မေရီနဲ့ကြည်ပြာ…

0
120

မေရီ နဲ့ ကြည်ပြာဟာ ကြည်ပြာနဲ့ မေရီဖြစ်ပါတယ်။ သူတို့ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက် ပါ။

သူမတို့နှစ်ဦးဟာ စာဖတ်ကြ တာချင်းလည်း တူပါတယ်။ ဒါပေမဲ့ သူတို့ရွေးချယ်ဖတ်ကြတဲ့ စာပေအမျိုး အစားချင်းကတော့ မတူကြပါဘူး။ မေရီက ဘိုဆန်ဖက်ရှင်ကျပြီး၊ ဘာသာ ပြန် အပျော်ဝတÄုတွေကို စွဲစွဲလမ်း လမ်းဖတ်တယ်။ ကြည်ပြာကတော့ မေရီဖတ်တဲ့ အပျော်ဖတ်စာတွေကို မဖတ်၊ ကြည်ပြာဖတ်တာက စိတ် ပညာဆိုင်ရာ စာမျိုး၊ အတွေးအခေါ်နဲ့ ဒဿနပါတဲ့ စာမျိုး၊ ဝတÄုမျိုးတွေကို သာ ဖတ်တယ်။

ဒါပေမဲ့ ဒီလိုအခြေခံတွေ ကွဲလွဲ နေပေမယ့် သူတို့နှစ်ယောက်မှာ တူ ညီတဲ့ရည်ရွယ်ချက်မျိုးတော့ ရှိကြ တယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ”အိမ်ထောင်ပြုရင် ဇိမ်ကျကျထားနိုင် မယ့် ယောက်ျားကိုပဲ ယူမယ်”ဆိုတဲ့ သဘောမျိုးရှိကြတယ်။ တူကြတယ်။

တစ်ရက်မှာ သူတို့နှစ်ဦးပင် လယ်ကမ်းခြေတစ်ခုကို အပန်းဖြေ သွားကြတယ်။ အဲသလို သူတို့နှစ်ဦး အပန်းဖြေနေကြစဉ်မှာ တန်ဖိုးကြီးလှ တဲ့ ဇိမ်ခံရွက်လှေကြီးတစ်စင်း သူတို့ ရှေ့ကနေ ရွက်တိုက်သွားတာကို သူ တို့ တွေ့လိုက်ရတယ်။

ဒီအခါ မေရီက ဇိမ်ခံရွက်လှေ ကြီးကိုကြည့်ပြီး

”ငါတော့ မီလျံနာ သူဌေးကြီး တစ်ယောက်ကို လက်ထပ်ချင်တယ်။ ကြည်ပြာ …”

မေရီက သူ့သဘောထားကို ဒီလို ပြောလိုက်တဲ့အခါ ကြည်ပြာက သူလည်း ယောက်ျားယူရင် ဇိမ်နဲ့နေရ မှာဆိုတာ တူပေမယ့် မေရီ့လို မီလျံ နာ သူဌေးကြီးစင်စစ်ကိုတော့ ကြည် ပြာ စိတ်မဝင်စား။ ရလည်း မယူချင်။ ဒါကြောင့်

 

”မေရီ ကိုယ်ကတော့ မင်းပြော တဲ့ မီလျံနာစစ်စစ်ကြီးမျိုး ‘နား’တယ် အလကားရတောင် နိုးပဲ …”
x x x x x

ကာလတွေ ကြာခဲ့ပြီ။ ။

မေရီရော ကြည်ပြာရော သူတို့ အိမ်ထောင်ပြုလိုတဲ့ ယောက်ျားတွေ နဲ့ အိမ်ထောင်ကျကုန်ကြပါပြီ။ မေရီ ကလည်း သူရချင်တဲ့ မီလျံနာသူဌေး ကြီးတစ်ဦးနဲ့ အိမ်ထောင်ကျပြီး၊ ကြည်ပြာကလည်း သူ့စိတ်ကြိုက်ရွေး ချယ်ခဲ့တဲ့ ယောက်ျားနဲ့ အကြောင်းပါ ခဲ့ဖြစ်ပါတယ်။

သူတို့နှစ်ဦး ပြန်တွေ့ချိန်မှာ တော့ ဟိုတုန်းက အမြဲတမ်းပျော်ရွှင် ပေါ့ပါး တက်ြ<ွကနေတတ်တဲ့ မေရီ ဟာ မပျော်ရွှင်မပေါ့ပါး မတက်ြ<ွကဘဲ ဖြစ်နေတာကို ကြည်ပြာတွေ့ရတယ်။ ကြည်ပြာကတော့ မေရီနဲ့ ဆန့်ကျင် ဘက်၊ ပျော်ရွှင်ပေါ့ပါးတက်ြ<ွကလို့။ ပြီးတော့ ဖလန်းဖလန်းနဲ့။

ဒီတော့ မေရီက သူတို့သူငယ် ချင်းနှစ်ယောက် ယူထားတဲ့ လင် ယောက်ျားတွေကို ယှဉ်ပြီးစဉ်းစား ကြည့်တယ်။ မေရီ့ယောက်ျားဟာ မီ လျံနာသူဌေးကြီးဖြစ်ပေမယ့် သူ့လုပ် ငန်းတွေအတွက် အမြဲပူပင်ရတယ်။ ငါ …သူဌေးဆိုတဲ့ မာနနဲ့ ဒေါသ ကြီးတယ်။ တစ်ဖက်သားကို အနိုင် ယူချင်တယ်။ နှမြောတယ်။ ဇနီး မယားကို ချောင်ထိုးထားချင်တယ်။ ပြီးတော့ မေရီက ကြည်ပြာ့ယောက်ျား အကြောင်း ဆက်စဉ်းစားတယ်။ ကြည်ပြာ့ယောက်ျားက သူ့ယောက်ျား လို မီလျံနာမဟုတ်ပေမယ့် အသင့် အတင့် ငွေကြေးပိုင်ဆိုင်သူ။ သူ့ စီး ပွားရေးလုပ်ငန်းကလည်း ကြီးကျယ် တဲ့ စီးပွားရေးလုပ်ငန်းမဟုတ်ကြောင်း မေရီသိထားတယ်။

ပြဿနာက ယောက်ျားချမ်းသာ တယ်။ မိန်းမမချမ်းသာဘူးဆိုတဲ့ ပြဿနာ။ ဒီပြဿနာမှာ ‘အဖြေ’ ရှိရ မယ်လို့ မေရီယုံတယ်။ ဒီအဖြေကို ဖြေနိုင်သူကလည်း ကြည်ပြာပဲဖြစ်ရ မယ်လို့ မေရီနားလည်တယ်။ ဒီ အဖြေသိချင်လို့ မေရီက ကြည်ပြာ့ကို မေးတော့ ကြည်ပြာ့အဖြေက ရှင်း ရှင်းလေး။

”မေရီ …နင့်ယောက်ျားက မီလျံနာစစ်စစ်ကြီး ငါယူထားတဲ့ယော က်ျားက …သူ့ကိုယ်သူ မီလျံနာလို့ ထင်နေတဲ့လူ …”

စောဘရန်ငြိမ်


LEAVE A REPLY

Please enter your comment!
Please enter your name here