်ပါတယ်။ဒါပေမယ့် album မထွက်ခင် Mnet ကတင်ဆက်မယ့် “TOMORROW X TOGETHER Debut Celebration Show” နဲ့အရင်ဆုံးမိတ်ဆက်သွားမှာဖြစ်ပါတယ်။အဲ့ဒီအချိန်ကတော့ fan တွေအတွက်အသစ်မိတ်ဆက်ထားတဲ့ idol သစ်တွေနဲ့ သူတို့ရဲ့ performance လေးတွေကို ပထမဆုံးမြင်တွေ့ရမယ့်အချိန်ပါ။ဒီ Event ကိုထုတ်လွှင့်မယ့်အချိန်ကတော့ March လ ၄ရက်နေ့ ကိုရီးယားစံတော်ချိန် ည ၇နာရီမှာဖြစ်ပါတယ်။

ယခုလက်ရှိမှာ တစ်ကမ္ဘာလုံးအတိုင်းအတာထိကျော်ကြားနေတဲ့ BTS ခေါ် Bangtan Boys ဆိုတဲ့ Boy Group ကို 2013 မှာ debut လုပ်ပြီးကတည်းက Big Hit Entertainment အတွက် အခုပထမဆုံးအကြိမ် Boy group အသစ်ကိုစတင်မိတ်ဆက်တာဖြစ်ပါတယ်။ဒီ TXT အဖွဲ့မှာ အဖွဲ့ဝင်၅ယော်ကနဲ့ ဖွဲ့စည်းထားပါတယ်။အဖွဲ့ဝင်တွေရဲ့ အမည်တွေကတော့ Soobin, Yeonjun, Beomgyu, Taehyun and Huening Kai တို့ပဲဖြစ်ပြီး လွန်ခဲ့တဲ့တစ်လလောက်ကတည်းကမိတ်ဆက်ပြီးဖြစ်ပါတယ်။

Debut Announcement ကိုကြေညာပြီးကတည်းက “Introduction Film”,”Questioning Film” ဆိုတဲ့ teaser video တွေထွက်ရှိလာခဲ့ပါတယ်။အဖွဲ့ဝင်တစ်ဦးချင်းစီအနေနဲ့ဆိုရင် You tube မှာရှာဖွေသူတွေ,ကြည့်ရှုသူတွေ သန်းချီနေပါပြီ။


LEAVE A REPLY

Please enter your comment!
Please enter your name here