အိန္ဒိယမင်းသား Gagan Malik ဟာ မကြာ သေးမီအချိန်က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံကိုရောက်တဲ့အချိန် မြန်မာနိုင်ငံရဲ့ ဘယ် အရာတွေကို စိတ်ဝင်စားသလဲလို့ မေးကြည့်တဲ့အခါမှာ တော့ Gagan Malik က ”အခုက ကျွန်တော့် ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ပဲဖြစ်ပါတယ်။ အတွေ့အကြုံတွေကတော့ မယုံနိုင်လောက်အောင်ပါပဲ။
မြန်မာပြည်သူပြည်သားတွေ ကို အမှန်တကယ်ပဲ ကျွန်တော်ချစ်ခင်ပါတယ်။ နွေးထွေးမှုကို ကျွန်တော်ရတယ်။ ဒါက မယုံနိုင်လောက်အောင်ပါပဲ။ ကျွန်တော် မြန်မာနိုင်ငံကို အခုမှ ရောက်တာ ပထမဆုံး အကြိမ်ပါ။ ဖြည်းဖြည်းချင်း မြန်မာကားတွေကို ကြည့်သွား မယ်။ ကျွန်တော့်အတွက် အခွင့်အရေးရခဲ့ မယ်ဆိုရင်ပေါ့။ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေနဲ့ မိတ်ဆက်ပေးမယ်။ မြန်မာ့ရုပ်ရှင်လုပ်ငန်းက ဘယ်လိုဘယ်ပုံ လုပ်ကိုင်နေကြ သလဲဆိုတာရောပေါ့။ ကျွန်တော်ဆိုလိုတာက ပူးတွဲလုပ် ဆောင်မှု တစ်ခုခုပြောတာပါ။ ဘောလိဝုဒ်က ထုတ်လုပ်သူ၊ ဒါရိုက်တာတွေနဲ့ အတူ လက်တွဲလုပ်ကိုင်ကြတာမျိုးကို ကျွန်တော်လုပ်ချင်တယ်”လို့ ပြောပါတယ်။
မြန်မာပြည်ကို နောက်ထပ်ထပ်လာဖို့ အစီအစဉ်ရှိသေး လားလို့ ဆက်မေးတော့ Gagan Malik က…
”ကျွန်တော် ကတော့ မြန်မာပြည်ကို ခဏခဏထပ်ထပ်ပြီး လာဦးမှာပါ။ အမှန်တကယ်ကို မြန်မာနိုင်ငံက ကျွန်တော့်ရင်ကို နွေးထွေး စေပါတယ်။ အားပေးတဲ့ပရိသတ်တွေအတွက်လည်း ကျွန်တော်အကောင်း ဆုံးဆုတောင်းပေးပါတယ်။ အားလုံး ကို ပေးချင်တဲ့ တစ်ခုတည်းသော သတင်းစကားကတော့ ဓမ္မရဲ့လမ်းစဉ် နောက်ကို ယုံယုံကြည်ကြည်လိုက်ပါ” လို့ ပြောချင်ပါတယ်။
သဲစုလှိုင်