အခုခေတ်လူငယ်တွေက ဝင်းဦးကို နောက်စရာ လူအဖြစ် သတ်မှတ်တာ စိတ်မကောင်းဘူး ရန်အောင်

0
452

တစ်ခေတ်တစ်ခါက အောင်မြင် ကျော်ကြားတဲ့အနုပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ ဝင်းဦးလို စွယ်စုံရအနုပ ညာရှင်နဲ့ တူတဲ့အနုပညာရှင်အဖြစ် ယနေ့ခေတ်မှာ နှိုင်းယှဉ်ခံရသူ ကတော့ အကယ်ဒမီများရှင် ရန် အောင်ပါ။ ဝင်းဦးလို သရုပ်ဆောင် ပိုင်းရော အဆိုပိုင်းမှာပါ ထူးချွန်တဲ့အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရန် အောင်ကတော့ သူ့အနေနဲ့ ဝင်းဦးနဲ့ နှိုင်းယှဉ်ခံရပေမယ့် ဝမ်းသာပေမယ့် ဝင်းဦးကိုတော့ မမှီပါဘူးလို့ ဆိုပါ တယ်။ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ရက်မှာတော့ ဝင်းဦး ကွယ်လွန်တာ နှစ်၃ဝ ပြည့်ခဲ့ပါပြီ။ ဝင်းဦးကွယ်လွန်ခြင်း နှစ် ၃ဝပြည့်အမှတ်တရအနေနဲ့ ဝင်းဦးနဲ့ အမှတ်တရအကြောင်းအရာတွေကို ရန်အောင်က အခုလိုပြောပြခဲ့ပါတယ်။

”ကိုဝင်းဦးနဲ့ ကျွန်တော်နဲ့က ပရိသတ်တွေရဲ့ အမြင်ထဲမှာရော အသံရော၊ ဟန်ရော ပါးပါးလေးတူတယ်ပေါ့။ မြန်မာသံဆိုရင်လည်း ကိုဝင်းဦးလည်း မြန်မာသံကောင်းခဲ့တယ်။ ကျွန်တော်လည်း မြန်မာသံဆိုတာကို ပိုပြီးကြိုက်နှစ် သက်တယ်။ ကိုဝင်းဦးသီချင်းတွေ ပြန်ဆိုတဲ့အခါမှာလည်း ကိုဝင်းဦးလို အသံမျိုးမဟုတ်တောင်မှ သူ့လိုတုန်းမျိုး၊ ဖလိုးမျိုး ကြိုးစားပြီးဆိုသွားတယ်။ အဲဒီတော့ သွားတူတယ်ဆိုတော့ ကျွန်တော်အရမ်းဝမ်းသာတယ်။ သိပ်တော်တဲ့ အနုပညာရှင်ပါ။ ၁၉၈၈ ခုနှစ်က ဆုံးသွားတယ်။ အရေးအခင်းဖြစ်တဲ့ကာလ ကြီးပေါ့။ တကယ်ယူ ကျုံးမရဘူး။ ကိုဝင်းဦးနဲ့ အပြင်မှာလည်း ခင်ခဲ့ပါတယ်။ အမှတ်တရ တအားဖြစ်တယ်။ မှတ်မှတ်ရရအပြင်မှာ ကိုဝင်းဦးနဲ့ နှစ်ခါကောင်း ကောင်းစကားပြောခဲ့ဖူးတယ်။ သူ့ဆီက ပညာတွေလဲ အများကြီးလေ့လာ ချင်တာ။ သူက ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်း၊ လုပ်လိုက်လို့ ရှိရင်လည်း သူရိုက်ပြလိုက်တဲ့ ဇာတ်ကား တွေက အခုအချိန်ပြန်ကြည့် အခုပညာရတယ်။ ချစ်သူ ရွေးမယ် ချစ်ဝဲလယ်ကိုပဲကြည့်ကြည့်၊ ကျောက်မဲအကျဉ်း သားလို ဇာတ်ကားမျိုးပဲ ကြည့်ကြည့်၊ မှုံရွှေရည်ပဲ ကြည့် ကြည့် သူ့ရဲ့ဖန်တီးမှု၊ တင်ပြမှု၊ အနုပညာတွေက သိပ်တော်တာပဲ။ ဒီဇာတ် တစ်ခုကို ကိုင်တွယ်တဲ့အခါမှာ ဒီဇာတ်ထဲမှာ သူ့ရဲ့အသွေးအသားထဲမှာရော၊ သူထွက်တဲ့ စကားလုံးထဲမှာရော ဇာတ်နဲ့ပတ်သက်တာအကုန် ထွက်တယ်။ အကုန်လုံးက သူ့ပါးစပ်ထဲမှာ ဖြစ်နေတာ။ အဲဒါကို အရုပ်အဖြစ်တင်ပြတာလည်း တအားကောင်း တယ်။ လိုက်တင်ထိုးတာ တအားကောင်းတယ်။ ကျွန်တော်တို့က သူ့ကိုမှီကိုမမှီတာ။ သူနဲ့ယှဉ်ရ တာကို ဝမ်းသာတယ်။ အခုနောက်လာတဲ့ မျိုးဆက်သစ်တွေကို ကိုဝင်းဦးကိုမသိတဲ့သူ တွေ ရှိတယ်။ အဲဒါကိုအပြစ်မပြောပါဘူး။ ဒီနိုင်ငံအနေအထားအရ ဇာတ်ကားတွေ ပြန်မပြတာနဲ့ ဇာတ်ကားဟောင်းတွေ ပြန်မကြည့်ရတာကြောင့်ပေါ့။ ကိုဝင်းဦး ကို ဘယ်လို သတ်မှတ်လဲဆိုတော့ နောက်စရာလူလို့ သတ်မှတ်တာကို တော့ စိတ်မကောင်းပါဘူး။ နောက် တယ်ဆိုတာကလည်း စတိုင်ရှိလို့ စတားဖြစ်တာလေ။ သူ့အသံမှာ စတိုင်ရှိတယ်။ သူ့ဟန်မှာစတိုင် ရှိတယ်။ အဲဒါကြောင့် နောက်တာကို အပြစ်မပြောဘူး။ ဒါပေမဲ့ နောက်တာ လဲ နောက်ပါ။ သူ့ရဲ့ပညာတွေကိုလည်း မြင်အောင်ကြည့်ပါ” လို့ ရန်အောင်က ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here