မြန်မာနိုင်ငံသဘင်အစည်းအရုံးသည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သည့် အခက်အခဲရှိသော သဘင်မိသားစုဝင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာ ဆက်လက်သင်ယူနိုင်ရေးအတွက် ပညာသင်ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ဇွန် ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ အစီအစဉ်သည် သဘင်မိသားစုဝင် သားသမီးများ၏ ပညာရေးအောင်မြင်မှုကို ဂုဏ်ပြုအားပေးရန်နှင့် ပညာရေးဆက်လက်သင်ယူရန် အခက်အခဲကြုံတွေ့နေရသူများအား ထောက်ပံ့ကူညီပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ကိုယ်ရေးအကျဉ်း၊ သဘင်မျိုးဆက်စစ်မှန်ကြောင်း အထောက်အထား၊ တက္ကသိုလ်ပညာ ဆက်လက်သင်ယူရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ပြထားသော တင်ပြချက်တို့နှင့်အတူ သက်ဆိုင်ရာ မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် သဘင်အစည်းအရုံးများမှတစ်ဆင့် သို့မဟုတ် ဗဟိုသဘင်ရုံးသို့ တိုက်ရိုက်ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။
လျှောက်လွှာများကို ဇူလိုင် ၁၅ ရက် နောက်ဆုံးထား၍ လက်ခံသွားမည်ဖြစ်ပြီး ပညာသင်ဆုအစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၃၆၄၀၉၈၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးက အသိပေးထားသည်။
