နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကိုယ်သေပြီလို့ ထင်လိုက်တယ် ထားထက်ထက်

0
276

လှမယ်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အချိန်အထိ ပရိသတ်တွေအတွက်အသစ်အသစ်တွေပေးနိုင်အောင် အမြဲတမ်းကြိုးစားနေသူကတော့ ထားထက်ထက်ပါ။ ကျန်းမာရေး အခြေအနေမကောင်းတာကြောင့် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူကာ အခုအချိန်မှာတော့ အနည်းငယ် သက်သာနေပြီလို့ ထားထက်ထက်က ပြောပြပါတယ်။

”ကျန်းမာရေးက အခုအချိန်အထိ ပြန်မကောင်းသေးဘူး။ စစတုန်းက ရိုးရိုးဖျားတာပြီးတော့ အဖျားက ၁ဝ၅ လောက်အထိ ဖြစ်သွားတယ်။ အဖျားက လုံးဝမကျဘူး။ အဖျားမကျတော့ အပူတွေကန်ပြီး အဖုတွေ ထွက်လာတယ်။ ဝက်သက်ပေါက် သလိုမျိုးဖြစ်တယ်။ နေမကောင်းဖြစ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ်သေ ပြီဆိုပြီး စိတ်လျော့လိုက်တယ်။ ထားထက်အိပ်ပျော်နေရင်းနဲ့ အသက်ရှု ရပ်သွားတာမျိုးတွေဖြစ်တယ်။ ထားထက်စိတ်လျော့လိုက်တဲ့ အချိန်မှာအေးချမ်းပြီး သာယာတဲ့နေရာတွေကို ရောက်သွားတယ်။ ထားထက်ကိုယ့် ကိုယ်ကိုယ်သေသွားပြီလို့ ထင်ထားတာ။ ဒါပေမဲ့ ကံကောင်းစွာနဲ့ အသက်ပြန်ရှင်လာတယ်။ ထားထက်ကို စိတ်ပူပေးနေတဲ့ ထားထက်ကို ချစ်တဲ့သူတွေ အားလုံးကိုလည်း ကျေးဇူး တင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

နေမကောင်းဖြစ်နေတဲ့အချိန် မှာ အနုပညာအလုပ်တွေ နားလိုက် ရတဲ့အကြောင်းကိုလည်း ….

”ထားထက်နေမကောင်းဖြစ်နေ တဲ့အချိန်မှာ Activity တွေ၊ Programme တွေ၊ ကြော်ငြာတွေ၊ သင်တန်းတွေ၊ ရုပ်ရှင်ကားကြီးတွေ အကုန်ဖြတ်ရတယ်။ အကုန်နားရ တယ်။ ၂ဝ၁၉ မှာ ဘယ်လမှာ ဘာလုပ်မယ်။ ဘာကားရိုက်မယ်ဆိုပြီး ထားထက် Plan ချထားတာ တွေ ရှိတယ်။ နေမကောင်းဖြစ်နေတော့ အကုန်လက်လွှတ်လိုက်ရတယ်။ အခု နေပြန်ကောင်း လာရင်ထားထက် လုပ်စရာ ရှိတာတွေ အကုန်လုပ်မယ်။ ထားထက် နေမကောင်းဖြစ်နေတဲ့ အချိန်မှာ ဘာမှမစားနိုင်ဘူး။ ဝမ်းတွေ တအားသွားတယ်။ အခုပြန်အား ရှိအောင် အစားတွေ စားတယ်။ အားဆေးတွေ ပုံမှန်သောက်တယ်။ နေ ကောင်းအောင် ကြိုးစားနေတယ်။ ပရိသတ်တွေအတွက်လည်း နေကောင်းသွားလို့ရှိရင် အနုပညာ အလုပ် တွေ ပိုပြီးလုပ်သွားဖို့ ကြိုးစားနေတယ်။” လို့ပြောပြခဲ့ပါတယ်။

ခိုင်ဝါဝင်း၊ ဓာတ်ပုံ-ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here