Thursday, April 23, 2026

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပဲခူးရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဘက်စုံပြု ပြင်မွမ်းမံနေ

ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဘက်စုံပြုပြင်မွမ်းမံမှုများပြုလုပ်လျက်ရှိရာ ပဲခူးတိုင်းဝန်ကြီး ချုပ်ဦးမျိုးဆွေဝင်းက ယနေ့ ဧပြီ ၂၃ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် တိုင်းဝန်ကြီးချုပ်က...

ပြင်ဦးလွင်မြို့တွင် နေအိမ်မီးလောင်မှုဖြစ် အမျိုးသား (၁)ဦးမီးလောင်ဒ_ဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယနေ့ ဧပြီ ၂၃ ရက်ညနေ ၄ နာရီကျော်ခန့်က နေအိမ်တစ်လုံး၌မီးလေ_ာင်မှုဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းထံမှ သိရသည်။ ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၈)ရှိ နေအိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍...
HomeInterviewsရေသောက်ရင်း ရုတ်တရက်ဖြစ်ပေါ် တတ်တဲ့...

ရေသောက်ရင်း ရုတ်တရက်ဖြစ်ပေါ် တတ်တဲ့ အန္တရာယ်တွေကနေ ဘယ်လိုရှောင်ကြမလဲဇင်မာဝမ်း (လက်ထောက် နည်းပြ ၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်း )

မကြာသေးခင်ရက်ပိုင်းတွေက ဘောလုံးကန်နေကြရင်းဖြစ်သွားခဲ့တဲ့ ကိစ္စလေး တွေက အတော်ပင်စိတ်မကောင်းစရာများ ဖြစ်ပါတယ်။ ဘောလုံးကန် ကစားရင်း ရေသောက်ရာကနေ ရုပ်ရှင်သရုပ်ဆောင် မင်းသွေးအပါအဝင် ဘောလုံးအားကစား သမားတချို့နဲ့ ဘောလုံးဝါသနာရှင် တချို့ဆုံးပါးသွားခဲ့ကြပါတယ်။ ဒါတွေက အင်မတန် ဝမ်းနည်းကြေကွဲ ဖွယ်ရာကိစ္စရပ်တွေပဲ ဖြစ်ပါတယ်။ မြန်မာ့လက် ရွေးစင်အမျိုးသမီးဘော လုံးအသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူ ဇင်မာဝမ်း ကလည်း အဲဒီလို ကိစ္စရပ်တွေ ဖြစ်ပေါ်ခဲ့တုန်းက အင်မတန် ဝမ်းနည်းကြေကွဲခဲ့ရ တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

”ဘောလုံးကစားရင်း အဲဒီလိုတွေဖြစ်သွားကြတယ်။ ဘယ်လိုမှ စိတ်မကောင်းနိုင်ဘူး။ အဲဒါကို အမှန်တော့ ကြိုတင်ကာကွယ်လို့ရနိုင်တယ်။ဘောလုံးမကစားခင် Warmly Up အရင်လုပ်ရမယ်။ အဲဒါကတော့ နံပါတ် တစ်အချက်ပဲ။ Warmly Up သေချာလုပ်ပြီးမှ ကစားစေချင်တယ်။ ၁၅ မိနစ်၊ မိနစ် ၂ဝ လောက်ပေါ့။ နောက်တစ်ချက်ကတော့ ဘောလုံးကို နေ့ တိုင်းကစားဖြစ်နေတယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ရုတ်တရက် ပေါ့လေ။ ကစားတာနားပြီးကြာတော့မှ ပြန်ကစားတာမျိုးဆိုရင်တော့ သတိထားရမယ်။ အဲဒါမျိုး အခြေအနေတွေ ဖြစ်နိုင်တယ်။ နောက်တစ်ခုက ရေသောက်နည်းပဲ။ ဘောလုံးကန်ပြီး တအားမောနေတဲ့အချိန်မှာ ရေကို ကမူးရှူးထိုးသွား မသောက်သင့်ဘူး။ အရမ်းအန္တရာယ် များတယ်။ အဲဒီတော့ လုပ်သင့်တာက ခဏလေးအနားယူလိုက်ပြီးမှ ဖြည်း ဖြည်းချင်းသောက်ပါ။ နောက်တစ်ခုက ကိုယ့်ရဲ့ ခံနိုင်ရည်အား ထက် ပိုမကစားသင့်ဘူး။ တချို့ကကွင်းထဲ ရောက်ပြီဆိုရင် ပြန်မထွက်ချင်တော့ဘူးလေ။ တအားကန်ချင်တာ။ အမှန် တော့ ကိုယ့်ခံနိုင်ရည်အားအပေါ်ကို ကြည့်ပြီးမှပဲ လုပ်သင့် တာမျိုးပါ။ ခံနိုင်ရည်အားထက် ပိုကစားတာမျိုး မလုပ်သင့် ပါဘူး။ အဲဒီလိုအချိန် ရောက်လာပြီဆိုရင် ကစားကွင်းကနေ ထွက်ကစားသင့်တယ်။ နောက်တစ်ခုကတော့ AED စက်လိုမျိုးအရာရှိတယ်။ ရုတ်တရက် နှလုံးဆောင့်တက်တာမျိုးကို ကုသပေးတဲ့အရာပါ။ အရေးပေါ်သုံးတဲ့ဟာပါ။ ကိုမင်းသွေးဖြစ်တုန်းကသာ အဲဒီစက်ရှိနေခဲ့မယ်ဆိုရင် အခုလို အခြေအနေဖြစ်မှာ မဟုတ်ဘူးလို့ထင်တယ်။ ကျွန်တော် တို့ဆီမှာတော့ အဲဒီစက်လေးက Training အချိန်တွေမှာတောင်ထားထားတယ်”လို့ ဇင်မာဝမ်းက အကြံပြုစကား ပြောပြပေး တယ်။

တကယ်တော့ အားကစားပြုလုပ်နေကျသူတွေအနေနဲ့ အားကစားသမားတွေ အသုံးပြုတဲ့ ရေဘူးလေးတွေ ဝယ်ယူဆောင်ထားသင့်တယ်လို့ မှတ်ချက်ပြုဆိုတယ်။ အဲဒီ ရေဘူးတွေက ကိုယ်စုပ်သောက်မှ လိုအပ် သလောက် ရေလေးတွေကို ထုတ်ပေး တာကြောင့် ရေသီးတာတွေ ရေနင်တာတွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်တာဖြစ်တယ်။ အဲဒီတော့ အားကစားရေဘူးလေးတွေကို အားကစားသမားတိုင်း ဆောင်ထားစေချင်ကြောင်း ထပ် လောင်းပြောပြတယ်။ သူ့ရဲ့ လက်ရွေးစင်ဘောလုံး အားကစားသက်တမ်း တစ်လျှောက်မှာ တော့ ရေသောက်ခြင်းကိစ္စနဲ့ပတ်သက်ပြီး ရုတ်တရက်ဖြစ်ခဲ့တဲ့ ကိစ္စမျိုးတွေမရှိခဲ့ဘဲ အသင်း ဖော်တွေမှာလည်း အဲဒီလို ကိစ္စရပ်မျိုး မရှိခဲ့ဖူးကြောင်း ဆိုတယ်။ ဘာကြောင့်လဲဆိုတော့ မိမိတို့အသင်းမှာရှိနေတဲ့ ကျန်းမာရေးမှူးတွေက အသိပေးထားတာကြောင့်ဖြစ်ပြီး အဲဒီအသိ စိတ်တွေကြောင့် အားကစားသမားတော်တော်များများ ရေနဲ့ပတ်သက်တဲ့ ကျန်းမာရေးကိစ္စမှာ ပြဿနာဖြစ်မှုမရှိသလောက် နည်းနေခဲ့ရတာဖြစ်တယ်လို့ဆိုတယ်။ အဓိကကတော့ အပြင်မှာ အပျော်တမ်း ဘောလုံးဝါသနာရှင်တွေ ရေသောက်ခြင်းနဲ့ပတ်သက်ပြီး ဂရုစိုက်စေလိုကြောင်း ဆိုပါတယ်။

”နံပါတ်တစ်အချက်ကတော့ Warmly Up ကို ၁၅ မိနစ်ကနေ မိနစ် ၂ဝ ကြား သေချာ လုပ်ပါ။ ပြီးမှဝင်ကစားပါ။ အပျော်တမ်းကစားသူတွေက Warmly Up သေချာမလုပ်ဘဲ ကစား တတ်ကြလို့ပါ။ နံပါတ်နှစ်ကတော့ ရုတ်တရက် ဝင်ကစားတာ မျိုးကနေရှောင်ပါ။ နံပါတ်သုံး အချက်ကတော့ ကွင်းထဲက ထွက်ထွက်လာချင်း မောမောပန်းပန်းနဲ့ ရေသောက်ခြင်းကနေ ရှောင်ပါ။ ခဏနားပြီးမှရေသောက်ပါ။ ဖြစ်နိုင်ရင် အားကစားရေဘူးလေးတွေ ဝယ်ယူပြီး တော့ သောက်ရင်ပိုအဆင်ပြေပါတယ်။ နံပါတ်လေးအချက်ကတော့ ကိုယ့်ရဲ့ခံနိုင်ရည် အား ထက်ပိုမကစားပါနဲ့။ မောရင်ထွက်နားပါ။ ပြီးမှပြန်ဝင်ကစားပါ။ အဲဒါလေးတွေ သတိထားကြ ပါလို့ ပြောချင်ပါတယ်”လို့ ဇင်မာဝမ်းက ပြောပြပေးခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ- ထက်လူ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071