ပခုက္ကူ ဘုတ်ကလပ်မှ ပခုက္ကူမြို့နယ် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ကန်တော့ပွဲ ပထမအကြိမ် ပြုလုပ်ရာ ပီတိများစွာဖြင့် အောင်မြင်

0
250


ဒီဇင်ဘာလ ၉ရက်နေ့ နံနက် ပိုင်းအချိန် ပခုက္ကူဘုတ်ကလပ်မှ ပခုက္ကူမြို့နယ် သက်ကြီးစာ ပညာရှင် များ ပူဇော်ကန်တော့ပွဲပထမအ ကြိမ်ပြုလုပ်ရာ ပီတိများစွာဖြင့်အထူး အောင်မြင်ခဲ့ကြောင်းသိရသည်။

ပခုက္ကူဘုတ်ကလပ်အဖွဲ့သည် ဥက္ကဋ္ဌ စာရေးဆရာမ စိမ်းမြမြ အတွင်းရေး မှူး နေဦးမောင်(ပခုက္ကူ)တို့၏ဦး ဆောင်မှုဖြင့်လည်းကောင်း၊ စာပေ ချစ်မြတ်နိုးသူများ၊ အလှူရှင်များ ပခုက္ကူခရိုင် ပြန်ဆက်အဖွဲ့သား များ ၏ စုပေါင်းစွမ်းအားကြောင့် သက် ကြီးစာပေပညာရှင်များ ပူဇော်ကန် တော့ပွဲသည် ထင်သည်ထက်ပိုမို အောင်မြင်ခဲ့ကြောင်း သိရသည်။အခမ်းအနားကို မြန်မာရိုးရာတေး သံသာများဖြင့် ဧည့်ခံ၍လည်း ကောင်း၊ ကောက်ညှင်းပေါင်း၊ ဘယာ ကြော်အဟာရများဖြင့်လည်းကောင်းပျော်ရွှင်ကြည်နူးစွာ ကျင်းပနိုင်ခဲ့ ကြောင်းသိရသည်။

ပခုက္ကူမြို့နယ်အ တွင်းက ၇၅ နှစ်နှင့်အထက် စာရေး ဆရာကြီး/စာရေးဆရာမကြီး ၁၃ ဦး ကို ပူဇော်ကန်တော့ကြတာဖြစ်ပါ တယ်။ စာရေးဆရာအသင်းဝင် ဝင် မဝင်ဝင်ပူဇော်ကန်တော့တာပါ။တမာမြေမြင့်ရည်၊ စိုးနိုင်(ပခုက္ကူ)၊ လွင်အောင်(ပညာရေး)၊ မအေးငြိမ်း၊ ပန်းချီညို ရွှေသန်း(ကန်တော်)၊ အောင်ထက်၊ ဆွေသန်း(မန်း တက္ကသိုလ်)၊ မဟူရာစောလွင်၊ ပခု က္ကူမောင်မောင်၊ ကျော်မြ(မြစ်ခြေ)၊ ပုရိသ ဒေါက်တာသက်လွင်တို့ကို တစ် ဦးငွေ ၃သောင်း စီနဲ့ လှူဖွယ် ပစ္စည်းများနဲ့ ကန်တော့နိုင်ခဲ့ပါတယ်။နောင်နှစ်တွေမှာ ဒီထက်ပိုစည် ကား အောင်လုပ်ဆောင်သွားမှာပါဟု ကိုနေဦးမောင်ကပြောသည်။

မောင်နန်းဝေ


LEAVE A REPLY

Please enter your comment!
Please enter your name here