Monday, May 4, 2026

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ

နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးကိုတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi တို့ ယနေ့...

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးရန်ကုန်မြို့သို့ရောက်ရှိလာ

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးသည် မြန်မာနိုင်ငံတော်သို့ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ မေ ၄ ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Satpura(F-48)နှင့်...

မှတ်ပုံတင်၊ သန်းခေါင်စာရင်းများအတွက် စာရွက်စာတမ်းအတုများထုတ်ပေးသူများကိုအမှုဖွင့်တရားစွဲဆိုထား

လဝက မှဝန်ဆောင်မှုပေးနေသည့် သန်းခေါင်စာရင်း၊ နိုင်၊ ဧည့်၊ ပြုကတ်ပြားများကို Online တွင်ကြော်ငြာ၍ စာရွက်စာတမ်းအတုများထုတ်ပေးလျက်ရှိသူများကို အမှုဖွင့်တရားစွဲဆိုထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကအသိပေးခဲ့ကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့်...

YSX တွင် အီလက်ထရောနစ်ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်ရန်...

ရန်ကုန်စတော့အိတ်ချိန်း (YSX)၏ စတော့အရောင်းအဝယ် ဈေးကွက်အတွင်းသို့ ၂၀၂၆ ခုနှစ်အတွင်း အီလက်ထရောနစ်ဆိုင်ရာ ကုမ္ပဏီသစ်တစ်ခု စာရင်းဝင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း YSX မှ သိရသည်။ အဆိုပါ...
HomeActivitiesမိုးရေခံ ဝါဆိုသင်္ကန်း သို့...

မိုးရေခံ ဝါဆိုသင်္ကန်း သို့ ဝါဆိုသင်္ကန်း

ဝါဆိုလတွင် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ရဟန်းသံဃာ များအား သင်္ကန်းများ ကပ်လှူလေ့ရှိ ကြသည်။ ဝါဆိုလဆန်း (၁) ရက်နေ့မှ ဝါဆိုလပြည့်နေ့အထိ သံဃာတော် များ ဝါမဆိုမီ ၁၅ ရက်တွင် ကပ်လှူ လေ့ရှိသည်။ အထူးသဖြင့် ဝါဆိုလ ဆန်း ၁၃ ရက်၊ ၁၄ ရက် (အဖိတ် နေ့)နှင့် လပြည့်နေ့များ၌ လှူဒါန်းသူ များသည် ထိုကဲ့သို့ ဝါဆိုတော့မည့် ရဟန်းသံဃာများအား ဝါဆိုလဆန်း ၌ လှူဒါန်းသော သင်္ကန်းများဖြစ်သော ကြောင့် ‘ဝါဆိုသင်္ကန်း’ဟုခေါ်ကြခြင်း ဖြစ်သည်။

ယခုခေတ် သံဃာတော်များ ဝါ မဝင်မီ လှူဒါန်းကြသည့် ဤဝါဆို သင်္ကန်းသည် ဘုရားရှင်လက်ထက် လှူဒါန်းလေ့ရှိသည့် ဝါဆိုသင်္ကန်း နှင့် ကွဲလွဲမှုရှိနေသည်။ ဝိနည်းကျမ်း ဂန်များ၌ ဝါတွင်းသုံးလပတ်လုံး ဝါ မကျိုးအောင် သီတင်းသုံးပြီးသော ရဟန်းများအား လှူဒါန်းသော သင်္ကန်းကို ‘ဝါဆိုသင်္ကန်း’၊ ‘ဝါကျွတ် သင်္ကန်း’ဟု ဆရာတော်ဘုရားကြီးက ပြန်ဆိုထားကြောင်း သိရသည်။ မြတ် ဘုရားရှင်သည် ဤဝါဆိုသင်္ကန်းကို ဝါကျွတ်မှသာ အလှူခံခွင့်ပြုထား တော်မူသည်။ ဝိနည်းဒေသနာတော် များ၌ ရဟန်းတော်များ မိုးတွင်အခါ ဝတ်ရန် သင်္ကန်းကိုလည်း ခွင့်ပြုထား သည်။ မြန်မာအခေါ် မိုးရေခံသင်္ကန်း ဟုခေါ်သည်။ ဘုရားရှင်ခွင့်ပြုထား သော သင်္ကန်းကိုးထည်တို့တွင် တစ် ထည်အပါအဝင်ဖြစ်သည့် ဤမိုးရေ ခံသင်္ကန်းကို အစွဲပြု၍ ဝါဆိုသင်္ကန်း ဟူ၍ ဖြစ်ပေါ်လာသည်ဟု အချို့ ပညာရှင်တို့က ယူဆကြသည်။

ဤဝါဆိုသင်္ကန်းခေါ် မိုးရေခံ သင်္ကန်းဖြစ်ပေါ်လာခြင်းမှာ မြတ်စွာ ဘုရားထံ သာသနာတော်တွင် အလှူ ဒါနရက်ရောသူ သာသနာ့မိခင်ကြီး သောတာပန်အလှ မိဖုရား၊ ရဟန်း တော်များ၏ ရေတွင်းရေကန်ထွန်း သစ်ထင်ရှားခဲ့သော ကျောင်းဒါယိ ကာမကြီး ဝိသာခါ၏ လျှောက်ထား တောင်းပန်၊ တောင်ဆုခြွေခဲ့သည့် ဆု ၈ ပါးမှ ဝါဆိုသင်္ကန်းဖြစ်ပေါ်လာခဲ့ ခြင်းဖြစ်သည်။

မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေစဉ် ဝိသာခါသည် ဆွမ်းစားပင့်ပါသည်။ ဝိသာခါဆွမ်းစားပင့်ပြီးသည့် ညအ လွန်တွင် မိုးကြီးရွာသွန်းသည်။ မြတ် စွာဘုရားသည် ရဟန်းတို့အား ဇေတ ဝန်ကျောင်းဝန်းကျင်တွင် မိုးရွာသွန်း သကဲ့သို့ လေးကျွန်းအနှံ့ မိုးရွာသွန်း နေသည်။ ဤမိုးကြီးသည် လေးကျွန်း လုံးနှံ့ ရွာသွန်းသည့် နောက်ဆုံးမိုးဖြစ် ကြောင်း၊ မိုးရေချိုးကြဟု မိန့်တော်မူ သည်။

ရဟန်းတော်များသည် သင်္ကန်း အပိုအလှူခံခွင့် မရှိသေးသောကြောင့် မိုးရေခံသင်္ကန်းမပါဘဲ မိုးရေချိုးနေ ကြသည်။ ထိုအချိန်တွင် ဝိသာခါ လွှတ်လိုက်သည့် အိမ်ဖော်မလေး သည် ဆွမ်းစားချိန်ရောက်ကြောင်း လျှောက်ထားရန် ဇေတဝန်ကျောင်း တော်သို့ ရောက်ရှိလာသည်။ ရဟန်း တော်များ အဝတ်မပါဘဲ မိုးရေချိုး နေကြသည်ကိုတွေ့လျှင် ကျောင်း တော်တွင် ရဟန်းတော်များမရှိတော့၊ အာဇီဝတက္ကတွန်းများသာ မိုးရေချိုး နေသည်ဟု တွေးမိကာ နေအိမ်သို့ ပြန်လာခဲ့သည်။ ဝိသာခါအား မြင် တွေ့ခဲ့ရသည်ကို ပြန်ပြောပြသည်။

ဝိသာခါသည် ပညာရှိသူ၊ လိမ္မာ ယဉ်ကျေးသူ၊ အတွေးအခေါ် လျင် မြန်ထက်မြက်သူဖြစ်သည့်အလျောက် ရဟန်းတော်များ မိုးရေခံသင်္ကန်းမပါ ဘဲ မိုးရေချိုးနေကြခြင်းဖြစ်မည်ဟု စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်း စားချိန်ရောက်ကြောင်း ထပ်မံသွား ရောက်ပင့်ခိုင်းပြန်သည်။
ယင်းအချိန်တွင် ရဟန်းတော် များသည် ရေချိုးပြီး၍ သင်္ကန်းကို တင့်တင့်တယ်တယ် သပ္ပာယ်စွာ ဝတ် ရုံထားကြပြီး ကျောင်းတွင်း၌ တိတ် ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြ တော်မူသည်။ ရဟန်းတစ်ပါးမျှ မရှိ ၍ ကျောင်းတော်တိတ်ဆိတ်နေခြင်းဖြစ် မည်ဟု အိမ်ဖော်မလေး အတွေးဝင် ပြီး နေအိမ်သို့ပြန်လာသည်။ ဝိသာခါ သည် အခြေအနေကို စဉ်းစားမိရာ အိမ်ဖော်မကို ထပ်မံစေလွှတ်ပြန်သည်။

ထိုအချိန်တွင် မြတ်စွာဘုရား သခင်သည် ရဟန်းတော်များအား သင်္ကန်းများ ပြင်ဆင်ပြီး စုရုံးခိုင်း သည်။ ဘုရားရှင်၏ တန်ခိုးတော်ဖြင့် ဝိသာခါ၏ နေအိမ်သို့ ကြွရောက်ခဲ့ သည်။ မိုးကြီးစွာရွာသွန်းထားသည် ကြောင့် လမ်းတစ်လျှောက်လုံး ခါး အောက်မြုပ်သည်။ရေလွှမ်းနေသည်။ သို့သော် ဘုရားရှင်နှင့် ရဟန်းတော် များ အားလုံး ခြေမျက်စိကိုပင် ရေစို ထားခြင်းမရှိပေ။ ဝိသာခါသည် အံ့သြ ဝမ်းသာစွာ ကြိုဆိုပင့်ဆောင်သည်။

မြတ်စွာဘုရားအမှူးပြုသော ရဟန်းတော်များအား ဆွမ်းဆက်ကပ် ပြီး ရှင်ဝိသာခါသည် မြတ်စွာဘုရား ထံမှ ဆု ၈ ပါးကို လျှောက်ထား တောင်းခံပေသည်။ ဝိသာခါလျှောက် ထားတောင်းခံသည့် ဆု ၈ ပါးသည် (၁) သံဃာတော်များအား အသက် ထက်ဆုံး မိုးရေခံသင်္ကန်း (ဝါဆို သင်္ကန်း) လှူခွင့်ပြုပါရန်၊ (၂) ကျောင်းသို့ ကြွရောက်လာသည့် ဧည့် သည်အာဂန္တု ရဟန်းတော်တို့အား ဆွမ်းကပ်လှူခွင့်ပြုပါရန်၊ (၃) ခရီး သွား ရဟန်းတော်တို့အား ဆွမ်းလှူ ခွင့်ပြုပါရန်၊ (၄) မမာမကျန်းဖြစ်နေ တော်မူသော ရဟန်းတို့အား ပြုစုလုပ် ကျွေးနေသည့် ရဟန်းတော်များအား ဆွမ်းလှူခွင့်ပြုပါရန်၊ (၅) မမာမကျန်း ဖြစ်နေသော ရဟန်းတော်တို့အား ဆွမ်းလှူခွင့်ပြုပါရန်၊ (၆) မမာမကျန်း ဖြစ်သော ရဟန်းတို့အားဆေးလှူခွင့် ပြုပါရန်၊ (၇) အမြဲဆန်ပြုတ်ယာဂုလှူ ခွင့်ပြုပါရန်၊ (၈) ဘိက္ခုနီသံဃာအား ရေသနုပ်လှူခွင့်ပြုပါရန်တို့ဖြစ် သည်။
ထိုအခါ မြတ်စွာဘုရားသခင် သည် ဝိသာခါအား မည်သို့အကျိုး ကျေးဇူးများကို မြင်၍ ဤဆု (၈)မျိုး ကို တောင်းခံရသည်ကို မေးမြန်း တော်မူသည်။

ဝိသာခါသည် (၁) အဝတ်မ စည်း အချည်းနှီးနေခြင်းသည် စက် ဆုပ်ရွံရှာဖွယ်ရှိ၍ မစင်ကြယ်သဖြင့် ရဟန်းသံဃာတော်များအား မိုးရေခံ သင်္ကန်းလှူဒါန်းလိုပါကြောင်း၊ (၂) ဧည့်သည်အာဂန္တုရဟန်းတော်များ ခရီးမကျွမ်းကျင် ဆွမ်းကိစ္စအခက်အခဲ ကြုံတတ်၍ ဆွမ်းဘုဉ်းပေးပြီးမှ ခရီး လမ်းအဆင်ပြေပါမည်ဖြစ်၍ လှူ ဒါန်းလိုပါကြောင်း၊ (၃) ခရီးသွား ရဟန်းတော်များ ဆွမ်းရှာနေရပါက အဖော်များ ပြတ်ကျန်ကာ ကြွမည့် ကျောင်းသို့ အချိန်မဲ့ရောက်စေခြင်း မရှိစေလို၍ ခရီးသွားသံဃာများကို ဆွမ်းလှူဒါန်းလိုပါကြောင်း၊ (၄) ဖျား နာနေသော ရဟန်းအား လုပ်ကျွေး ပြုစုသော ရဟန်းကိုယ်တိုင် ဆွမ်း ရှာနေရပါက သူနာရဟန်းတော်အား ပြုစုရမည့် ကိစ္စ လစ်ဟင်းနိုင်ပါ၍ သူနာပြုရဟန်းအား ဆွမ်းလှူဒါန်းလို ပါကြောင်း၊ (၅) ဖျားနာနေသော ရဟန်းတော်သည် လျောက်ပတ်သော ဘောဇဉ်ဘုန်းပေးရန် လိုအပ်၍ ဆွမ်းဘောဇဉ် လှူဒါန်းလိုပါကြောင်း၊ (၆) သူနာရဟန်းတော်အတွက် လျောက်ပတ်သော ဆေးဝါးရရှိရန် လိုအပ်ပါ၍ သူနာရဟန်းအား ဆေး ဝါးလှူဒါန်းလိုပါကြောင်း (၇) မြတ် စွာဘုရားသည် အန္ဓကဝိန္ဒမြို့၌ ”ယာ ဂုအကျိုးဆယ်ပါးကို ဟောကြားခွင့်ပြု ခဲ့သဖြင့် ရဟန်းသံဃာများအား ယာဂုလှူလိုပါကြောင်း၊ (၈) အမျိုး သမီးရဟန်းများသည် အစီရဝတီမြစ် ၌ အဝတ်မစည်းရေချိုးသည်ကို ပြည့် တန်ဆာမများက ပြက်ရယ်ပြုလှောင် ပြောင်ခြင်းမှ ကင်းစေရန်အတွက် ဘိက္ခုနီသံဃာအား ရေသနုပ် (ရေ လဲသင်္ကန်း) လှူဒါန်းလိုပါကြောင်း၊ ယင်းသို့ လှူဒါန်းမှုများ အစုစုကို အသက်ထက်ဆုံး လှူဒါန်းခွင့်ပြုပါရန် လျှောက်ထားတောင်းပန်သည်။

မြတ်စွာဘုရားသခင်သည် ဝိ သာခါတောင်းခံသည့် ဆု (၈)မျိုးတို့ မှာ ဝိသာခါသည် ရဟန်းသံဃာ တော်များ ချမ်းသာစေလိုခြင်း၊ သာ သနာအကျိုးရှေးရှုသည့်အပြင် ၄င်း ကိုယ်တိုင် နောင်အချိန်ဝမ်းသာပီတိ သဒ္ဓါပွားလို၍ လျှောက်ထားတောင်း ခံသည်ကို သိရှိတော်မူ၍ ခွင့်ပြုပေး တော်မူခဲ့သည်။

မြတ်စွာဘုရားရှင်သည် ဝိသာ ခါ၏ လျှောက်ထားတောင်းခံသည့် ဆု ၈ မျိုးကို ခွင့်ပြုတော်မူခဲ့ခြင်း ကြောင့် ယခုအခါ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့သည် ကျောင်းဒါယိ ကာမကြီး ဝိသာခါ၏ ဆု ရှစ်မျိုးအ နက်တစ်ခုအပါအဝင်ဖြစ်သည့် မိုးရေ ခံသင်္ကန်း (ဝါဆိုသင်္ကန်း)ကို လှူဒါန်း ခွင့်ရနေကြခြင်းဖြစ်ပေသည်။

မြတ်မင်းလှိုင်

Ads Space Available


Continue reading

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ

နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးကိုတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi တို့ ယနေ့ မေ ၄ ရက်ညနေပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဥ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးနှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များအပြန်အလှန်လည်ပတ်ခြင်းဖြင့် ခိုင်မာချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့မှု၊ နိုင်ငံတပ်မတော်နှစ်ရပ်ကြား အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တပ်မတော်နှစ်ရပ်ကြား ယဉ်ကျေးမှုအဖွဲ့များနှင့်အားကစားအဖွဲ့များ အပြန်အလှန်အလည်အပတ်စေလွှတ်မှု၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာများ၊ သင်တန်းသားများစေလွှတ်ရေး၊ နှစ်နိုင်ငံရေတပ်များကြား စွမ်းဆောင်မှုဆိုင်ရာမြှင့်တင်ရေး...

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးရန်ကုန်မြို့သို့ရောက်ရှိလာ

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးသည် မြန်မာနိုင်ငံတော်သို့ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ မေ ၄ ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Satpura(F-48)နှင့် INS Sunayna(P-57)တို့သည် ရန်ကုန်မြို့ရှိသီလဝါဆိပ် ကမ်း MITT တံတားသို့ဆိုက်ကပ်ခဲ့ရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။ အဆိုပါ စစ်ရေယာဉ်များသည် မေ ၆ ရက်အထိ(၃) ရက်ကြာနေထိုင်၍ ရန်ကုန်မြို့ရှိအထင်ကရနေရာများကို လေ့လာလည်ပတ်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများယှဉ်ပြိုင်ကစားခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်၊ သန်းခေါင်စာရင်းများအတွက် စာရွက်စာတမ်းအတုများထုတ်ပေးသူများကိုအမှုဖွင့်တရားစွဲဆိုထား

လဝက မှဝန်ဆောင်မှုပေးနေသည့် သန်းခေါင်စာရင်း၊ နိုင်၊ ဧည့်၊ ပြုကတ်ပြားများကို Online တွင်ကြော်ငြာ၍ စာရွက်စာတမ်းအတုများထုတ်ပေးလျက်ရှိသူများကို အမှုဖွင့်တရားစွဲဆိုထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကအသိပေးခဲ့ကြောင်း သိရသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မရှိသေးသူများ၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ မှတ်ပုံတင်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းတို့ကို "လမင်း"စီမံချက်ဖြင့်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးရာ၌ မှတ်ပုံတင်၊ သန်းခေါင်စာရင်းလာရောက်ပြုလုပ်သူများအား သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့လာရောက်ချိန်တွင် ရုံးများအဝင်ရှိဧည့် ကြိုကောင်တာ၌ လဝကဝန်ထမ်းများက စိစစ်စာရင်းသွင်းပြီးနောက် အခက်အခဲရှိသူများကိုအတူလိုက်ပါ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071