ရင်​ထဲက ဂန္ထဝင်​တေးများလို့ အမည်​ပေးထားတဲ့ သီချင်းခွေအသစ်​ထွက်​ရှိတော့မယ့် အိအိမွန်​၊ အိအိချွန်

0
203

မြန် မာသံစဉ် တွေကို တလေးတစားနဲ့ နားထောင် နေတဲ့ ပရိသတ် တွေ အတွက် အမြဲတမ်းလိုလို မြန် မာသံစဉ် သီချင်းတွေကို ဖျော် ဖြေတင် ဆက် နေတဲ့ အနုပညာညီအစ် မတွေကတော့ အိအိမွန် နဲ့ အိအိချွန် တို့ပဲ ဖြစ် ပါတယ် ။ အခု အခါလည်း ပရိသတ် ကြီးအတွက် ရင် ထဲက ဂန္နဝင် တေးများလို့ အမည် ရတဲ့ မြန် မာသံ စဉ် သီချင်းခွေအသစ် ကို မကြာခင် အချိန် အတွင်းမှာ ဖြန့် ချိတော့မှာဖြစ် ပါတယ် ။ အဆိုပါ သီချင်းခွေသစ် ထွက် ရှိမှာနဲ့ပတ် သက် ပြီး အိအိမွန် က . . .

”သီချင်းက စုစုပေါင်း ၁၃ ပုဒ် ပါတယ် ။ တစ် ယောက် ချင်းစီက ၅ ပုဒ်၊ နှစ် ယောက် ဆိုတော့ ၁ဝ ပုဒ် ၊ ညီမ နှစ် ယောက် စုံတွဲက ၃ ပုဒ် ပါမယ် ။ သီချင်း တွေကတော့ ဟိုခေတ် က သီချင်းကောင်းလေးတွကို ပြန် လည် သီဆိုထားတယ်။ ချွန် လေးက ငယ် ချစ် ဟောင်းနဲ့ ဆောင်းအိုရှင် ၊ ပေဖူးလွှာ၊ သီတာရေစင် တို့ အဲဒီလိုသီချင်း ပုံစံမျိုးတွေပါ။ မွန် ကတော့ တမာလမ်းကို ပြန် ခဲ့ပါ၊ ပန်း ပိတောက် တွေ ကြွေရာမြေ၊ ဆောင်းနှင်းမြူနဲ့ ကိုယ့် ချစ် သူ၊ အဲဒီလိုပုံစံမျိုးတွေ ပါ။ အရင်က သီချင်းကောင်းတွေကို ပြန်လည် ဆိုရတဲ့အချိန်မှာ တအားလည်း ပီတိဖြစ်တယ်။ ပြန်ဆိုရတာ တာဝန်လည်းကြီးတယ်။ ကိုယ်ငယ်ငယ်လေး ကတည်းက ကြားဖူးနားဝရှိခဲ့တဲ့ သီချင်းတွေကို အထပ် ထပ် အခါခါနားထောင်ပြီး သင်ကြားပေးတဲ့ ဆရာတွေရဲ့ကျေးဇူးတွေကြောင့်လည်းပါတယ်။ ဒီသီချင်းတွေကို ပြန်ဆိုရတဲ့အတွက် ပညာတွေလည်း တိုးတယ်” လို့ ပြောပြခဲ့ပါတယ်။

ညီအစ် မနှစ် ယောက် တွဲပြီး သီချင်းတွေဆိုတဲ့အတွက် ပွဲတွေ သွားရင် အားဖြစ် မိတယ် ဆိုတာကိုလည်း အိအိချွန် က . . .

”ပွဲတွေဆိုရင် လည်း အားအရမ်းရှိ တယ် ။ တစ် ယောက် ကို တစ် ယောက် ဖေးမပြီးတော့ တူတူဆိုရတဲ့ အခါမျိုး မှာ တအားလည်း ပျော် တယ် ။သူ့လို အပ် ချက် လေးတွေ ကိုယ် က လုပ် ပေး လိုက် ၊ ကိုယ့် လိုအပ် ချက် လေးတွေ သူကလုပ် လေးလိုက် နဲ့ တစ် ယောက် ကို တစ် ယောက် အမြဲတမ်းလိုလို ကူညီဖြစ် တယ် ။ အစ် မက သူ့မိသားစုကိုလည်း သူဂရုစိုက် တယ် ။ ချွန် လေးကို လည်း သူဂရုစိုက် တယ် ။ ပြီးတော့ ညီအစ် မနှစ် ယောက် လုံးကလည်း မြန် မာသံစဉ် ကို ချစ် မြတ် နိုးတယ် ။ မြန်မာသံစဉ် ကိုပဲ အမြဲတမ်းဆိုဖြစ် တယ်’ ‘ လို့လည်း ပြောပြခဲ့ပါသေးတယ်။

သီချင်းကောင်းတွေကို ပြန် ဆိုရတဲ့အပေါ် တာဝန် ကြီးတယ် ဆိုတာကို လည်း အိအိမွန် က . . .

”ဒီသီချင်းတွေက တအားကောင်းခဲ့တဲ့ သီချင်းတွေလေ။ အိအိချွန် ၊ အိအိမွန် တို့ ပြန် ဆိုမှ ပျက် သွားမှာလည်း စိုးရိမ် တယ်။ သေချာလေး လည်း ပြန် ဆိုထားပါတယ် ။ အတီးဆိုရင် လည်း စန္ဒရားဇော် မင်းဦးက အကောင်း ဆုံး တီးခတ်ပေးထားတယ် ။ ဒါရိုက် တာက ကိုဖိုးသောကြာက မေတ္တာဖြင့် ကူညီပြီး ရိုက် ပေးတယ် ။ Vocal Guide အနေနဲ့ ဆရာရဲထိုက် က အကောင်းဆုံးလုပ်ပေး ထားတယ်။ ဒီအခွေကို ၂ လပိုင်း ၃ လပိုင်းထွက် မလို့ လုပ် လိုက် တဲ့အချိန် မှာ သင်္ကြန် နဲ့ တအားကပ် သွားတယ် ။ အဲဒါကြောင့်  ၅ လ ပိုင်း ၆ လပိုင်းထွက်ဖို့ စီစဉ် ထားပါတယ် ။ ဒီအခွေက ၇ ခွေမြောက် ပေါ့နော် ။ နောက် ထပ်လည်း ထပ် ထွက် ဖို့ ရှိပါတယ် ”လို့ပြောပြခဲ့ပါသေးတယ် ။

ခိုင် ဝါဝင်း ၊

ဓာတ် ပုံ-ဇော် ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here