အာရှပစိဖိတ်ဒေသတွင် အာဟာရချို့တဲ့မှု တိုးပွားလာ၊ ဘေးဥပါဒ်ကင်းသည့် အစားအသောက်က ကလေးငယ်များ ကြီးထွားဖွံ့ ဖြိုးရန်အတွက် အဓိကဖြစ်နေ

0
191


ယခုနှစ် နိုဝင်ဘာလက ဘန် ကောက်တွင် ပြုလုပ်ခဲ့သည့် ကုလ သမဂ္ဂအဖွဲ့ဝင်လေးနိုင်ငံ တွေ့ဆုံပွဲ အပြီးတွင် ထုတ်ပြန်လိုက်သည့် အစီ ရင်ခံစာအရ အာရှပစိဖိတ်ဒေသက ကလေးငယ်အများစုသည် ဘေးကင်း သည့် အစားအစာနှင့် ရေတို့ကို အလွယ်တကူ မရရှိခြင်းမှာ အာဟာ ရချို့တဲ့မှုပြဿနာ၏ ရင်းမြစ်တစ်ခု ဖြစ်လျှက်ရှိနေပါသည်။

Tetra Pak Myanmar Limited မှ Key Account Director ဖြစ်သူ Mr.Chee Choy Tang က ”မှန်ကန်တဲ့ ရင်းမြစ်ကနေ ထုတ်ယူ ထားတဲ့ နွားနို့ထုတ်ကုန်တွေက အပူ ပေးတဲ့အချိန်၊ အလင်းရောင်၊ အောက် ဆီဂျင်တို့နဲ့ အလွယ်တကူ ဓာတ်ပြုနိုင် လို့ ကျွန်တော်တို့က စားသုံးသူတွေရဲ့ ကျန်းမာရေးနဲ့ နွားနို့ထဲက အာဟာရ တွေကို စောင့်ရှောက်ဖို့အတွက် ထုတ် လုပ်မှုနဲ့ ထုတ်ပိုးမှု အဆင့်အဆင့်မှာ သေချာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ Tetra Pak ရဲ့ ပိုးသတ်ထားတဲ့ ကတ် ထူစက္ကူဘူးနဲ့ ထုတ်ပိုးထားတဲ့ UHT နွားနို့ထုတ် ကုန်တွေက နွားနို့ကို ထည့်နေတဲ့ အချိန်တိုလေးအတွင်း မှာ အမြင့်ဆုံး အပူချိန်မှာ ပေါင်းခံ သန့်စင်ထားပေးလို့ ၆ လကနေ ၉ လအတွင်း ရေခဲသေတ္တာထဲမှာ သိမ်း ဆည်းစရာမလိုဘဲ အသုံးပြုနိုင်တဲ့ အပြင် ပေးရတာထက် ထိုက်တန်တဲ့ တန်ဖိုးကို ပြန်လည်ရရှိမှာဖြစ်ပြီး ဘယ်အချိန်မှာပဲ သုံးသုံး စိတ်ချရမှာ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာအပါအဝင် အာရှပစိ ဖိတ်ဒေသတစ်ခွင်တွင် ¤င်းတို့၏ ဆင်းရဲမွဲတေမှု ကျဆင်းလာခြင်းနှင့် စီးပွားရေးမှာ အရှိန်ပြင်းပြင်းဖြင့် ဦး မော့လာနေပြီး ကုလသမဂ္ဂအစီရင်ခံ စာတွင် အစာငတ်မွတ်ခေါင်းပါးမှုနှင့် အာဟာရချို့တဲ့မှုပုံစံအားလုံးကို လျော့ချရာတွင်မူ တိုးတက်မှု နှောင့် နှေးလျက်ရှိသည်ကို မီးမောင်းထိုးပြ နိုင်ခဲ့သည်။ အဆိုပါဒေသများတွင် ပြင်းထန်စွာ အာဟာရချို့တဲ့ခြင်းနှင့် အဝလွန်ခြင်း အစရှိသည့် ကမ္ဘာ့အာ ဟာရချို့တဲ့နေသည့် ကလေးငယ်များ ထက်ဝက်ကျော် တည်ရှိလျက်ရှိနေ သည်။ အစီရင်ခံစာ၏အဆိုအရ အာ ဟာရချို့တဲ့ဆင်းရဲမွဲတေမှုသည် ဘေး ဥပါဒ်မဖြစ်စေသည့် ရေ၊ အစား အစာနှင့် ကျန်းမာရေးဝန်ဆောင်မှု များ အသိပညာဗဟုသုတများနှင့် အစာအာဟာရ၊ ကျန်းမာရေး၊ ရေ နှင့် ကျန်းမာအောင် နေထိုင်ခြင်း ထို ကဲ့သို့အလေ့အကျင့်များကို လက် လှမ်းမမှီခြင်းဖြင့် အစရှိသည့် အကြောင်းအမျိုးမျိုးတို့ကြောင့် ဖြစ် ပေါ်နေရခြင်းဖြစ်ပါသည်။

”အန္တရာယ်ကင်းသော အစား အသောက်”နှင့်ပတ်သက်၍ နား လည်သဘောပေါက်မှု အားနည်းနေ ခြင်းက ကလေးငယ်များအတွက် ဘေးဥပါဒ်မဖြစ်စေသည့် အစားအ သောက်များ သေချာစွာရွေးချယ်စား သုံးရေးအတွက် မိသားစုများ ရင်ဆိုင် နေရသည့် ကြီးမားသော စိန်ခေါ်မှု များထဲမှ တစ်ခုဖြစ်နေသည်။

၂ဝ၁၆ ခုနှစ်တွင် ရန်ကုန်မြို့၌ ရုံးခန်းစတင်ဖွင့်လှစ်ခဲ့သော Tetra Pak သည် မြန်မာနိုင်ငံရှိ UHT နို့ ထွက်ပစ္စည်းများကို ၂ဝ၁၈ ဇန်နဝါရီ လကုန်တွင် ပထမဆုံးဖြန့်ချိသော ဖောက်သည်များ၏ စီးပွားရေးလုပ် ငန်းများ အကျိုးဖြစ်ရန် ရည်ရွယ်ပါ သည်။ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ၂ဝ၂ဝ ခုနှစ်အတွင်း ပိုးမွှားကင်းစင်သည့် ကတ်ထူစက္ကူ ဖြင့် ထုတ်ပိုးမှုကို သန်း ၃ဝဝ အထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပါ သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here