စီးပွားရေးလုပ်ငန်းတွေလေ့လာနေပြီဖြစ်တဲ့ နန်းသူဇာ

0
260

မော်ဒယ်လ်လောကထဲကနေ အနုပညာလောကထဲကို ဝင်ရောက် လာပြီး သရုပ်ဆောင်၊ အဆိုတော်ပါ လုပ်နေခဲ့တဲ့ သူကတော့ နန်းသူဇာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင်မှုလည်း နည်းလာသလို အဆို ပိုင်းလည်း သိပ်မဆိုဖြစ်တဲ့ အကြောင်းကို မေးကြည့်တဲ့အခါမှာတော့ နန်းသူဇာက ”ဒီရက်ပိုင်းတွေက နန်းသူဇာ ရုပ်ရှင်လည်း ရိုက်ရတာ မရှိဘူး။ ဂီတပိုင်းလည်း လုပ်ဖြစ်တာ မရှိဘူး။ ပွဲတွေ တက်တယ်။ ခရီးတွေ ပဲ ထွက်ဖြစ်နေတယ်။ အနုပညာ အလုပ်စဝင်ကတည်းက Photo Model တစ်ယောက်အနေနဲ့ ဝင်ခဲ့တာပေါ့နော်။ ဒါပေမယ့် နန်းသူဇာသီချင်း တွေလုပ်တော့လည်း အားပေးတဲ့ ပရိသတ်တွေတွေတော့ နန်းသူဇာ ဝမ်းသာမိတယ်။ ပုံမှန်ထက် ပိုအားပေးတဲ့သူတွေ တွေ့ခဲ့တော့လည်း အားဖြစ်တယ်ပေါ့နော်။ ဒါပေမယ့် ကိုယ်အရမ်းအားသန်တဲ့ဘက် မဟုတ်တော့ အမြဲတမ်းကိုယ်တိုင်ကလည်း သီချင်း မရေးတတ်တော့ အိုင်ဒီယာတွေကလည်း မထွက်ဘူးပေါ့နော်။ အဲဒီတော့ ကိုယ်ကိုယ်တိုင်ကလည်း နည်းနည်းအားနည်းတယ်လို့ မြင်မိပါတယ်။ အမှတ်တရအနေနဲ့သီချင်း နှစ်ပုဒ်တော့ ကြံထားပါတယ်။ (ရယ်လျက်)။ နန်းသူဇာတို့အတွက် သီချင်းသွင်းရတာလည်း မလွယ်ဘူးလေ။ လည်ချောင်းကလည်း နုတာလား ဘာလားတော့ မသိဘူး။ သီချင်းသွင်းရင် အသံတွေဝင်ပြီး လည်ချောင်းက ရှရှသွားတော့ ဦးဇော်ဝင်းထွဋ်အသံမျိုး ဖြစ်သွားတော့ ခဏ ခဏပြန်သွင်းရတော့ အချိန်တွေကြာကုန်မိ ပြီး ပရိသတ်ဆီရောက်ဖို့ အချိန်တွေ ကြာသွားတာပါ” လို့ ပြောပါတယ်။

အနုပညာပိုင်းတွေ မဟုတ်ဘဲ စီးပွားရေးလုပ်ငန်းတွေကို စတင်လုပ် နေပြီဆိုတဲ့ နန်းသူဇာက ”နန်းသူဇာ အခုအွန်လိုင်းမှာ ပေ့ခ်ျထောင်ပြီး ကင်မရာ ရောင်းနေတယ်။ (ရယ်လျက်)။ အခုမှစရောင်းတော့ အခက်အခဲလေးတွေတော့ ရှိတာပေါ့နော်။ ဒါပေမယ့်လည်း အကောင်းဆုံး ကြိုးစားတယ်။ အိမ်မှာရှိတဲ့ သူတွေမှန်သမျှလည်း မနေရဘူး။ အကုန်ဝိုင်း လုပ်ပေးကြရတယ်။ ချစ်သူကလည်း အကြံဥာဏ်ပေးပြီး ကူညီပါတယ်။ ပထမဆုံးစလုပ်တဲ့ စီးပွားရေးလေး မို့လို့ အခက်အခဲတွေ အများကြီးရှိပါတယ်” လို့ စီးပွားရေးလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here