တရုတ်လိုပြောပြီး သရုပ်ဆောင်ရတာ အခက်အခဲရှိခဲ့တဲ့ ခိုင်သင်းကြည်

0
337

ဇာတ်ရုပ်မျိုးစုံကို ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် ဆယ်စုနှစ် နှစ်ခုကျော် ပရိသတ်ချစ်ခင်အား ပေးမှု ရရှိထားသူကတော့ သရုပ် ဆောင် ခိုင်သင်းကြည်ပါ။ သူကတော့ လက်ရှိမှာ ရုံတင်ပြသလျက်ရှိတဲ့ ”တရုတ်မလေးကို ချစ်တယ်” ဟာသ ရုပ်ရှင်ဇာတ်ကားမှာ လူမင်း၊ ခန့်စည် သူ၊ ထွန်းအိâန္ဒာဗိုစတဲ့သရုပ်ဆောင် များနဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကတော့ ခန့်စည်သူ၊ ထွန်းအိန္ဒြာဗို၊ ခိုင်သင်းကြည်တို့သုံးယောက်တို့ရဲ့ ခသုံးလုံး ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ် ရိုက်ကူးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပါဝင်သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ခိုင်သင်းကြည်က ခုလို ပြောပြခဲ့ပါတယ်။

”တရုတ်လို ပြောတာကတော့ အခက်အခဲရှိတယ်။ ရိုက်နေရင်းနဲ့တော့ ပိုပီလာကြတာပေါ့။ ကားလည်း ပြီးသွားတော့ အကုန်လုံးပီသွားတယ်။ ရိုက်တုန်းကတော့ ကြိုးစားပြီး ပြောကြရတာပေါ့။ ဒီကားကို မခိုင်လေး တို့ ရိုက်တုန်းကလည်း ဒီလို ဖေဖော် ဝါရီလမှာဘဲ ရိုက်ခဲ့ကြတာပါ။ မခိုင် လေးတို့ကတော့ မအေးလောက် တော့ ဘူးထင်ပြီးသွားရိုက်ကြတာ။ တကယ်တော် ပိုအေးနေတယ်။ ဝတ် ရတာတွေလည်း လက်တိုလက်ပြတ် တွေများတယ်။ အရမ်းချမ်းတယ်။ ရိုက်ပြီးတာနဲ့ ချက်ချင်းအနွေးထည် ကောက် ဝတ်ရတယ်။ ရိုက်တော့မယ် ဆိုရင် အနွေးထည်ပြတ်ချွတ် အဲ့လို ရိုက်ရတယ်။ ပြီးတော့ မခိုင်လေးက ဒီကားထဲမှာ ဝက်သားအရမ်းကြိုက်တယ်။ တကယ်တော့ အပြင်မှာ မခိုင်လေးက ဝက်သားလုံးဝမစားဘူး။ ဒီကားမှာ မခိုင်လေးရယ် ကိုခန့်ရယ် အန်တီဝါကြီးရယ်က ဝက်သားစားတဲ့ အခန်းရိုက်ရတယ်။ အဲဒီသုံးယောက် လုံးကအပြင်မှာ ဝက်သားလုံးဝမစားဘူး။ အဲဒါကို ပဲလိပ်ကျော်တွေ စား ပြီး ရိုက်ရတယ်။ အမှတ်တရတွေ လည်း အများကြီးပါဘဲ။ အရမ်းလည်း ပျော်စရာကောင်းခဲ့ပါတယ်”လို့ ပြော ပြခဲ့ပါတယ်။

Online မှာ လူကြိုက်များနေတဲ့ သမီးဖြစ်သူ စံထိပ်ထားဦးရဲ့ Tik Tok နဲ့ ပတ်သက်ပြီးလည်း …

”မခိုင်လေးတို့ ဝါအိုက်နီ် Page ကိုကိုင်တဲ့သူတွေက ထိပ်ထိပ်က Tik Tok တွေလုပ်တာ အရမ်းတော်တယ်။ ထိပ်ထိပ်လေးကို လုပ်ခိုင်းပါလားဆို တော့ အမှန်တော့ ကိုယ်ကလည်း Tik Tok တွေ ဝင်ကြည့်လိုက်တော့ သဘောကျသွားတယ်။ ဆူတောင် ဆူ လိုက်သေးတယ်။ သမီးစာရော ကျက်ရဲ့လား စာကြည့်စားပွဲမှာလည်း Tik Tok တွေဆော့နေတယ်။ အဲ့တော့ သူကိုလုပ်ပါလားဆိုတော့ ကြာနေပြီ သူလည်း ကျောင်းစားတွေနဲ့ မအားဘူး။ ကြော်ငြာလေးကြည့်ပြီး သူသဘောကျသွားတယ်။ ကြော်ငြာ ထဲကဟာနဲ့ လုပ်လိုက်မယ်ဆိုတော့ လုပ်လိုက်ဆိုပြီး လုပ်ခိုင်းလိုက်တာ။ သူဟာနဲ့သူ တရုတ်ဝတ်စုံလေးနဲ့ သူဟာသူပြင်ပြီးလုပ်လိုက်တာ ပြန်ပြတော့ ကိုယ်သဘောကျတာနဲ့ တင်လိုက်တာပါ။ သူက တရုတ်နဲ့ ပိုတူတယ် အဖေဘက်လိုက်တော့။ တင်လိုက်တော့ ပရိသတ်တွေ သဘောကြတယ်။ အကုန်လိုက် လုပ်ကြတယ်” လို့လည်း သရုပ်ဆောင်ခိုင်သင်းကြည်က ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်
ဓာတ်ပုံ – မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here