မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍ ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှမီးသတ်တပ်ဖွဲ့ဝင်များ၊ သန္တိသုခလူမှုကူညီရေးအသင်းဝင်များကငြှိမ်းသတ်ခဲ့ကြ၍ ညနေ ၄ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အမျိုးသား(၁)ဦးတွင် မီးလောင်ဒဏ်ရာများရရှိခဲ့သဖြင့် ပြင်ဦးလွင်လူမှုကူညီရေးအသင်းက ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
