အားကစားလုပ်ရင်း ကျန်းမာရေးကို ထိန်းသိမ်းနေကြတဲ့ အနုပညာရှင်များ

0
215

 

လူတိုင်းအတွက် ကျန်းမာရေးဟာ သိပ်ကိုအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အားကစားလုပ်ရင်းနဲ့လည်း ထိန်းသိမ်းနေကြတာတွေ ရှိပါတယ်။ အနုပညာရှင်တွေဆိုရင်လည်း အားလပ်တဲ့အချိန်တွေမှာ အားကစားတွေလုပ်ရင်း သူတို့ရဲ့ကျန်းမာရေးကို ဂရုတစိုက် လုပ်ဆောင်နေကြပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေရဲ့ အာရုံစိုက်ခြင်းကိုခံရတဲ့ အနုပညာရှင်တွေအနေနဲ့ ဘယ်လိုအားကစားမျိုးကို လုပ်ဆောင်ကြလဲဆိုတာကိုသိရဖို့ မေးမြန်းဖော်ပြပေးလိုက်ရပါတယ်။

ဟန်တီ

ဟန်တီဆို ပြိုင်ပွဲမသွားခင် Medical Checkup တွေလည်းလုပ်တယ်။ ဟန်တီအတွက် လိုအပ်တဲ့ ဗီတာမင်တွေ အကုန်လုံးကို မနက်တစ်ခါ ညတစ်ခါ သောက်နေတယ်။ ကျန်းမာရေးအတွက် Gym ဆော့တယ်။ ရေကူးတယ်။ လူတစ်ယောက်က စိတ်လည်းကျန်းမာရမယ်။ ကိုယ်လည်းကျန်းမာရမယ်။ စိတ်နဲ့ပဲ လုပ်လို့မရဘူး။ ကျန်းကျန်း မာမာဖြစ်နေဖို့ အရမ်းအရေးကြီးတယ်။ ကိုယ့်အနေနဲ့ active ဖြစ်နေဖို့၊ လူတစ်ယောက်က ပြောလိုက်တာနဲ့ ချက်ချင်း ထလုပ်နိုင်ဖို့ လူတစ်ယောက်ချော်လဲသွား ရင်တောင် ကိုယ်ကပြန်ထူနိုင်တဲ့ လူ ဖြစ်အောင် ကျန်းမာရေးကိုလည်း ဂရုစိုက်ပြီး ကျန်းမာအောင်နေ တယ်။ အနေအထိုင်၊ အစား အ သောက်ကအစ အတတ်နိုင်ဆုံး ဂရုစိုက်ပြီးနေဖြစ်ပါတယ်။

အားတီ

Gym ကစားတာတော်တော်တော့ကြာသွားပြီ။ အဓိကကတော့ ကျန်းမာရေးကြောင့်ပါ။ ကျွန်တော့်အသက်က ၃၄ နှစ်ရှိပြီလေ။ ၃၄ နှစ် ရှိပြီဆိုတော့ ကျန်းမာရေးကောင်းမွန်ဖို့ အားကစားလိုက်စားတယ်။ ပြီးတော့ ကျွန်တော်က စင်ပေါ်မှာ သက်လုံကောင်းအောင်လည်းပါတာပေါ့။ ကျွန်တော် က စင်ပေါ်မှာပါဖောမန့်နဲ့ ကတာတွေနဲ့ဆိုတော့ ကျန်းမာရေး မကောင်းရင် အဆင်မပြေဘူးလေ။ အဲဒါကြောင့် ကျန်းမာရေးကို ဂရုစိုက်တယ်။ အားကစား လုပ်တယ်။ ဝိတ်ထိန်းဖြစ် တယ်။

Sophia Everest

ပုံမှန်အားဖြင့်ဆိုရင်တော့ ညီမ Gym ပဲသွားဖြစ်ပါတယ်။ ရေကတော့ ငယ်ငယ်လေးကတည်းက ကူးဖြစ်နေတာဆိုတော့ ရေကူးဖြစ်တယ်။ Gym ကစားဖြစ်တယ်။ ညီမအိမ်က ၃ နှစ်သမီးကတည်းက ရေကူးသင် ပေး ထားတော့ ငယ်ငယ်ကတည်းက မနက် ၆ နာရီဆိုရင် ရေကူးကန်ထဲရောက် နေပြီ။ အဲဒီကတည်းကစပြီးတော့ သင်ဖြစ်တာ။ လမ်းတော့မလျှောက်ဖြစ်ဘူး။ ရေကူးတာကတော့ ၈ တန်းလောက်အထိကူးဖြစ်တယ်။ ပြိုင်ပွဲတွေဝင်တယ်။ ရေကူးတဲ့ အားကစားကတော့ အဓိက ထားပြီး လုပ်ဖြစ်တယ်။ Gym တော့ ငယ်ငယ်တုန်း ကမက စားဖြစ်ဘူး။ အားကစားနဲ့ ပတ်သက်ပြီးဆိုရင် ဒီဇင် ဘာလက ရန်ကုန်မှာ တော့ သိပ်တော့မအေး ဘူးပေါ့နော်။ ဘယ်လိုပဲ ဖြစ်ဖြစ်အားကစားလုပ် နေတာကတော့ ဘယ်လ ရယ်မှမဟုတ်ဘူး။ လုပ် နေရင် ပိုကောင်း တယ်။ အသက် အရွယ်မရွေးပေါ့ နော်။


LEAVE A REPLY

Please enter your comment!
Please enter your name here