မင်းသွေးမရှိတော့ပေမယ့်လည်း အဖွဲ့ကို ဆက်လက်ဖွဲ့စည်းထားမှာဖြစ်ပြီး အလှူအတန်းတွေ အမြဲလုပ်သွားမယ့် မင်းသွေးနဲ့ ဆွေမျိုးတစ်သိုက်

0
171

သရုပ်ဆောင်၊ အဆိုတော်မင်း သွေးက ပရိသတ်တွေကို ချစ်ခင်သူ ဖြစ်သလို အလှူအတန်းတွေလည်း အမြဲမပြတ်လုပ်ဆောင်လေ့ရှိသူတစ်ဦးပါ။ သူဟာ သူ့ပရိသတ်တွေနဲ့ အ တူတူ အလှူအတန်းတွေ ပြုလုပ်ချင် တဲ့အတွက် မင်းသွေးနဲ့ ဆွေမျိုးတစ် သိုက်အဖွဲ့ကို ဖွဲ့စည်းကာ အလှူအ တန်းတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို သူ ရုတ်တရက်ကွယ်လွန်သွားတဲ့ အချိန်မှာလည်း ဒီအဖွဲ့ကို ဆက် လက်တည်မြဲအောင်လုပ်ဆောင်သွား ကြမယ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မသီတာသွေးက ပြောပြပါတယ်။ ဒါ့ အပြင် မင်းသွေးကွယ်လွန်ခြင်း တစ် လပြည့်နေ့မှာလည်း မင်းသွေးနဲ့ဆွေ မျိုးတစ်သိုက် အဖွဲ့သားအားလုံးက အလှူအတန်းတွေပြုလုပ်သွားမှာဖြစ် ပါတယ်။

”အမျိုးနဲ့ ပထမဆုံး ဘုရား လှူ ထားဖူးတဲ့ ထောက်ကြန့်က YGW ကျောင်းလေးမှာ အလှူလုပ်ပေးပါ့ မယ်။ အစ်မတို့အနေနဲ့ အမျိုးချစ်တဲ့ အဖွဲ့လေးကို ဆက်ပြီးဖွဲ့ထားဦးမှာပါ။

အမြဲပဲမင်းသွေးနဲ့ ဆွေမျိုးတစ်သိုက် အမည်နဲ့ပဲ အမှတ်တရနေ့လေးတွေ ရောက်ရင် တတ်နိုင်တဲ့ အလှူလေး တွေ လုပ်ဖြစ်နေမှာပါ။ သူကတော့ သူသွားရမယ့် လမ်းကိုသွားနှင့်ပြီ။ကျန်ခဲ့တဲ့ သူတွေကတော့ သတိတရ တွေ ဖြစ်ကျန်ခဲ့တာပေါ့။ သူသွားတဲ့ လမ်းမှာ ဖြောင့်ဖြူးစေဖို့ ကျန်ခဲ့တဲ့ သူ့ကိုချစ်တဲ့သူတွေက အတတ်နိုင်ဆုံး အလှူလေးတွေ လုပ်ပေးဖြစ်နေမယ်။ရောက်ရာအရပ်ကနေ သာဓုခေါ် နိုင်ပါစေလို့ ဆုတောင်းပေးနေမယ်။အမျိုး ကြားနိုင်ပါစေ။ သိနိုင်ပါစေ နော်”လို့ မင်းသွေးနဲ့ပတ်သက်လို့ အလှူအတန်းတွေ ပြုလုပ်သွားမယ့် အကြောင်းနဲ့ ဆွေမျိုးတစ်သိုက်အဖွဲ့ ကို ဆက်လက်ဖွဲ့စည်းသွားမယ့် အကြောင်းကို မသီတာသွေးက ပြော ပြခဲ့ပါတယ်။

ဆွေမျိုးတစ်သိုက်အဖွဲ့က သူတို့ ချစ်တဲ့ မင်းသွေးကို အမျိုးလို့ ခေါ်ကြ ပါတယ်။ အမျိုးလို့ခေါ်ဖြစ်ပုံကို လည်း …

”အစက We Love Minn Thway လို့ဖွဲ့တာကို မင်းသွေးကသား ဆွေမျိုးတွေလိုပဲမို့ မင်းသွေးနဲ့ ဆွေ မျိုးတစ်သိုက်လို့ ပြောင်းလိုက်ပြီး နောက်ပိုင်း မင်းသွေးကိုယ်တိုင်က အစ်မတို့ကို အမျိုးလို့ ခေါ်တယ်။အစ်မတို့ အားလုံးက အမျိုးလို့ ပြန် ခေါ်တယ်။ အစ်မထက်ငယ်တော့ အစ်မက အမျိုးပဲပေါ့။ ကျန်တဲ့သူ တွေက အမျိုးအစ်ကို၊ အမျိုးဂိုဏ်း ချုပ်ကြီးလို့ ခေါ်တယ်။ သူအမိန့်ပေး ချင်ရင်..သူက ပုံ အမျိုးဂိုဏ်းချုပ်လို့ ပြောတယ်”လို့ မသီတာသွေးက ပြော ပြပါတယ်။

လင်းအက္ခရာ

 


LEAVE A REPLY

Please enter your comment!
Please enter your name here