ပရိသတ်နဲ့ အလှမ်း ဝေးနေတဲ့မိုးစက်ဝိုင် ဘာတွေ လုပ်ဖြစ်နေလဲ

0
130

Miss Myanmar Universe 2013 အဖြစ် ရွေးချယ်ခံရပြီးနောက် သရုပ်ဆောင်လောကထဲကို ဝင် ရောက်ခဲ့တဲ့ အလှမယ် မိုးစက်ဝိုင်က လတ်တလောမှာ အနုပညာလှုပ်ရှား မှုတွေ မရှိသလောက် နည်းပါးနေပြီး ဓာတ်ပုံတချို့ကိုသာ ရိုက်ကူးဖြစ် နေပါတယ်။ ပရိသတ်တွေနဲ့လည်း အနည်းငယ် အလှမ်းဝေးနေတဲ့ သူ့ကို လတ်တလောမှာ ဘာတွေ လုပ်ဖြစ် နေလဲလို့ မေးမြန်းကြည့်တဲ့အခါ…

”Photo Shooting တွေ ရိုက် ဖြစ်တယ်။ ကျန်တာတွေတော့ ထွေ ထွေထူးထူး မလုပ်ဖြစ်ဘူး။ မိုးစက် အနုပညာမလုပ်လို့ စီးပွားရေးတွေ လုပ်ဖြစ်နေလားဆိုတော့လည်း စီးပွားရေးလည်း အများကြီး လုပ်ဖြစ် နေတာ မဟုတ်ပါဘူး။ မိုးစက် ဒီနှစ် ထဲမှာ မိုးစက်ရဲ့ ကျန်းမာရေးအ ခြေအနေတွေရော မိုးစက်ရဲ့ မိသားစု ကိစ္စတွေရော အစုံပေါ့နော်။ အဲဒါ တွေကြောင့် အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်ဘူး။ အရင်ကတည်း ကလည်း မိုးစက်အနုပညာ အလုပ် တွေ တအားကြီးလည်း မလုပ် ဖြစ်ပါ ဘူး။ မိုးစက်က အလုပ်လုပ်တာ အေးဆေးပဲ လုပ်တတ်တော့ ပရိ သတ်တွေအတွက် အေးနေတယ်လို့ ထင်နေရတာပါ။ ပြီးတော့ ဒီနှစ်က လည်း မိုးစက်အတွက် ဒီအချိန်ထိ သိပ်ပြီး မကောင်းသေးဘူး (ရယ် လျက်)။ မိုးစက်ရဲ့အချစ်ဆုံး ခွေးလေး လည်း ဆုံးသွားတယ်။ အဲဒီလိုပေါ့ တိုက်ဆိုင်မှုတွေလည်း ရှိနေတယ်။ အခု မိုးစက် စီးပွားရေး ကိုလည်း ကြိုးစားနေတယ်။ မိုးစက်ရဲ့ Moezy Product ကိုလည်းနဲ့ ထုတ်ကုန် အသစ်တွေ ထုတ်နိုင်အောင်လည်း လုပ်နေပါတယ်” လို့ မိုးစက်ဝိုင်က ပြောပါ တယ်။

ရုပ်ရှင်နဲ့ပတ်သက်ပြီး ကိုယ်ပိုင် ထုတ်လုပ်ရေးအနေနဲ့ ဇာတ်ကားတွေ ရိုက်ကူးမယ်လို့ မိုးစက်ဝိုင်က ပြောဖူး တာမို့ အခုလက်ရှိမှာ ဘယ်အခြေ အနေထိ ရောက်နေပြီလဲလို့ မေး ကြည့်တဲ့အခါမှာတော့…

”ကိုယ်တိုင် ထုတ်လုပ်ပြီး ဇာတ် ကားရိုက်ကူးဖို့ ရှိပါတယ်။ အခုထိက မသေချာသေးလို့ အသေးစိတ်တော့ ပြောလို့မရသေးဘူးဖြစ်နေတယ်။ အကုန်လုံး သေချာသွားပြီဆိုရင် ပရိသတ်ကို အရင်ဆုံး အသိပေးမှာ ပါ။ မိုးစက်ကို ဒီနေ့ဒီအချိန်ထိ အားပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင်ပါတယ်။ မိုးစက်လည်း အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစား နေပါတယ်။ ဆက်လက်ပြီးလည်း အားပေးကြပါဦး” လို့ အားပေးတဲ့ ပရိသတ်တွေကို မိုးစက်ဝိုင်က ပြော ပြခဲ့ပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here