ချစ်သူက အေးချမ်းတဲ့ ယောက်ျား တစ်ယောက်ပါ သရုပ်ဆောင်ပိုးအိအိခန့်

0
199

ချစ်စရာအမူအရာလေးနဲ့ ပရိသတ်အားပေးမှုရရှိလာတဲ့ သရုပ်ဆောင် ပိုးအိအိခန့်ကတော့ လက်ရှိမှာ ရုပ်ရှင်ဇာတ် ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီဖြစ်ပါတယ်။ အနုပညာပိုင်းမှာ အောင်မြင်မှုတွေ ကြိုးစားရယူနေတဲ့ ပိုးအိအိခန့်က အချစ်ရေးမှာလည်း နားလည်မှုအပြည့်အဝရှိတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ ချစ်သူကတော့ ပရိသတ်တွေ သိပြီး သားဖြစ်တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမား အောင်သူပဲဖြစ်ပါတယ်။ ချစ်သူက အေးချမ်းတဲ့ ယောက်ျား တစ်ယောက်ပါလို့ဆိုလာတဲ့ ပိုးအိအိခန့်က …

”ညီမတို့နှစ်ယောက်က သဝန်တိုရလောက်အောင် သူလည်း မနေသလို ကိုယ်လည်းမနေတော့ တအားကြီး သတိ လိုက်ပေးနေရတာမျိုးတော့မရှိပါဘူး။ ကိုယ်လည်း သူ့ကို ယုံကြည်သလိုသူလည်း ကိုယ့်ကို ယုံကြည်တယ်ဆိုတော့ နှစ် ယောက်ကြားမှာ စိတ်မချရတာကို မရှိပါဘူး။ အလုပ်နဲ့ပတ်သက်ပြီး နားလည်မှုရှိပါတယ်။ သူက အနေအေးတယ်။ အေးချမ်းတဲ့ ယောက်ျားတစ်ယောက်ပါ။ ဘာပဲလုပ်လုပ် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မူရှိနေရင် အဆင် ပြေပါတယ်။ ဝေးနေတယ်ဆိုတာက ဝေးချင်လို့ဝေးနေတာ မဟုတ်ဘူးလေ။ သူလည်း သူ့နယ်ပယ်တစ်ခုမှာ ကြိုးစားနေ တယ်။ ညီမလည်း ညီမနယ်ပယ်မှာ ကြိုးစားနေတယ်ဆိုတော့ မဝေးသင့်ဘဲ ဝေးနေရတာပေါ့။ ဝေးနေတော့ ဖုန်းပြော တယ်။ Video Call တွေလည်း ပြောဖြစ်ပါတယ်။ ညီမတို့နှစ်ယောက်က ကြီးကြီးမားမား ရန်ဖြစ်တာတော့ မရှိပါဘူး။ တစ်ခါတလေ စိတ်ကောက်တာ လောက်တော့ရှိပါတယ်။ ကိုယ်ပဲ စိတ်ကောက်တာပေါ့။ ချော့ရင်လည်း သူပဲ ချော့ရတာ လေ။ လက်တွဲဖို့ကတော့ အဝေးကြီးလိုပါသေးတယ်။ သူလည်း ကြိုးစားနေတုန်း၊ ညီမလည်း ကြိုးစားနေတုန်းပေါ့နော်” လို့ ပြောပြပါတယ်။

ပိုးအိအိခန့်ကတော့ လတ်တလောမှာ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင် ရိုက်ကူးတဲ့ ‘တုနှိုင်းမရတဲ့ မေတ္တာ’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် နေတာဖြစ်ပါတယ်။ သူ့ရဲ့ ပထမ ဆုံးရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက် ပြီး ပိုးအိအိခန့် ပြောပြတာကတော့ …

”ဒီဇာတ်လမ်းတွဲထဲမှာ ညီမက သူနာပြုဆရာမတစ်ယောက်အဖြစ် ပါဝင် သရုပ်ဆောင်တာဖြစ်ပါတယ်။ ဇာတ်လမ်းက မောင်နှမ ငါးယောက်ရဲ့ မေတ္တာတရားကို ဖော်ညွှန်းတဲ့ မိသားစု ဇာတ်ကားလေးပါ့။ အခုဆိုရင် ဇာတ်လမ်းတွဲတွေ ပိုရိုက်ကူးလာကြတော့ သရုပ်ဆောင်တွေအတွက် လုပ်စရာအလုပ်တစ်ခု ပိုလာတာ ကောင်းပါတယ်”လို့ ပိုးအိအိခန့်က ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here