Modelling အပိုင်းကို ပိုအောင်မြင်စေချင်တယ် ရွှေအိမ်စည်

0
153

မော်ဒယ်လ်နဲ့ သရုပ်ဆောင် ရွှေအိမ်စည်ကတော့ လတ်တလောမှာ ဒါရိုက်တာ ရာဇဝင်ကိုရိုက်ကူးပြီး ရဲရင့် အောင်၊ အိန္ဒြာကျော်ဇင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Jin Party ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် နေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်ရတဲ့ ကာရိုက်တာနဲ့ ပတ်သက်ပြီး ရွှေအိမ်စည်က . . .

”အိမ်စည်က ဒီဇာတ်ကားထဲမှာ မော်ဒယ်လ်တစ် ယောက်အနေနဲ့ပဲပါတာပါ။ ကြိုတင်ပြင်ဆင်မှုတွေ ကတော့ အဝတ်အစားပိုင်းပဲရှိပါတယ်။ ကျန်တာကတော့ သိပ်ထွေ ထွေထူးထူး မရှိပါဘူး”လို့ ပြောပါ တယ်။

သရုပ်ဆောင်ပိုင်းနဲ့မဟုတ်ဘဲ Modelling အပိုင်းနဲ့ အနုပညာ လောကထဲကို ဦးတည်ချင်ပြီး မြန်မာနိုင်ငံရဲ့ Modelling အပိုင်းကို လည်း နိုင်ငံတကာကို သိသွားအောင် ကြိုးစားချင်တဲ့အကြောင်းကိုလည်း ရွှေအိမ်စည်က . . .

”အိမ်စည် Modelling အပိုင်းကို ဒီထက်မက အောင် မြင်အောင် လုပ်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Modelling က တအားကြီး မြန်မာနိုင်ငံမှာ ဟော့ဖြစ်တဲ့ အထဲမှာ မပါဘူး။ ဒီထက်မက ပိုပြီးစိတ်ဝင် စားဖို့ကောင်း အောင် ဘယ်လိုမျိုး လုပ်ရင် ကောင်းမလဲ။ လှုပ်ခါသွား အောင်ပေါ့။ အဲဒီလိုအစီအစဉ်လေး တွေလည်း လုပ်ဖို့ရှိပါ တယ်။ မြန်မာနိုင်ငံရဲ့ Modelling ပိုင်းနဲ့ပတ်သက် ပြီး တိုးတက်မှုတွေ အများကြီး ရှိနိုင်တယ်လို့ အိမ်စည်မြင်တယ်။ ဒါပေမဲ့ မတွင်ကျယ်သေးတာလည်း ကောင်းတယ်။ ကောင်း တယ်ဆိုတာက ဒီထက်မက ပိုပြီးကောင်းလာဖို့ပဲ ရှိတော့ တယ်။ ဒါပေမဲ့ ဒါဟာလည်း တခြားနိုင်ငံ investment တွေ များလာမှလည်း ကိုယ်တွေအလုပ်ပိုရ မှာလေ။ အခုဟာ ကကျတော့ ပြောရ မယ်ဆိုရင် international brand တစ်ခု ဝင်လာတယ်ဆိုတာ တအား ရှားနေသေးတယ်လေ။ ရှားနေ သေးတော့အဲဒီတစ်ခုဝင်လာလို့ရှိရင်ပိုပြီးတော့ တွင်ကျယ် သွားမှာပေါ့။ အခုကျတော့ အားလုံးက အနုပညာ ရှင်တိုင်းက မော်ဒယ်လ်လည်း လုပ်ရင်လုပ်မယ်။ အဆိုတော်လည်း လုပ်ရင်လုပ်မယ်။ အဲဒီလိုမျိုး မျှတပြီးတော့ လုပ်ရမယ့် အခြေအနေမှာ ရှိတယ်လေ။ တစ်ခုထဲသွားဖို့ အဆင်မပြေတဲ့ အခိုက်အတန့်ပေါ့။ ဒါပေမဲ့လည်း ဒါတွေ မကြာခင် ပြောင်း လဲသွားမယ်လို့ အိမ်စည်ယုံကြည်တယ်။ ယုံကြည်တဲ့ အတိုင်းတိုင်းအိမ်စည်ဘက်ကလည်း အကောင်းဆုံး ကြိုးစား မယ်။ မော်ဒယ်လ်အနေနဲ့ ဦးဆောင်ပြီး ကိုယ်လုပ်နိုင်တဲ့ အပိုင်းကနေ အကောင်းဆုံး ကြိုးစားသွားမယ်” လို့ ပြောပါတယ်။

သဲစုလှိုင်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here