Friday, August 14, 2026

တောင်ပြုံးပွဲတော်ကာလ သူရဲဈေး–တောင်ပြုံး အထူးရထား နေ့စဉ်...

မန္တလေး၊ ဩဂုတ် - ၁၄ တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာရောက်သူများ သွားလာရေးအဆင်ပြေစေရန် မန္တလေးမြို့ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ အထူးရထားခရီးစဉ်များကို ဩဂုတ်...

မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကို ဩဂုတ်...

မန္တလေး၊ ဩဂုတ် - ၁၄ မြန်မာ့ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့် ဧည့်ခင်းဧည့်ခံမှု ပညာရပ်များနှင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပဧည့်သည်များထံ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန်...

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ရွှေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့်...

နေပြည်တော်၊ ဩဂုတ် - ၁၄ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နယ်မြေများတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း...

မြန်မာနေရှင်နယ်လိဂ်တွင် VAR စနစ် အသုံးပြုနိုင်ရေး...

ရန်ကုန်၊ ဩဂုတ် - ၁၄ ၂၀၂၆-၂၇ ရာသီ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် Video Assistant Referee (VAR) စနစ် အကောင်အထည်ဖော်အသုံးပြုနိုင်ရေးအတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်...
HomeMyanmar Theatrical Traditionဦးမန်းဝင်းရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ဟေမာမန်းဝင်း

ဦးမန်းဝင်းရဲ့ သမီးဖြစ်ရတာ ဂုဏ်ယူတယ်ဆိုတဲ့ဟေမာမန်းဝင်း

 

လူရွှင်တော်ကြီးဦးမန်းဝင်းရဲ့ သမီး ဟေမာမန်းဝင်းက အနုပညာလောကမှာ ဟာသ သရုပ်ဆောင်အဖြစ် ပရိသတ်တွေ အားပေးမှုရရှိထားတဲ့သူ တစ်ယောက်ပါ။ သူဟာ ဖခင် ဖြစ်သူရဲ့ အနုပညာအမွေကို ဆက်လက်ဆက်ခံသူလည်းဖြစ်ပြီး လူရွှင်တော်တစ်ယောက်ရဲ့ သမီးဖြစ်ရတာကို ပျော်မိတယ်လို့ သူကပြောပါတယ်။
”အဖေဦးမန်းဝင်းရဲ့ သမီးဖြစ်ရတာကိုပျော်တယ်။ ဂုဏ်လည်းယူပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဖေကလူတွေကို အမြဲတမ်းပျော်အောင်လုပ်ပေးတယ်။ ရယ်သောသူ အသက်ရှည်၏ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ပေါ့လေ။ အဖေကလူတွေကို ဘယ်တော့ ဖြစ်ဖြစ် ရယ်အောင်ပဲလုပ်တတ်တယ်။ ငိုအောင်ဘယ်တော့မှ မလုပ်ဘူး။ အဲဒါ ကြောင့် သူ့ရဲ့သမီးဖြစ်ရတာကို ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတာပါ” လို့ ဟေမာ မန်းဝင်းက ဖခင်ဖြစ်သူနဲ့ပတ်သက်လို့ သူဂုဏ်ယူရတဲ့အကြောင်းကို ပြောပြပါတယ်။ ဖခင်ဖြစ်သူ ဦးမန်းဝင်းက လူတွေကို ပျော်အောင်လုပ် ပေးသလို သမီးဖြစ်သူ ဟေမာမန်းဝင်းကလည်း လူတွေကိုပျော်အောင် လုပ်ပေးတဲ့သူတစ်ယောက်ပါပဲ။ သူကဟာသပညာရပ်နဲ့ လူတွေရဲ့ ဘဝအမောတွေကို ဖြေဖျောက်ပေးနေပြီး လူတွေကို ပျော်အောင်ပဲ လုပ်ပေးချင်တယ်လို့ ပြောပါတယ်။

”ဝမ်းနည်းစရာကောင်းတာက အဖေက အနုပညာအလုပ်တွေကို ပြန်ပြီးတော့ မလုပ်နိုင် တော့ဘူး။ အဖေ အနုပညာအလုပ်မလုပ် နိုင်တာ၇နှစ်ကျော်လောက်တော့ ရှိသွားပြီ။ ဒါပေမဲ့ အခုအချိန်အထိကို ပရိသတ်တွေက အဖေ့ကို ချစ်နေကြတုန်းပဲ။ အဖေ့ကိုအားပေးသလို ညီမကိုလည်းချစ်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ဟေမာမန်းဝင်းက ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ဟေမာမန်းဝင်းက ဟာသပြဇာတ်တွေမှာလည်း ပါဝင် တင်ဆက်နေသလို ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင်အဖြစ် ရိုက်ကူး ထားတာတွေ အများကြီးရှိပါတယ်။ ဒါ့အပြင် သူဟာ ပရဟိတနဲ့ ပတ်သက်ပြီးလည်း အမြဲ တမ်း လုပ်ဆောင်လေ့ရှိသလို လူရွှင်တော်သက်ကြီး ရန်ပုံငွေအတွက် ပြုလုပ်တဲ့ လူရွှင်တော် ဘောလုံးပွဲမှာလည်း ဘေဘီစတားFC အသင်းမှာ ပါဝင်ပြီး ကစားပေးခဲ့ပါတယ်။ သူ့အနေနဲ့ နောက်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေပျောက်စေဖို့ သူတတ်ကျွမ်းတဲ့ ဟာသပညာရပ်နဲ့ ကြိုးစားတင်ဆက်သွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

တောင်ပြုံးပွဲတော်ကာလ သူရဲဈေး–တောင်ပြုံး အထူးရထား နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲမည်

မန္တလေး၊ ဩဂုတ် - ၁၄ တောင်ပြုံးပွဲတော်သို့ သွားရောက်မည့် ဘုရားဖူးပြည်သူများနှင့် ပွဲတော်လာရောက်သူများ သွားလာရေးအဆင်ပြေစေရန် မန္တလေးမြို့ သူရဲဈေးဘူတာမှ တောင်ပြုံးဘူတာအထိ အထူးရထားခရီးစဉ်များကို ဩဂုတ် ၁၉ ရက်မှ စက်တင်ဘာ ၁ ရက်အထိ နေ့စဉ် အသွားအပြန် ၂ ခေါက် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ထားသည်။ အဆိုပါ အထူးရထားခရီးစဉ်အတွက် ခရီးသည်တစ်ဦးလျှင် လက်မှတ်ခ ကျပ် ၁,၀၀၀ သတ်မှတ်ထားပြီး သတ်မှတ်ကာလအတွင်း နေ့စဉ် ပြေးဆွဲပေးသွားမည်ဖြစ်သည်။ နံနက်ပိုင်းခရီးစဉ်တွင် သူရဲဈေးဘူတာမှ နံနက် ၇ နာရီ၌ ထွက်ခွာကာ...

မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကို ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်

မန္တလေး၊ ဩဂုတ် - ၁၄ မြန်မာ့ရိုးရာအစားအစာများကို ထိန်းသိမ်းမြှင့်တင်ရန်နှင့် နိုင်ငံတကာအဆင့် ဧည့်ခင်းဧည့်ခံမှု ပညာရပ်များနှင့် ပေါင်းစပ်ကာ ပြည်တွင်း၊ ပြည်ပဧည့်သည်များထံ ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်နိုင်ရန် ရည်ရွယ်၍ “မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ 2026 (မန္တလေး)” ကို ဩဂုတ် ၂၂ ရက်မှ ၂၃ ရက်အထိ နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲနှင့် ပြပွဲကို မန္တလေးမြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံ...

မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်ရွှေ့လျားမည့်အခြေအနေမရှိ၍ အဝါရောင်အဆင့် သတ်မှတ်ထား

နေပြည်တော်၊ ဩဂုတ် - ၁၄ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ဆက်စပ်နယ်မြေများတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွှေ့လျားမည့်အခြေအနေ မရှိသဖြင့် အဝါရောင်အဆင့်အဖြစ် သတ်မှတ်ထားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ မိုးဇလ၏ ယနေ့ မွန်းလွဲ ၁ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းဒေသများနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွှေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ မုန်တိုင်းငယ်သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071