Friday, May 1, 2026

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း...

AYA Bank Tri Nations...

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Bank Tri Nations Cup 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်းကို...

နိုင်ငံသားများ ပြည်တွင်း၌ အေးချမ်းစွာ အလုပ်လုပ်ကိုင်နိုင်ရေး...

နိုင်ငံသားအားလုံး နိုင်ငံတော်၏ အရိပ်ဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်...

ဒဂုံတောင်ပိုင်း ခရီးသွားများအတွက်သတင်းကောင်း၊ YBS-27 ယာဉ်လိုင်း...

ရန်ကုန်မြို့နေ ခရီးသွားပြည်သူများသွားလာရေး ပိုမိုအဆင်ပြေစေရန်အတွက် Trans Link ကုမ္ပဏီ၏ စီမံမှုအောက်တွင် ပြေးဆွဲနေသည့် YBS-27 ယာဉ်လိုင်းကို ယနေ့ မေလ...
HomeCelebrities' Newsကိုယ်​ဘာကြိုက်​လဲ ဆိုတာ ဘ၀မှာ...

ကိုယ်​ဘာကြိုက်​လဲ ဆိုတာ ဘ၀မှာ ရှာ​ဖွေဖို့ပါပဲလို့ ဆိုတဲ့ ​ဇော်​၀င်းထွဋ်

ကိုယ်​ယုံကြည်​ရာ ဂီတလမ်းကို ​လျှောက်​ကြမယ့်​ လူငယ်​ဂီတသမား ​တွေအတွက်​ ၀ါရင့်​ဂီတသမားကြီး ဖြစ်​တဲ့ ​ဇော်​၀င်းထွဋ်​က အခုလိုအကြံ​ပေးစကားဆိုပါတယ်​။

“အဓိကက​တော့ ကိုယ်​ဘာကြိုက်​လဲဆိုတာ ဘ၀မှာရှာ​ဖွေဖို့ပါပဲ။ ကျွန်​​တော်​တို့ကလည်း ​ရှေ့မှာ ကိုယ့်​ အ​တွေ့အကြုံအရ ​ပြောတာ​ပေါ့။ ကိုယ်​မလိုချင်​တာ​တွေ၊ ကိုယ်​တကယ်​မကြိုက်​တာ​တွေကို ရှာ​ဖွေရင်းနဲ့ အချိန်​​တွေဖြုန်းခဲ့ကြတာကိုး။ အဲဒီ​တော့ ဘ၀ဟာ တိုတို​လေးဖြစ်​တဲ့ အတွက်​ ဘ၀ကို အရသာရှိရှိသုံး​ဆောင်​ပြီး​တော့ အချိန်​​တွေကို ဖြတ်​သန်းဖို့ပဲ အကြံ​ပေးချင်​ပါတယ်​” လို့ ​ဇော်​၀င်းထွဋ်​ က ​ပြောပါတယ်​။ အခု​ခေတ်​လို နာမည်​ကြီးရင်​ပြီး​ရော၊ ​ပေါ်ပင်​​တွေများတဲ့​ခေတ်​မှာ ဂီတသမားစစ်​စစ်​​တွေ အတွက်​ အချိန်​တန်​ရင်​ စကား​ပြောသွားလိမ့်​မယ်​လို့ သုံးသပ်​ပြသွားတဲ့ ဦးညီထွဋ်​က…

“အဓိကက ၂ မျိုးရှိပါတယ်​။ ကျွန်​​တော်​တို့က နာမည်​ကြီးချင်​လို့၊ ​အောင်​မြင်​ချင်​လို့ လုပ်​တယ်​ဆိုရင်​​တော့ အို​ကေတယ်​​လေ။ သူနာမည်​ကြီးတာပဲ။ ​အောင်​မြင်​တာပဲဆို​တော့ အဆင်​​ပြေတယ်​။ ကျွန်​​တော်​တို့ လုပ်​တဲ့ပုံစံက​တော့ အဲ့ဒီလို မဟုတ်​ဘူး​ပေါ့​နော်​။ ကိုယ်​ကမလုပ်ရရင်​ မ​နေနိုင်​လို့ ကိုယ့်​​ရွေးချယ်​မှုတစ်​ခုအ​နေနဲ့လုပ်​ရတာကိုး။ အဲဒီ​တော့ နာမည်​မကြီးလည်း ကျွန်​​တော်​တို့က လုပ်​​နေရမယ်​ ဆိုတဲ့သ​ဘော​တော့ရှိတာ​ပေါ့။ အဲဒီ​တော့ တကယ့်​ Musician နဲ့ သူ့ဘာသာသူစန်းထပြီး​တော့ နာမည်​ကြီးတာနဲ့​တော့ မတူဘူး​ပေါ့။ ကျွန်​​တော်​တို့က အဲဒီလို စန်းထပြီး​ နာမည်​မကြီးချင်​ဘူး​ပေါ့​နော်​။ အဲဒီလိုကြီးရင်​ ကျွန်​​တော်​တို့အတွက်​ ​တော်​​တော်​ ဒုက္ခ​ရောက်​တာ​ပေါ့။ အဲဒီလိုဖြစ်​​နေရင်​ ဘာမှန်းညာမှန်းမသိဘဲနဲ့ ကိုယ်​ကလည်း ဘာဆက်​လုပ်​ရမှန်းမသိ။ အဲဒီလိုဘ၀မျိုး ​ရောက်​ခဲ့ဖူးပါတယ်​ ကိုယ့်​ကို ဘာမှန်းမသိဘဲနဲ့ စွတ်​ကြပ်​ပြီး​တော့ ဒုက္ခ​ရောက်​တာ​ပေါ့။ အဲဒီလိုဖြစ်​တဲ့ က​လေး​တွေကိုလည်း ဘ၀မှာတစ်​ခါ​တော့ ထိပ်​ဆုံး ​ရောက်​ဖူးတာ​ပေါ့။ ဒါ​ပေမယ့်​အားလုံး က အချိန်​တန်​ရင်​​တော့ပြီးသွားမှာပါ”လို့ ​ပြောပြခဲ့ပါတယ်​။

မျိုး​မောင်​၊
ဓာတ်​ပုံ-​အောင်​​ဇော်​မင်း

Ads Space Available


Continue reading

တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ဝင်တိုက် ကားမောင်းသူခေါင်းခန်းအတွင်းညပ်ပြီး‌ေ-သဆုံး

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေး-လှိုင်သာယာသွားကားလမ်းတွင် ယနေ့ မေ ၁ ရက်နံနက် ၅ နာရီ ၄၃ မိနစ်ခန့်က ဆီဘောက်ဆာကားလမ်းဘေးသစ်ပင်ကို ဝင်တို-က်မိခဲ့မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာရှိ တွံတေး-လှိုင်သာ ယာသွားကားလမ်းတွင် ဆီဘောက်ဆာကားမှ လမ်းဘေးသစ်ပင်ကိုဝင်တို-က်မိခဲ့ပြီး ကားမောင်းသူသည် ခေါင်းခန်းအတွင်းညပ်နေသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် ခေါင်းခန်းအတွင်းညပ်နေသည့်ကားမောင်းသူမှာ ထိခို-က်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာတွင်‌ေ-သဆုံးသွားခဲ့သဖြင့် ရုပ်အလေ-ာင်းအား စိတ္တသုခလူမှုကူညီရေးအသင်းက တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

AYA Bank Tri Nations Cup 2026 အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမကစားသမား ၃၅ ဦးဖြင့် စခန်းသွင်းလေ့ကျင့်မှုစတင်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AYA Bank Tri Nations Cup 2026 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ပဏာမလူစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ထုတ်ပြန်လိုက်ပြီဖြစ်သည်။ လေ့ကျင့်မှုနှင့် လူစာရင်း ဇွန်လအတွင်း ကျင်းပမည့် အဆိုပါ နိုင်ငံတကာခြေစမ်းပွဲ (International Women’s Friendly Matches) တွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် မြန်မာအမျိုးသမီးအသင်းသည် ပဏာမကစားသမား (၃၅) ဦးဖြင့် ဧပြီလ (၂၇) ရက်မှ စတင်ကာ စခန်းသွင်းလေ့ကျင့်နေပြီဖြစ်သည်။ အဆိုပါလူစာရင်းတွင်...

နိုင်ငံသားများ ပြည်တွင်း၌ အေးချမ်းစွာ အလုပ်လုပ်ကိုင်နိုင်ရေး ဝန်ကြီးဌာနများက ဝိုင်းဝန်းဖော်ဆောင်ပေးရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

နိုင်ငံသားအားလုံး နိုင်ငံတော်၏ အရိပ်ဝါသအောက်တွင် ပျော်ရွှင်အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် ပြည်ပသို့ သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာ အလုပ်လုပ်ကိုင်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းပြောကြားလိုက်သည်။ ယနေ့ မေလ ၁ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတက ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းခွင်နှင့် ဘဝလုံခြုံမှု ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအချို့တွင် မတရားဖိနှိပ်ခံရမှုများ ရှိနေကြောင်း သိရှိရသဖြင့် ပြည်ပသို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071