Monday, April 27, 2026

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ...

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ်...

နန်းတော်ရာ၊ ပုတ်တလုတ်ကန်နေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး သုတေသနပြုတူးဖော်ရာမှတွေ့ရှိထားသော...

တောင်ငူမြို့ မြို့လေးခံတပ်နှင့် ယိုးဒယားပေါက် ဖော်ထုတ်ထိန်းသိမ်းထားရှိမှု၊ ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုးရှိ ရန်အောင်မြင်တံခါးမှ အနောက်မြောက်ထောင့်နေရာ၊ တောင်ငူခေတ် မြို့ပြယဉ်ကျေးမှုအမွေအနှစ်များဖြစ်သော မြို့ရိုး၊ တံခါး ပြအိုး၊...
HomeInterviewsလူငယ်နဲ့ Facebook

လူငယ်နဲ့ Facebook

Social Media မှာလူသုံး အများဆုံးဖြစ်နေတဲ့ Facebook ကို ပြည်တွင်းက လူငယ်တွေဘယ် လိုသုံးနေကြလဲဆိုတာအပြင် လူငယ်တစ်ယောက်ရဲ့ ဘဝမှာ Facebook က ဘယ်လောက်အထိလွှမ်းမိုးနိုင်လဲ၊ တကယ်လို့ Facebook များမရှိတော့ရင် ဘယ်လို Social Media တွေကို လူငယ်တွေ အသုံးပြုကြမလဲဆိုတဲ့ မေးခွန်းတွေကို ဒေသအသီးသီးက လူငယ်အချို့ကို မေးမြန်းပြီး စုစည်းဖော်ပြလိုက်ရပါတယ်။

မနန်​ဟီးခူရ်​ဘူ(ကချင်)

Facebook ကို ၂ဝ၁၇ခုနှစ်က စသုံးဖြစ်တာရှင့်​။ အကျိုးရှိ​စေ​တာက တော့ အပြင်မှာမသိတဲ့အရာ​တွေကို င်္Facebook ကတစ်ဆင့်​သိခွင့်​ရှိ​လို့ ညီမအတွက်​ အများကြီးအကျိုးရှိ​စေ​ပါတယ်။ တချို့လူ​တွေအတွက်​​ဆိုး ကျိုးဖြစ်​​ပေမယ့်တချို့လူတွေအတွက်​​တော့ ပညာ​တွေအများကြီးရ​စေမယ့် အရာတစ်ခု​လို့မြင်ပါတယ်။ င်္Facebook ကို စည်းကမ်းရှိရှိသုံးတတ်ဖို့ လိုမယ်ထင်ပါတယ်။ စည်းကမ်း တ ကျမသုံးရင်တော့ ဆိုးကျိုးတွေပဲရ မယ်ထင်ပါတယ်။တကယ်လို့ ဒီ Facebook ကြီးမရှိတော့ရင်တော့ တခြား Application တွေ ပြောင်းသုံး မယ့်အစီအစဉ်တော့မရှိပါဘူး။

မနော်ဖောမူး(ကရင်)

သမီးနာမည်ကတော့ နော်ဖေါ မူး ဖြစ်ပါတယ်ရှင့်။ Facebook ကို ၂ဝ၁၅ ခုနှစ်လောက်က စသုံးဖြစ် တယ်ရှင့်။ Facebook ကို ညီမ တို့လို လူငယ်တွေသာမက လူတွေ အားလုံးအနေနဲ့ အကျိုးရှိအောင် အသုံးပြုစေချင်ပါတယ်ရှင့်။Facebook ကိုသုံးတဲ့အခါ အကျိုးမရှိဆဲ ဆိုနေမယ့်အစား ကောင်းတဲ့ဘက်က နေပဲ အသုံးပြုကြစေချင်ပါတယ်။ညီမအထင်တော့ လူငယ်တွေ Facebook သုံးတာကတော့ တချို့ကောင်း တဲ့ဘက်က သုံးသလို တချို့ကျတော့မ ကောင်းတဲ့ဘက်က သုံးတာရှိနေတာ တွေ့ရပါတယ်။ တကယ်လို့ Facebook မရှိတော့ရင်တခြား Application တစ်ခုခုပြောင်းသုံးဖို့တော့ အစီအစဉ်မရှိပါဘူး။

ကိုဟန်ဇော်(ရန်ကုန်)

Facebook ကို၂ဝ၁၂ ခုနှစ် လောက်ကစပြီး သုံးဖြစ်ပါတယ်ဗျ။Facebook ကတော့ ကျွန်တော့်အ တွက်တော့ တအားအကျိုးရှိပါတယ်။ သင်ကြားမှုသင်ယူမှု လုပ်ငန်းမှာရော တချို့ တိုလီမိုလီသိချင်တာလေးက အစ Facebook က အထောက်အကူ ဖြစ်စေပါတယ်။ Facebook ကို အကျိုးရှိရှိလည်း သုံးသင့်သလို ပျော်ရွှင်စရာအပန်းဖြေစရာတစ်ခု အနေနဲ့လည်း သုံးသင့်တယ်လို့ မြင် ပါတယ်။ Facebook မရှိတော့ရင် ဘေကုန်သက်သာပါတယ်။ တခြား Instagram တို့လိုမျိုး အကျိုးရှိစေ တာ တစ်ခုခုသုံးဖြစ်မှာပါ။

ကိုဖြိုးရာဇာမင်း(ဘားအံ)

ကျွန်​​တော်​ Facebook ကို တက္ကသိုလ်​ဝင်​တန်း​အောင်​ပြီး ​နောက်​ပိုင်း စသုံးဖြစ်​ခဲ့ပါတယ်​။ဖေ့စ်ဘွတ်ခ်​က ကျွန်​​တော့်​အတွက်​ တအားအကျိုးရှိ​စေပါတယ်​။ ဘယ်​​နေရာ​တွေမှာ အကျိုး​ရှိ​စေသလဲဆို ရင်​ Facebook မှတစ်​ဆင့်​ ကျွန်​တော်တို့ သိချင်​တဲ့ ပညာ​ရေး၊ စီးပွား​ရေး၊ ဆက်​သွယ်​ရေး စ​သော ကိစ္စ အဝဝကို ​ဖေ့စ်ဘွတ်ခ်​မှ အလျင်​အမြန်​ ရယူနိုင်​​တဲ့အတွက်​​ကြောင့်​ ပါ။ ကျွန်တော့်အမြင်ကတော့ ဖေ့စ်ဘွတ်ခ်​ကြီး မရှိ​တော့ဘူးဆိုရင်​ ဘာမှလုပ်​​ဆောင်​ဖို့မလွယ်​ကူပါဘူး။ ဒီ​ခေတ်​လူ​တွေ​တော်​​တော်​များများက ​Facebook ကိုသာ ကျွမ်းကျွမ်းကျင် ကျင်​သုံးနိုင်​ကြတာပါ။ အခြား Instagram လိုမျိုး​တွေ ​ပြောင်း သုံးဖို့လည်း မဖြစ်​နိုင်​ပါဘူး။

မကြည်ဖြူမြတ်သော် (မြိတ်)

သမီးက Facebook ကို၂ ဝ၁၅ ခုနှစ်လောက်​မှစပြီးသုံးဖြစ်​တာပါ။ ညီမအတွက်တော့ င်္Facebook က အကျိုးရှိတယ်လို့ ပြောလို့ရပါတယ်။ဘာလို့လဲဆို ရင် ကိုယ်မသိတဲ့ အကြောင်းအရာတွေကို လေ့လာခွင့် ရစေပါတယ်။Facebook မှာ စိတ်ဓာတ်ခွန်အားဖြစ် စေမယ့် အကြောင်းတွေ မျှဝေတာမျိုးဆို အားပေးပါတယ်။ကြမ်းတမ်း ပြီး အကျိုးမရှိတဲ့ စကားလုံးတွေနဲ့ အကောင့်တွေလည်း ရှိနေတော့ ဒါတွေ ကျ အတုယူမမှားစေချင်ပါဘူး။Facebook မရှိတော့ဘူးဆိုရင် တ ခြား Application တွေ ပြောင်းသုံးဖို့တော့အစီအစဉ်မရှိပါဘူး။

မရတနာအောင်(မကွေး)

ကိုယ်က ​Facebook ကို အလုပ်​တစ်​ခုကိုသ​ဘောထားတာ မဟုတ်​ပါဘူး။ အဓိ ကက အခုကိုယ်​လုပ်​​နေတဲ့အလုပ်​ကို အ​ကောင်း ဆုံးလုပ်​နိုင်​ဖို့ပဲ။ ကိုယ်​Facebook သုံးပြီဆိုရင်​လည်း ကိုယ်​တကယ်​လိုအပ်​တာ​တွေ အရင်​ရှာ​ဖွေ စု​ဆောင်း​တော့တာပဲ။Facebook ကသုံးတတ်​ရင်​ တအား အကျိုးရှိပါတယ်​။ အကျိုးရှိစွာ အသုံးချတတ်​ကြပါ​စေလို့။ ခြုံ​ပြောရရင်​​တော့ Facebook ကို လိုအပ်​တဲ့အချိန်​မှပဲသုံးဖို့ပြောချင်​ပါတယ်​။ အချိန်​ကုန်​လူပင်​ပန်း ခံရ တာကို အကျိုးရှိ​စေချင်​ပါတယ်​။ အခု​လော​လောဆယ်​ Facebook သာ မရှိ​တော့ဘူးဆိုရင်​​ လူ​တွေကြား ထဲမှာ ‘ဟာခနဲ’ ‘ဟင်​ခနဲ’ ​တွေဖြစ်​ကုန်​မှာမြင်​​ယောင်​​သေးတယ်​။အခုက​တော့ Facebookကိုမသုံးတတ်​တဲ့လူ မရှိသ​လောက်​ရှားသွားပြီ​လေ။Facebook သာ မရှိ​တော့ဘူးဆိုရင်​တော့ ကိုယ်​လိုအပ်​မယ်​ဆိုရင်​​ပေါ့​လေ Instagram စသဖြင့်​​ပေါ့။ ​ပြောင်းသုံး ရမှာ​ပေါ့။ တချို့ကလည်း သုံးကြပါတယ်။ လူအများအတွက်​ကြည့်​ရင်​​တော့ သူတို့အတွက်​ကျ သုံးဖို့မလွယ်​ကူလှ​တော့ဘူး​လေ။

ကိုဖြိုးထက်ကျော် (မန္တလေး)

Facebook က သုံးတတ်ရင် အကျိုး အများကြီးရှိပါတယ်။ Facebook ကို သုံးတာကတော့ လူတိုင်းသုံးတတ်ပါတယ်။ သုံးတာချင်းမတူပါဘူး။ အကျိုးရှိတာကို သုံးတတ်ဖို့လိုပါ တယ်။Facebook ကြီးမရှိတော့ဘူး ဆိုရင် အခြား Chrome,Google,You Tube တွေမှာလည်း ကိုယ်လို ချင်တဲ့ အကြောင်းအရာတွေကို ရှာ ဖွေလို့ရပါတယ်။ လူငယ်တွေအတွက် Facebook က ကောင်းလားဆိုး လား ဆိုတာကတော့ အသုံးပြုနေတဲ့ လူပေါ်မှာ မူတည်ပါတယ်။ Facebook ကိုသုံးတတ်ရင်တော့ တအားအကျိုးရှိပါတယ်။

 

အောင်ပြည့်စုံ

Ads Space Available


Continue reading

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း ဖြစ်သည်။ ထိုသို့ပြင်ဆင်ဆောင်ရွက်နေမှုများကို လိဂ်ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းသိန်း နှင့်အဖွဲ့က ဧပြီလ (၂၇)ရက် နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ရတနာပုံအသင်းသည် ယခင်က မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၊ ဗထူးအားကစားကွင်းတို့တွင် အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပခဲ့ဖူးသည့် ကလပ်အသင်း တစ်သင်းဖြစ်ပြီး လာမည့် ဘောလုံးရာသီသစ်တွင် အိမ်ကွင်းပြန်လည်ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ် သည်။

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ ရန်ကုန်တွင် ကျင်းပမည်

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင် မကြာမီ ကျင်းပပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ ​ပြိုင်ပွဲ၏ ထူးခြားချက်အနေဖြင့် နိုင်ငံတကာစံနှုန်းမီ အပြည်ပြည်ဆိုင်ရာ စစ်တုရင် (International Chess) သာမက မြန်မာတို့၏ အဖိုးတန်အမွေအနှစ်ဖြစ်သော မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲများကိုပါ တစ်ပါတည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လူငယ်မျိုးဆက်သစ်များ၏ ဉာဏ်ရည်စွမ်းပကားကို ဖော်ထုတ်နိုင်ရန်...

ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင်ကျောင်းတွင် အခမဲ့ပညာရေးအတွက် ကျောင်းအပ်လက်ခံစတင်

မိဘမဲ့နှင့် မိဘမစုံသော ကျောင်းသား၊ ကျောင်းသူများနှင့် နွမ်းပါးသော မိသားစုမှ ကလေးများအား အခမဲ့နေစားငြိမ်းပညာသင်ကြားပေးနေသည့် ပန်းတစ်ပွင့်တောင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ၂၀၂၆ ခုနှစ် မေလ ၁၅ ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကျောင်းသည် ပန်းတစ်ပွင့်တောင် ဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့် ကုသိုလ်ပြုဖွင့်လှစ်ထားသည့် အခမဲ့စာသင်ကျောင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးသာမက နေထိုင်စားသောက်ရေးအတွက်ပါ တာဝန်ယူထောက်ပံ့ပေးလျက်ရှိသည်။ ထို့ပြင် ကျောင်းတွင် သာသနာ့နယ်မြေ စည်းကမ်းများအတိုင်း သက်သတ်လွတ်စားသုံးခြင်း၊ သာသနာတော်အား လေးစားလိုက်နာခြင်း၊ ရိုးသားကြိုးစား၍ ယဉ်ကျေးလိမ္မာစွာနေထိုင်ခြင်းတို့ကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။ ပညာသင်ယူလိုသော ကျောင်းသား၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071