ပညာရေး အထောက်အကူပြု သမိုင်းပြတိုက်ကို မန္တလေးတက္ကသိုလ်မှာ ဖွင့်လှစ်နိုင်တော့မည်

0
347

သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းကို ဂုဏ်ပြုသောအားဖြင့် ပညာရေးအထောက်အကူပြု သမိုင်း ပြတိုက်ကို မန္တလေးတက္ကသိုလ် သမိုင်းဌာနက ဒီဇင်ဘာလ ၂၇ ရက် နေ့မှာ စတင်ဖွင့်လှစ်တော့မှာဖြစ် ကြောင်း သိရပါတယ်။

”ဆရာကြီး ဒေါက်တာသန်း ထွန်း လက်ထက်စုဆောင်းခဲ့တာတွေ၊ ကျွန်တော့်လက်ထက်ဆက်ပြီး စု ဆောင်းခဲ့တာတွေ၊ သမိုင်းပစ္စည်း ၃ဝဝ ကျော်ကို အခန်း ၃ ခန်းခွဲပြီး ပြသထားပါတယ်”လို့ သမိုင်းပညာ ရှင်၊ မြန်မာ့သမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတက္ကသိုလ် သမိုင်းဌာန အငြိမ်းစားပါမောက္ခဆရာကြီး ဒေါက် တာတိုးလှက ပြောပါတယ်။

”ရှေးဟောင်းသမိုင်းပစ္စည်း အထောက်အထားများနဲ့ ကျောင်းသား ကျောင်းသူတွေ စာသင်ကြားနိုင်ဖို့နဲ့ မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေ တွေကို ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ် တည်ထောင်ထားတာဖြစ်ပါတယ်။ တိမ်မြုပ်နေသလိုဖြစ်နေတဲ့ သမိုင်း ပညာရပ်ကို စိတ်ဝင်စားလာစေဖို့လည်း ရည်ရွယ်ပါတယ်။ ပြတိုက်ဖွင့်လိုက်တဲ့ အတွက် စိတ်ဝင်စားလာကြမယ်လို့ မျှော် လင့်ပါတယ်။” လို့ မန္တလေးတက္ကသိုလ် သမိုင်းဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာရီရီဝင်းက ပြောပါတယ်။

သမိုင်းပြတိုက် ပြခန်း သုံးခန်း တွင် မြန်မာသမိုင်းဖြစ်ပေါ်တိုးတက် လာမှုနဲ့ မြန်မာတို့မြေပုံရေးဆွဲပုံ၊ နန်း တွင်းဓလေ့နဲ့ သစ်သားပန်းပု လက်ရာ တွေ၊ စာပေပညာပေါ်ထွန်း တိုးတက် လာပုံနဲ့ ကျောက်စာမှင်ကူးပုံများ၊ ပုရပိုက်မြေပုံများ၊ သစ်ထွင်းပန်းချီ များ၊ နံရံဆေးရေးပန်းချီများ၊ အဝတ် ပန်းချီ၊ ကျောက်ထွင်းလက်ရာပုံများ၊ ကျောက်လက်နက်များ၊ ကျောက် ဆင်းတုတော်များ၊ ပျူအရိုး အိုးနဲ့အိုး များ၊ ပျူဒင်္ဂါးများ၊ သစ်သား ပန်းပု လက်ရာများ၊ နန်းတွင်းသုံးပစ္စည်း များ၊ သာသနိကအဆောက် အဦဆိုင် ရာပစ္စည်းများ၊ သာမန်ပြည်သူတို့ အသုံးအဆောင်များ၊ ရှေးခေတ် အဝတ်အထည်များ၊ ကျောက်စာ များ၊ သင်ပန်းပျဉ်စာ၊ စာတိုက် သေတ္တာနဲ့ ပေပုရပိုက်များ ခင်းကျင်း ပြသထားကြောင်း သိရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here