Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeMusicကပြားအခွေ (သို့မဟုတ်) မုန်တိုင်းအကြောင်း...

ကပြားအခွေ (သို့မဟုတ်) မုန်တိုင်းအကြောင်း ပြောပြတဲ့ ဖြူဖြူကျော်သိန်း

အမေရိကန်အဆိုတော် Lancifer နဲ့ ဖြူဖြူကျော်သိန်းရဲ့ ‘Storm’ Album က ထူးခြားတယ်။ ဖြူဖြူ ကျော်သိန်းကို EDM ပုံစံနဲ့ထပ်တွေ့ရဦးမယ်။ ပြီးတော့ Lancifer ကရော မြန်မာပြည် ဂီတလောကထဲကို ဝင်ရောက်လာတဲ့အတွေ့အကြုံအသစ်လည်းဖြစ်တယ်။

”ပထမဦးဆုံး တွဲလုပ်ရတဲ့အခါမှာ အဆင်တော့ပြေပါတယ်။ ဖြူဖြူတို့ Native Speaker လိုမျိုးပြောရတာလေး တစ်ခုပါပဲ(ရယ်လျက်)။ ကျန်တာကတော့ တော် တော်လေးအဆင်ပြေတယ်။ ပထမဦးဆုံးအစပျိုးတာကတော့ Miracle သီချင်းပေါ့။ လွန်ခဲ့တဲ့ ၆လလောက်တုန်းက အဲဒီသီချင်းလေးထွက်ဖြစ်တယ်။ ဒီ Miracle သီ ချင်းလေးကို အားပေးခံရတဲ့အပေါ်မှာမူတည်ပြီးတော့ ဖြူဖြူတို့ Storm အခွေ လေးဖြစ်ဖို့အတွက် ခွန်အားရလာတာပါ။ ဒီနာမည်လေးကို မှည့်ဖြစ်တာကလည်း အခွေ Title အတွက် စဉ်းစားတဲ့အချိန်က မုန်တိုင်းတိုက်နေတယ်။ မှတ်မှတ်ရရပဲ အဲဒီလိုလေးမှည့်ဖြစ်သွားတယ်။ နောက်တစ်ခုက ဘာလေးရှိလဲဆိုတော့ ဖြူဖြူ တို့ရဲ့သီချင်းတွေက ခွန်နဲ့အားနဲ့၊ အရှိန်အဟုန်နဲ့ မုန်တိုင်းလိုပဲလာမယ်ဆိုတဲ့သဘောပေါ့နော်။ ဒါဟာ ကျိန်းကျေသွားပါတယ်။ တကယ့်မုန်တိုင်းလည်း မရှိတော့ပါဘူးလို့။ အဲဒီနိမိတ်ကိုလည်းဆောင်ပါတယ်”လို့ ဖြူဖြူကျော် သိန်းက ပြောပါတယ်။

Lancifer တို့နဲ့အတူပူးပေါင်းဖြစ်တာကတော့ ဂီတပုံစံထူးခြားမှု တစ်ခုတင် မကဘဲနဲ့ သူတို့ရဲ့ သီချင်းတိုင်းမှာ ဖရုဿဝါစာရုန့်ရင်းကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေကို သုံးမထားတာ၊ သူတို့ရဲ့ Music Video တွေမှာ လိင်ပိုင်းဆိုင်ရာနှိုးဆော်တာတို့၊ ပေါ်ပင်လိုဟာမျိုးတွေ မသုံးထား တာတွေကို သဘောကျလို့ ဖြစ်ကြောင်းဖြူဖြူကျော်သိန်းက ပြော ပါတယ်။ ‘Storm’ ထဲမှာပါတဲ့ စာသားအကြောင်းအရာတွေက ”Positive ဖြစ်တာတွေပေါ့နော်။ နိမိတ်ကောင်းတာတွေလို့ အလွယ်ပြောရမှာပေါ့။ အသည်းကွဲတယ်ဆိုရင်တောင်မှ ဒါမျိုးတွေ မရှိတော့ဘူး။ ဘဝအသစ်စမယ်ဆိုတဲ့အရသာမျိုးကို သွားတယ် လေ။ ပြီးတော့ ဒီဂီတအမျိုးအစားရဲ့အားသာချက်ကိုက ကြားလိုက် လို့ရှိရင်ခုန်ချင်တယ်။ ပေါက်ချင်တယ်။ မြူးကြွပြီးတော့ စိတ်ချမ်း သာတယ်။ အပျော်တွေကိုပဲတွေးမိတယ်။ ငါတို့လန်းမယ်။ လွတ် မြောက်မယ်ပေါ့။ အဲဒီအရသာကိုပေးတယ်ဆိုတော့ စာသားလေးတွေ ကိုလည်း ဖြူဖြူတို့က Positive ဖြစ်တာလေးတွေကိုပဲရွေးချယ်ထား တယ်”လို့ ဖြူဖြူကျော်သိန်းက ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available


Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071