Friday, April 24, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeCelebrities' NewsStar Awards ဆုပေးပွဲမှာ...

Star Awards ဆုပေးပွဲမှာ Theme Song Awards ပေးအပ်မယ့်အပေါ် တေးရေး ဝေကြီးရဲ့ အမြင်

လူငယ်တေးရေးဆရာ ဝေကြီး ကတော့ လက်ရှိအချိန်မှာ ရေပန်း အစားဆုံး တေးရေးဆရာ တစ်ယောက် ဖြစ်ပါတယ်။ သူရေးပေးတဲ့ သီချင်းတိုင်းနီးပါးလိုလိုက ပေါက်နေတော့ ဝေကြီးနဲ့ မရေးရင် မပေါက်တော့ သလိုတောင် ဖြစ်နေရတဲ့ အခြေအနေပါ။ ဝေကြီးအနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ အတွက် လည်း သီချင်းတွေ ရေးပေးဖူးတာရှိတယ်လို့ သိရပါတယ်။
“တိမ်တိုက်တံတားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးအတွက် Theme Song လေးရေးပေးခဲ့ဖူးတယ်။ အခုလက်ရှိလည်း ‘ပပ၀တီတရားစီရင်ခန်း’ ဆိုတဲ့ ကားပေါ့နော်။ ကိုဝိုင်းရိုက်တာ။ အဲဒီ ကားအတွက်ကိုလည်း Theme Song ရော၊ ဇာတ်ဝင် သီချင်းရော ရေးပေးထားပါတယ်။ ရုပ်ရှင်အတွက်ကကျတော့ အမှန်အတိုင်းပြောရမယ်ဆိုရင် မလွယ်ဖူးပေါ့နော်။ သူက စည်းနဲ့ ဘောင်ကြီးနဲ့ ရေးရတာများတယ်။ အဲဒီလိုမျိုးဆိုတော့ နည်းနည်းလေးတော့ ကြပ်တယ်။ သူက လွတ်လပ်မှုမရှိဘူး။ သာမန်ထက်ပိုတယ်။ ကျွန်တော်တို့ ပုံမှန်သီချင်းကျတော့ ရေးချင်သလိုရေးလို့ရတယ်။ ဆိုလိုတာကလွတ်လပ်တယ်။ ရုပ်ရှင်အတွက်ကကျတော့ ဇာတ်ညွှန်းတွေဘာတွေသေသေချာချာဖတ်ရတယ်။ အဲဒါမျိုးလေးတွေတော့ ကွာပါတယ်” လို့ ဝေကြီးက ပြောပါတယ်။ ဧပြီလ အတွင်း ကျင်းပမယ့် စာနယ်ဇင်းဆရာများ ချီးမြှင့်တဲ့ Star Awards ဆုပေးပွဲမှာ Theme Song Awards ပေးအပ်မယ့်အပေါ် တေးရေးဝေကြီးရဲ့ အမြင်က…
“ကောင်းတာပေါ့။ အရမ်းကောင်းတာပေါ့။ ဘာဘဲပြောပြော ဆုပေးမယ်ဆိုကတည်းက အနုပညာသမားတွေအတွက်က မှတ်တိုင်ပေါ့နော်။ အသိအမှတ်ပြုခံရတယ်လို့ ခံစားရတော့ ကောင်းပါတယ်။ ရုပ်ရှင်နဲ့ ပတ်သတ်ပြီး ပေးတယ်ဆိုတော့ ကျွန်တော်က အဲဒီလိုမျိုးလေးဖြစ်စေချင်တာ။ ပိုပြီးတော့ လုပ်ရတာလည်း အားတတ်တယ်။ ရုပ်ရှင်ဘက်ကပေးတယ်ဆိုလို့ရှိရင် ဂီတဘက်က ဥပမာ-အတီးသမားဆုတို့လိုမျိုး ပေးစေချင်တာပေါ့။ ကျွန်တော်တို့ဆိုလည်း ရုပ်ရှင်အတွက် လာအပ်လို့ရှိရင် ပိုပြီးတော့ ကြိုးစားချင်စိတ်ရှိတာပေါ့။ ကောင်းပါတယ်” လို့ ဝေကြီး ကပြောပြခဲ့ပါတယ်။
မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ယခုအခါ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီတော်မြတ်ကြီးရေရှည်တည် တံ့ခိုင်မြဲစေရေးနှင့် ငလျင်ဒဏ်ခံနိုင်စေရေးအတွင်းလှိုင်ခေါင်းကြံ့ခိုင်မှုပြင်ဆင်ခြင်းကို ဆောင်ရွက်နေဆဲကာလဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် မိုးရာသီမရောက်မီ စံချိန်စံညွှန်းနှင့်အညီ အ ချိန်မီပြီးစီးရေး တာဝန်ရှိသူအဆင့်ဆင့်မှ အနီးကပ်ကြီး ကြပ်ရမည်ဖြစ်ကာ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရာတွင် အများပြည်သူ၏ လှူဒါန်းငွေများဖြင့်ဆောင်ရွက်ခြင်းဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျသုံးစွဲရန် ရင်ပြင်တော်ပေါ်ရှိတည်ဆောက်ပြီးလုပ်ငန်းများအား လုံး ရေရှည်တည်တံ့စေရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန်လည်း မှာကြားခဲ့ကြောင်း...