Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeCelebrities' Newsဝါကျွတ်မှာ မင်္ဂလာပွဲ ကျင်းပကြမယ့်...

ဝါကျွတ်မှာ မင်္ဂလာပွဲ ကျင်းပကြမယ့် ချစ်သူစုံတွဲတွေအတွက်ဂုဏ်ယူဝမ်းမြောက်ပါတယ်ပိုးကြာဖြူခင်

ဝါကျွတ်ပြီဆိုတာနဲ့ ချစ်သူစုံတွဲတွေအနေနဲ့ကတော့ ရင်ခုန်ကြည်နူး စရာကောင်းတဲ့ မင်္ဂလာပွဲကျင်းပဖို့ အတွက် ပြင်ဆင် နေကြတော့မှာပါပဲ။ဒါကြောင့် အနုပညာလောကမှာ လည်း ဘယ်သူတွေကတော့ ဒီနှစ်ဝါ ကျွတ်မှာ မင်္ဂလာပွဲကျင်းပကြလေမလဲ ဆိုပြီး ပရိသတ်တွေကလည်း ရင်ခုန်စောင့်မျှော်ကြလေ့ရှိပါတယ်။

ဆိုင်းမိုင်ရယ်လို့ ပရိသတ်တွေရဲ့ အားပေးမှုကိုရရှိထားတဲ့ သရုပ်ဆောင်ပိုးကြာဖြူခင်ကတော့ မင်္ဂလာပွဲကျင်းပဖို့ကတော့ လိုပါသေးတယ် လို့ ပြောလာပါတယ်။ သူဟာ အသိမိတ်ဆွေတွေရဲ့ မင်္ဂလာပွဲတွေမှာတော့ သတို့သမီးအရံအဖြစ်လုပ်ပေးခဲ့တာ အကြိမ်ကြိမ်ရှိပြီလို့လည်းသိရပါတယ်။

”သတို့သမီးအရံ ၃ ခါလုပ်ရင် အပျိုကြီးဖြစ်တယ်တဲ့။ ညီမကတော့ ဘယ်နှခါမှန်းတောင် မသိတော့ပါဘူး။ ၁ဝ ခါလောက်တောင်ရှိ လောက်ပြီ။ ကိုယ်ကိုယ်တိုင်ကတော့ စွံဖို့က တော်တော်လေး ကိုလိုပါသေးတယ်လို့။ သူများ မင်္ဂလာဆောင် တွေမှာ ပန်းကြဲတာပဲဖြစ်ဖြစ် ညီမအနေနဲ့ အမြဲတမ်းကူညီပေးချင်ပါတယ်။ မင်္ဂလာပွဲဆိုတာ ချစ်သူနှစ်ယောက် ဘဝခရီး ကိုလျှောက်ဖို့အတွက် တကယ့်ကို မင်္ဂလာယူရတဲ့အချိန်ပေါ့ နော်။ ဒီလိုမင်္ဂလာယူရတဲ့အချိန်မှာညီမအနေနဲ့ သတို့သမီးအရံပဲဖြစ်ဖြစ် ပန်းကြဲပဲဖြစ်ဖြစ် ပါဝင်ခွင့်ရခဲ့တဲ့ အပေါ် ညီမအနေနဲ့ တကယ်ကို ဝမ်းမြောက်မိပါတယ်”လို့ ပိုးကြာဖြူခင် ကပြောပြပါတယ်။ မင်္ဂလာပွဲတစ်ပွဲမှာသူပါဝင်ကူညီခွင့်ရပြီဆိုရင် ရင်တွေ တအားခုန်လေ့ရှိပြီး သူသာ တကယ် မင်္ဂလာဆောင်ရရင် ဘယ်လိုရင်ခုန်ရ မလဲဆိုတာ ကြိုတွေးပြီးလည်း ရင်ခုန် လေ့ရှိပါတယ်လို့ သူက ပြောပြပါတယ်။

”ဒီဝါကျွတ်မှာ မင်္ဂလာပွဲကျင်းပ ကြမယ့် ချစ်သူစုံတွဲတွေအတွက် တအားကို ဂုဏ်ယူပါတယ်။ ဝမ်းလည်း ဝမ်းမြောက်ပါတယ်။ အားလုံးပဲနှစ် ပေါင်းများစွာ သေတစ်ပန်သက်ဆုံး တကယ်ကို ချစ်ကြခင်ကြပြီးတော့ တည်မြဲတဲ့အိမ်ထောင်ရေးတွေဖြစ်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါ တယ်” လို့ ဝါကျွတ်မှာ မင်္ဂလာဆောင် ကြမယ့် စုံတွဲတွေအတွက် ပိုးကြာဖြူ ခင်က မင်္ဂလာဆုတောင်း စကားပြော ခဲ့ပါတယ်။ ပိုးကြာဖြူခင်က အခုလတ် တလောမှာတော့ ဇာတ်လမ်းတွဲ အသစ်ရိုက်ကူးလျက်ရှိနေပါတယ်။

ဒါ့အပြင်သူဟာ သူချစ်တဲ့ပရိသတ်တွေ အတွက်ကိုလည်း အနုပညာနဲ့ ပတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားရိုက်ကူးသွားမယ်လို့ ပြောခဲ့သလို ပရိသတ်တွေအနေနဲ့ လည်း သူ့ရဲ့ ကြိုးစားမှုတွေအပေါ် အားပေးကြဦးလို့လည်း စကားဆိုခဲ့ပါတယ်။ ပရိသတ်တွေက သူ့ကို ပိုးကြာဖြူခင် နာမည်ထက် ဆိုင်းမိုင်လို့ ခေါ်ပေးကြတဲ့အတွက်လည်း သူ့အနေနဲ့ သူ့ ကြိုးစားခဲ့တဲ့ ဇာတ်ရုပ်တစ်ခုအပေါ် အသိအမှတ်ပြုခံရတယ်ဆိုတဲ့ ပီတိမျိုးခံစားရပါတယ်လို့ ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

ဓာတ်ပုံ-အောင်ဇော်မင်း

Ads Space Available


Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071