ပဉ္စမအကြိမ် သက်ကြီးသတင်းစာ ပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကျင်းပ

0
253

ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ရန်ကုန်မြို့တော်ခန်းမတွင် ပဉ္စမ အကြိမ်မြောက် သက်ကြီး သတင်းစာ ပညာရှင်ကြီးများ ပူဇော် ကန်တော့ ပွဲကို ကျင်းပခဲ့သည်။

”ကျွန်တော်တို့ ဒီမြန်မာနိုင်ငံ သတင်းစာဆရာအသင်းကြီးကို ဘယ် သူ့ဆီက၊ ဘယ်အဖွဲ့အစည်းဆီကမှ အထောက်အပံ့မခံဘဲ သီးခြားလွတ် လပ်တဲ့၊ အမှီခိုကင်းတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်လာအောင် ကျွန် တော်တို့ ကြိုးပမ်းထူထောင်ခဲ့တယ်။ ၂ဝ၁၂ ခုနှစ် သြဂုတ် ၁၁ ရက်မှာ သတင်းစာ ဆရာအသင်းကြီး ပြန်လည်ပေါ် ပေါက်လာခဲ့တယ်ဟု မြန်မာနိုင်ငံ သ တင်းစာဆရာအသင်းဥက္ကဋ္ဌဦးမြတ် ခိုင်က ပြောကြားလိုက်သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦး အုန်းကြိုင်(ဟံသာဝတီဦးအုန်းကြိုင်)က မုဒိတာစကားပြောကြားခဲ့ပြီး မြန် မာနိုင်ငံသတင်းစာဆရာအသင်း အထွေထွေအတွင်းရေးမှူး ဦးသာ ဇော်၊ သက်ကြီးကန်တော့ခံသတင်းစာ ဆရာကြီးများ ကိုယ်စား သတင်းစာ ဆရာကြီး ဦးထွန်းရှိန် (နတ်မောက် ထွန်းရှိန်)၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း တွဲဖက်အတွင်းရေးမှူး (၁)ဒေါ်အိအိတင်တို့က ကျေးဇူးတင် စကား ပြောကြားခဲ့သည်။


ယခုနှစ်တွင် သက်ကြီးသတင်း စာပညာရှင် ၁၃ဝ ဦးကို တစ်ဦးလျှင် ငွေသားကျပ် တစ်သိန်းစီနှင့် ကန် တော့ ပစ္စည်းများကို ပေးအပ်နိုင်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအသီး သီးမှ ကန်တော့ခံ သက်ကြီးပညာရှင် ၉၈ ဦးက ကိုယ်တိုင်တက်ရောက် ကန်တော့ခံခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရတာဝန်ရှိသူများ၊ အလှူရှင် များ၊ သတင်းစာဆရာအသင်းဝင် များနှင့် သတင်းစာဆရာများ တက် ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here