Tuesday, May 5, 2026

7 EAO Alliance က...

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက်...

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI)...

အိန္ဒိယနှင့်ရုရှားတို့တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာနှင့်သင်္ဘောများ အပြန်အလှန် ဖြန့်ကျက်ချထားရန်သဘောတူညီခဲ့

မေ ၅ ရက် ယူအင်န်အင်န် သတင်းဌာန၏ ဖော်ပြချက်အရ ၂၀၂၆ ခုနှစ် မေလ ၅ ရက်တွင် ရုရှားနှင့် အိန္ဒိယတို့သည် တစ်နိုင်ငံ၏...
HomeCelebrities' Newsညီမဖြစ်သူနဲ့ သီချင်းတွေ အတူဆိုဖို့...

ညီမဖြစ်သူနဲ့ သီချင်းတွေ အတူဆိုဖို့ စီစဉ်ထားတဲ့ဘီလီလမင်းအေး

အဆိုတော် ဘီလီလမင်းအေးကတော့ သူ့ရဲ့ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ‘အရှုံးမပေးတဲ့ ဝိညာဉ်’ တေးစီးရီးထွက်ရှိခဲ့ပြီးလက်ရှိမှာလည်း ပရိသတ်အတွက် သီချင်းအသစ်တွေလည်း စီစဉ်နေပြီဖြစ်ပါ တယ်။ ‘အရှုံးမပေးတဲ့ဝိညာဉ်’ တေးစီးရီးထဲက သီချင်းတွေကို MTV ရိုက်ကူးဖို့လည်း ရှိတယ်ဆိုတဲ့ ဘီလီလမင်း အေးက …

”အခု သီချင်းခွေအသစ်တွေ လည်း လုပ်နေပါတယ်။ ဒီသီချင်းခွေ ကကျတော့ သီချင်းဟောင်းတွေပြန်ပါ တယ်။ အသစ်တွေလည်းပါတယ်။ အသစ်ကကျတော့ လေးပုံတစ်ပုံ လောက်ပဲ ပါတယ်။ အရင်တုန်းက တအားအောင်မြင်ခဲ့တဲ့ သီချင်းဟောင်းတချို့လည်းပါတယ်။ အဲဒါကြောင့် ဒီသီချင်းတွေကို ပြန်ဆိုရ တဲ့အခါမှာ ဖူးအတွက် တာဝန် ကြီးသလို ဒီခေတ်ဒီအခါနဲ့ လူငယ်တွေ ကြိုက်အောင် ပြန်ဆိုရတဲ့အတွက် ခက်ခဲပါတယ်”လို့ ပြောပြခဲ့ပါတယ်။

လက်ရှိမှာအဆိုတော်တွေအနေ နဲ့ သီချင်းခွေထွက်တာထက် Single Song တွေ လုပ်ကြတာ များတယ်။ Single Song တွေ လုပ်သွားဖို့ ရှိ လားလို့ မေးကြည့်တဲ့အခါမှာတော့ ဘီလီလမင်းအေးက …

”ဖူးလည်း နောက်ပိုင်းမှာ Single Song တစ်ပုဒ်ချင်းစီ ပြုလုပ်သွားဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အခုနောက်ပိုင်းက သီချင်းခွေ ထွက်တာထက် Online မှာ နားထောင်တာများလာကြတယ်။ ပရိ သတ်အတွက် ဥူငညနမှာလည်း သီချင်းတွေတင်ဖို့ရှိပါတယ်” လို့ ပြောပြခဲ့ပါတယ်။

သူကတော့ လူငယ်ပရိသတ်အခိုင်အမာနဲ့ အနုပညာလမ်းကြောင်းမှာရပ်တည်နေသူပါ။ အောင်မြင်မှု ဆိုတာကိုကော ဘယ်လိုခံယူထားလဲလို့ မေးမြန်းခဲ့ရာ …

”ကိုယ်ရောက်နေတဲ့ အနေအထားမှာတော့ ဖူးသည် အခုမှ အလံတိုင်တစ်ခုစိုက်ထူထားတာပဲ ရှိသေး တာပေါ့နော်။ သီချင်းတွေပေါက်ဖို့လည်းဖူးလုပ်ရဦးမယ်။ ဖူးပရိသတ် အတွက် နေ့တိုင်း ကြိုးစားနေပါတယ်။ အောင်မြင်မှုကို ရဖို့ကတော့လူတိုင်းကြိုးစားနေကြတာပေါ့နော်။ အောင်မြင်မှုကို ရဖို့ဆိုတာလည်း တအားကို ခက်ခဲပါတယ်။ ဖူးဆိုတာလည်း ဒီနေရာမှာ ရပ်တည်နိုင်တာတစ်ခုပဲရှိသေးတာပေါ့နော်။ အောင်မြင်မှု နောက်ကို လိုက်ဖို့၊ အောင်မြင်ဖို့ အတွက် ကြိုးစားနေရဆဲပါပဲ”လို့ လည်း ပြောပြခဲ့ပါတယ်။

ဘီလီဆုသံသာဆိုတဲ့ ချစ်စရာ ညီမလေးတစ်ယောက်ကိုလည်း ပိုင် ဆိုင်ထားတဲ့သူ့ကို ညီမလေးနဲ့အတူ သီချင်းတွေလုပ်ဖြစ်မလားလို့လည်း ဆက်လက်မေးမြန်းဖြစ်ခဲ့ပါတယ်။

”ညီမလေးကလည်း သီချင်းဆို ရတာကြိုက်တယ်။ နောက်ပိုင်းလည်း သူနဲ့အတူ သီချင်းလေးတွေ လုပ်ဖို့ စီ စဉ်ထားတာလည်းရှိပါတယ်။ ဘယ် အချိန်ထွက်လာမယ်ဆိုတာတော့ ပြောလို့မရသေးပါဘူး။ သူကတော့ ဂီတနဲ့ပတ်သက်ရင်အဆိုထက်အတီးကို ပိုဝါသနာပါတယ်။ ပီယာနို တီးတာ ပိုပြီးအားသာတယ်။ ပြီးတော့ သူက တအားလည်း အေးတယ်။ လူလည်း တအားကြောက်တတ်တယ်။ ဒါပေမဲ့ အနုပညာသွေးကတော့ ပါ တယ်”လို့လည်း ဘီလီလမင်းအေးက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

7 EAO Alliance က မြန်မာ့ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရန် ထိတွေ့ဆက်ဆံမှုမူဘောင် (၄) ချက်ကို အတည်ပြုနိုင်ခဲ့

​တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းများ မဟာ မိတ် (7 EAO Alliance)၏ (၈/ ၂၀၂၆) ကြိမ်မြောက် ဦးဆောင်အဖွဲ့ အစည်းအဝေးကို ယနေ့ မေလ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များနှင့် အရေးပါသော မူဝါဒများကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် မြန်မာ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ခေတ်စနစ်နှင့်အညီ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊အဖွဲ့အစည်း၏ အနာ ဂတ်ရပ်တည်ချက်နှင့်မဟာဗျူဟာမြောက် လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရာတွင် အသုံးပြုမည့် (Rules of Engagement)စည်းမျဉ်းများ၊အတွင်း ရေးမှူးအဖွဲ့က...

မြန်မာနိုင်ငံတစ်ဝှမ်းရှိ သားဖွားဆရာမများ၏ သတ္တိနှင့် စွမ်းဆောင်ရည်ကို ကုလသမဂ္ဂ ဂုဏ်ပြု​​ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသားဖွားဆရာမများ‌နေ့ (Interna tional Day of the Midwife)တွင် မြန်မာ နိုင်ငံတစ်ဝှမ်းရှိ စိန်ခေါ်မှုများကြားမှ တာ ဝန်ထမ်းဆောင်နေကြသော သားဖွားဆရာမများ၏ ချီးကျူးဂုဏ်ပြုထိုက်သည့် သတ္တိနှင့် စွမ်းဆောင်ရည်များကို ကုလသမဂ္ဂ...

​မကွေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဒေသအသီးသီးရှိ သား ဖွားဆရာမများသည် နေရပ်စွန့်ခွာတိမ်း ရှောင်ရမှုများ၊ ပဋိပက္ခများနှင့် ယခင်နှစ်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များအကြားတွင်အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု ဖော်ပြထားသည်။ ၎င်းတို့သည် မည်သည့်မိခင်တစ်ဦးတစ်ယောက်မျှ မီးဖွားစဉ်ခံစားရသည့် ဝေဒ နာကို တစ်ကိုယ်တည်း မရင်ဆိုင်ရစေရန်နှင့် ဘေးကင်းလုံခြုံစွာမီးဖွားနိုင်ရန် အ စွမ်းကုန် ကြိုးပမ်းဆောင်ရွက်ပေးနေကြသူများဖြစ်သည်ဟု ဆိုထားသည်။ ​ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကိုယ်ဝန် ဆောင်မိခင်ပေါင်း ၄၀၀,၀၀၀ ကျော် မှာ အသက်ကယ်ဆယ်ရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်လျက်ရှိပြီး ထိုသို့သောအခြေအနေတွင် သားဖွားဆရာမများသည် ကျန်းမာရေးဝန်ထမ်းများ အ ဖြစ်သာမက အားကိုးရာမဲ့နေသူများ...

MAPCO မှ တည်ဆောက်ရေးနှင့် စီမံကိန်းလုပ်ငန်းများအတွက် EOI ဖိတ်ခေါ်

မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမိတက် (MAPCO) သည် အမျိုးမျိုးသော စီမံကိန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စိတ်ပါဝင်စားသည့် ကုမ္ပဏီများအား Expression of Interest (EOI) တင်ပြရန် ဖိတ်ခေါ်ထားသည်။ ဖိတ်ခေါ်ထားသည့် စီမံကိန်းများမှာ ရန်ကုန်တိုင်းဒေသကြီး သီလဝါစီမံကိန်းအတွင်းရှိ ဆိပ်ကမ်းနှင့် သိုလှောင်ရုံ အဆောက်အဦများ၏ Civil Works နှင့် Steel Structure တည်ဆောက်ရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် Solar တပ်ဆင်ခြင်းလုပ်ငန်းများ ပါဝင်သည်။ ထို့အပြင် နေပြည်တော်ရှိ ဆန်စက်နှင့် ဆီစက်စီမံကိန်းအတွက် အဆောက်အဦ တည်ဆောက်ရေးနှင့် လျှပ်စစ်/ Solar တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071